ကျွန်တော် အခု တင်ပြမဲ့ နည်းပညာ Post လေးကတော့ ကျွန်တော်တို့တစ်ခါတစ်ရံ Windows စတက်တက်ချင်းမှာ Destop မှာ အပေါ်ကပုံလေးအတိုင်း ဘာမှ မမြင်ရဘဲ Destop က Icon လေးတွေ ပျောက်နေတက်ပါတယ်ဗျာ။အဲ့ဒီ အခါ ကိုယ့်ကွန်ပျူတာ ဘာဖြစ်သွားမှန်းမသိ ပျက်သွားပြီလားလို့ စိုးရီမ်တက်ကြပါတယ်ဗျာ။အဲ့ဒီ အခါ ဘာမှ မစိုးရိမ်ပါနဲ့လို့ပြောပါရစေဗျာ။ကျွန်တော် အခုပြောပြမဲ့ နည်းလေးက ဘာ Software မှ မလိုဘဲ အလွယ်တကူဖြေရှင်းနိုင်တဲ့ နည်းလေးပါဗျာ။မိမိ ကွန်ပျူတာ Destop မှာ Plain Screen ကြီးပဲ ပေါ်ပေါ်နေပါတယ်ဗျာ။Tool Bars လဲ ခေါ်လို့ကမရ Start Program တွေရော ဘာမှခေါ်လို့မရတော့ပါဘူး။အဲ့ဒီ အခါ ကျွန်တော်တို့က ဘုမသိ ဗမသိပဲ စက်ကို Restart ချလိုက်ပါတယ်။ပြန်တက်လာတော့လဲ အဲ့လို ဖြစ်နေပါတယ်။အဲ့ဒီ အခါ စက်ကို Restart ခဏခဏ မချပါနဲ့။စက်တစ်ခုခု ဖြစ်ပြီဆိုရင် restart ချခြင်းမှာတကယ်တော့ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။စစ်ကြည့်တော့လဲ Virus ကမရှိဘူးပေါ့။အဲ့ဒီ အခါ Registry ကိုဝင်ပြီးကျွန်တော်တို့က မွေရတော့တာပေါ့ဗျာ။
Windows+R ကို နှိပ်လိုက်ပါ။ပြီးရင် regedit လို့ရိုက်လိုက်ပါ။Registry Box လေးကျလာရင်
HKEY_LOCAL_MACHIN>>Software>>Microsoft>>Window NT>>CurrentVersion>>Winlogon
ထိရောက်အောင် သွားပါ။ရောက်ပြီဆိုရင် ညာဘက်ဘေးက Name ဆိုတဲ့ Tab ရဲ့အောက်မှာ Shell ဆိုတာလေးကို တွေ့အောင်ရှာလိုက်ပါ။ရှာပြီးလို့ တွေ့ရင် Shell ကို ထောက်လိုက်ပါ။ပြီးရင် Right Click နှိပ်ပြီး Modify ဆိုတာလေးကို Click လိုက်ပါ။အဲ့ဒီ Value Data ဆိုတဲ့ နေရာလေးမှာ ကျွန်တော်တို့က
explorer.exe ဆိုတာလေးကို ဖြည့်ရေးလိုက်ပါ။ပြီးရင် မိမိ ကွန်ပျူတာကို Restart ချလိုက်ပါ။Windows ပြန်တက်လာရင် ကြည့်လိုက်ပါ။နဂိုအတိုင်း မိမိ ကွန်ပျူတာ Destop မှာ Icon လေးတွေ နဲ့ အတူပြန်လည်မြင်ရမှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်........!
(
Yekyawphyo)
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment