ကွမ်းစားရာတွင် ထည့်သွင်းစားသုံးကြသော ဆေးများ၏ ဘေးထွက်ဆိုးကျိုးများ

ကွမ်းစားတဲ့ သူငယ်ချင်းတွေ အားလုံးအတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးနဲ့ ကျွန်တော်က မိတ်ဆက်ပေးပါ့ရစေဗျာ။ကွမ်းစားရာတွင် အများဆုံး 92၊ 45 စသည့်ဆေးပြင်းများ ထည့်သွင်းစားသုံးမှု များပြား လာသောကြောင့် ကွမ်းစားခြင်း၏နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှုလည်း ပိုမိုများပြားလာကြောင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ကုဌာနမှ အငြိမ်းစားပါမောက္ခ ဌာနမှူး ဦးကိုကိုမောင်က ပြောပြခဲ့ ပါသည်။
အလားတူ ကွမ်းကို ကွမ်းသီး၊ ထုံး၊ ဆေးရွက်တို့ဖြင့် မိရိုးဖလာ စားသုံးနေကြရာမှ 92၊ 45 စသည့် ဆေးပြင်းများထည့်သွင်း စားသုံးလာမှုကြောင့် ခံတွင်းရောဂါ ဖြစ်ပွားမှုများသည်လည်း ယခင်ကထက် သက်တမ်း ထက်ဝက်ခန့်စော၍ ဖြစ်ပွားလာသည်ကို တွေ့ရှိလာရကြောင်း သိရသည်။
လူထု လူတန်းစားမရွေး ဈေးနှုန်း သင့်တင့်စွာဖြင့် နေရာအနှံ့ ကန့်သတ်ချက်မရှိ အလွယ်တကူ ၀ယ်ယူ စားသုံးနိုင်ခြင်းတို့ကြောင့် ကွမ်းစားသုံး မှုနှုန်းမှာလည်း နိုင်ငံ၌ မြင့်မားလျက် ရှိနေပြီး ဆယ်ကျော်သက် အရွယ်မှ စတင်၍ ကွမ်းစားသည့် အလေ့အကျင့် ရှိလာရာ ကွမ်းစားခြင်းနှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှု အခြေအနေမှာလည်း ယခင်က အသက် ၄၀ ၀န်းကျင် နောက်ပိုင်းမှသာ သွားဖုံးကင်ဆာ ဖြစ်ပွားမှုများ တွေ့ရှိရသော်လည်း ယခုအခါအသက် ၂၅ နှစ်ဝန်းကျင် အရွယ်မှစ၍ ဖြစ်ပွားနေမှုများ ရှိလာကြောင်း သွားဘက်ဆိုင်ရာဆေး တက္ကသိုလ် မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုဌာနမှ အငြိမ်းစား ပါမောက္ခဌာနမှူး ဦးကိုကိုမောင်က ပြောပြခဲ့ပါသည်။
“မြန်မာ့ရိုးရာထုံး၊ ကွမ်းသီး၊ ဗမာဆေးတွေနဲ့ စားနေတာ မဟုတ်ဘဲ ပြုပြင်ထားတဲ့ ဆေးတွေနဲ့ စားသုံးနေတာ ဖြစ်တဲ့အတွက် ကန့်သတ်ချက် တွေမရှိဘဲ လွယ်လွယ်ဝယ်လို့ရနေသမျှ ကာလပတ်လုံး ကွမ်းနဲ့ပတ်သက် တဲ့ ပြဿနာတွေ နောက်ပိုင်းပိုများလာမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူးအသင်း ဥက္ကဋ္ဌဦးစံရှိန် က ဆိုပါသည်။
“ကွမ်းသီးခြမ်းတွေကို ကန့်နဲ့ စိမ်လိုက်တဲ့အခါ ကွမ်းသီးကပွလာတယ်။ ပွလာတဲ့ကွမ်းသီးကို အရောင် ဖွေးပြီးလှနေအောင် ဓာတုချွတ်ဆေးတစ်မျိုးနဲ့ အရောင်ချွတ်တယ်။ ပြီးတော့ရေဆေးပြီး နေလှန်း အခြောက်ခံတယ်။ ဆေးရွက်ကြီးကိုလည်း အရက်၊ ပျားရည်တွေနဲ့ ရောစိမ်ထားပြီးတော့ နှပ်ဆေးသဘောမျိုး အသွင်ပြောင်းထားတယ်။ ထုံးကိုလည်းရေနဲ့ဖျော်၊ အပေါ်ယံရေကြည်တွေကို သွန်ပစ်ပြီး အနည်ထိုင်ကျန်ခဲ့တဲ့ ထုံးအနှစ်သားကိုမှ ပျစ်ပျစ်ဖျော်ထားတဲ့ နို့မှုန့်တွေနဲ့ ရောလိုက်တယ်။ ထုံးကို စားတဲ့အခါမှာ နို့မှုန့်တွေပါတဲ့အတွက် ထုံးသားက ဆိမ့်ဆိမ့်လေးဖြစ်နေတယ်။ ထုံးကလည်း ပြုပြင်ထားတဲ့အတွက် သဘာဝ ထုံးမဟုတ်တော့ဘူး။ ဒါ တွေတင်မကပါဘူး။ အိမ်နီးချင်း နိုင်ငံတွေကနေ တရားမ၀င်လမ်းကြောင်း တွေကတစ်ဆင့် တင်သွင်းလာကြတဲ့ 92 ၊ 45၊ စတားဗမာ ဆေး၊ ဆစ်ဂနယ်စတဲ့ ဆေးပြင်းတွေ ကိုလည်း ထည့်စားကြပါသေးတယ်။ ဒီဆေးတွေရဲ့သဘာဝက အလွန်ပြင်းထန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ ၀င်တဲ့ပြုပြင်ထားတဲ့ ကွမ်းသီးအထုတ်လေးတွေကို ဈေးကွက်ထဲမှာ ရောင်းချနေတာတွေလည်း ရှိပါတယ်။ အဲဒါတွေအားလုံးဟာ သဘာဝကို ဆန့်ကျင်ပြီး ပြုပြင်ထားတဲ့ ဓာတုဗေဒဒြပ်ပေါင်းတွေ ဖြစ်ပါတယ်။ စားကျင့်ပါသွားရင်လည်း စွဲလမ်းစေတတ်တဲ့ အာနိသင် တွေရှိပါတယ်”ဟု ၎င်းက ဆက်လက် ပြောပြခဲ့ပါသည်။ကဲ ကျွန်တော့ IT Bank ဆိုဒ်လေးကို လာလည်တဲ့သူငယ်ချင်းတွေ အားလုံးထဲမှာလဲ ကွမ်းစားတက်တဲ့ သူတွေ ရှိရင်လဲ သတိထားပေးကြပါလို့ ကျွန်တော်က ပြောပါရစေဗျာ။သူငယ်ချင်းတွေ အားလုံးလဲ စိတ်ကျန်းမာကိုယ်ချမ်းသာနဲ့ ကျန်းမာရေး ဗဟုသုတလေးတွေ ရပြီး လူ့လောကမှာ သက်တန်းစေ့နေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
From - အနာဂတ်ကြယ်ပွင့်
                                                                                                                                        ကြိုးစားလျက်......!
                                                                                                                                          (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: