IT Bank Site က စာချစ်သူ စာဖတ်ပရိတ်သတ်များအားလုံး ကျေးဇူးပြုပြီး ဒီ Post လေးကို ဖတ်ဖြစ်အောင်ဖတ်ပေးပါနော်။

ကျွန်တော် IT Bank Site လေးမှာ Post မတင်ဖြစ်တာတောင် ကြာနေပြီနော်။ဟဲ......ဟဲ IT Bank က Admin အကြောင်းပြချက် သိတယ် မဟုတ်လား။အလုပ်မအားဘူး ဆိုတာပဲလေ။ဒီ တစ်ခါလဲ တကယ်ပါဗျာ။ကျွန်တော့ အလုပ်ကိစ္စလေးတွေကော ပြီးတော့ ဒီ ကြားထဲ ကျွန်တော် နေမကောင်းဖြစ်လိုက်ပါသေးတယ်။အဲ့ဒါကြောင့် Post တွေ တော်တော်များများ တင်ဖို့ ပြတ်သွားတာပါ။ပြီးတော့ ကျွန်တော် တင်မဲ့ Post တွေကို သူများတွေက အရင်ဦးပြီး တင်သွားတော့ Post တွေနောက်ကျနေရတယ်ဗျာ။အဲ့ဒါကြောင့် ကျွန်တော့ iT Bank က စာဖတ်ပရိတ်သတ်တွေ နည်းပညာနဲ့ ပတ်သတ်ပြီး သိရတာ နောက်ကျသွားရင် ကျွန်တော် အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ။ကျွန်တော် အခု ပြောချင်တာကတော့ ကျွန်တော့ IT Bank Site မှာ Software နဲ့ ပတ်သတ်ပြီး ဖြစ်စေ E-Books နဲ့ ပတ်သတ်ပြီး ဖြစ်စေ ကျွန်တော် တင်ထားတဲ့ File Hosting တွေကြောင့် Download ဆွဲလို့မရတဲ့ File များ Download Link များ သေနေခဲ့ရင် ကျွန်တော့ကို အဲ့ဒီ Download ဆွဲလို့မရတဲ့ Software ဒါမှ မဟုတ် E-Books တွေ တင်ထားတဲ့ Post ရဲ့ လိပ်စာ Software နာမည် E-Books နာမည်တွေကို welcometoitbank@gmail.com ကို Mail ပို့ပြီး တောင်းဆိုနိုင်သလို Post ရဲ့အောက်မှာ Comments ပေးပြီးတော့လဲ တောင်းဆိုနိုင်ပါတယ်ဗျာ။ကျွန်တော်လဲ အချိန်ရရင် ရသလို Hosting မှာ တင်ထားတဲ့ အလုပ်မလုပ်တော့တဲ့ File တွေ Software တွေ E-Books အားလုံးကိုလဲ ပြန်ပြင်ပေးနေပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးနဲ့ ပတ်သတ်ပြီး အဆင်မပြေတာတွေ လိုအပ်ချက်တွေ ရှိနေသေးရင်လဲ ဝေဖန်အကြံပေး ထောက်ပြပေးပါလို့ တောင်းဆိုပါတယ်ဗျာ။
ကျွန်တော့ IT Bank Site လေးကို အမြဲ အားပေးနေတဲ့ စာချစ်သူ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
ကြိုးစားလျက်.....!
(YeKyawPhyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

1 ဦးမှတ်ချက်ပေးသွားပါတယ်။း:

Kaung Htet Htun said...

လာရောက်လေ့လာဖတ်ရှုသွားပါတယ်ခင်ဗျာ။ ကျွန်တော့်ဘလော့လေးက "နည်းပညာ ရပ်ဝန်းစုံ" ဘလော့ကို
နာမည်နဲ့ လိပ်စာပြန်ပြောင်းထားခြင်းဖြစ်ပါတယ်ဗျာ။ IT Field Network ဘလော့ဖြစ်ပါတယ်။
အားပေးပါဦးနော်။

ခင်မင်စွာဖြင့်

ကောင်းထက်ထွန်း [IT Field Network]
www.itfieldnet.blogspot.com