Virus ကြောင့် Computer မှာရှိနေတဲ့ ဓာတ်ပုံတွေ ဗီဒီယိုဖိုင်တွေရဲ့ Icons thumbnails တွေ မမြင်ရတော့ရင် ရိုးရှင်းစွာဖြေရှင်းနည်း

IT Bank စာဖတ်ပရိတ်သတ်ကြီးနဲ့ ကျွန်တော်နဲ့ မတွေ့တာကြာပြီပေါ့နော်။စာဖတ်ပရိတ်သတ်တွေ အားလုံးကို ကျွန်တော် သတိရပါတယ်ဗျာ။ကျွန်တော် FB မှာ အလုပ်တွေရှုပ်နေတာနဲ့ IT Bank လေးကို Post မတင်ဖြစ်ဘူးဗျာ။ဒီ တစ်ခါ ကျွန်တော် တင်မဲ့ Post လေးကတော့ ကျွန်တော်တို့ Mobile ဖုန်းဆိုင်က Service စက်တွေ ပြီးတော့ Mp3 Mp4 အစရှိတဲ့ သီချင်းတွေ သွင်းတဲ့ စက်တွေ ပြီးတော့ Photoshop ဆိုင်တွေ အစရှိတဲ့ စက်တွေမှာ Customer တွေယူလာတဲ့ Memory Stick / SD Card တွေမှာ ပါလာတက်တဲ့ Virus တွေကြောင်း မိမိစက် အတွင်းမှာရှိနေတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေရဲ့ Icons thumbnails တွေကို ရုတ်တရက် မမြင်ရတော့တာမျိုးတွေ ဖြစ်တက်ပါတယ်။ကျွန်တော်ရှင်းပြတာ လိုအပ်သွားလို့ စာဖတ်ပရိတ်သတ်တွေ မရှင်းရင် ကျွန်တော်အောက်မှာ ဓာတ်ပုံနဲ့တကွ ပြသပေးထားပါတယ်ဗျာ။
ဒီလိုလေးတွေ တစ်ခါတစ်ရံဖြစ်တက်ပါတယ်။
Fig ~ 1
အဲ့ဒီ အခါ ကျွန်တော်တို့က ဘာ Software မှ မသုံးပဲ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ကျွန်တော် အသေးစိတ် ပုံနှင့်တကွရှင်းပြပါ့မယ်ဗျာ။တကယ့်ကို လွယ်ကူလွန်းလှပါတယ်။စာဖတ်ပရိတ်သတ်တွေ အနေနဲ့ သိသွားရင်ပေါ့ဗျာ။မသိသေးရင်တော့ ခေါင်းတော်တော်စားသွားမှာပဲလေ။ခုနက ကျွန်တော်တို့ အပေါ်ကပုံအတိုင်း Windows Box တစ်ခုခုကို ဖွင့်လိုက်ပါ။ပြီးသွားရင် ကျွန်တော်တို့ အဲ့ဒီ Windows Box ရဲ့ ညာဘက် အပေါ်ထောင့်နားလေးမှာ Organize ဆိုတဲ့ စာတန်းလေးကို တွေ့အောင်ရှာပြီး Click လိုက်ပါ အဲ့ဒီမှာ Folder And Search Options ဆိုတာလေးကို တွေ့အောင်ရှာပြီး Click လိုက်ပါ။ကျွန်တော် အောက်မှာ ပုံနှင့် တကွ ပြပေးထားပါတယ်ဗျာ။
Folder and Search Options ကို Click လိုက်ပါ။
Fig ~ 2
အပေါ်က ပုံလေးအတိုင်းလုပ်ပြီးသွားရင်တော့ Folder And Search Options နေရာကို ရောက်ပါပြီ။အဲ့ဒီ မှာ General ဆိုတဲ့ Tab လေးရယ် View ဆိုတဲ့ Tab လေးရယ် Search ဆိုတဲ့ Tab လေးရယ် Tab Bar  လေး 3 ခုရှိပါတယ်။အဲ့ဒီ Tab Bar လေးတွေထဲက အလယ်က View ဆိုတဲ့ Tab လေးကို Click လိုက်ပါ။အလယ်နားလောက်မှာ Advanced Setting ဆိုတာရှိပါတယ်။သူရဲ့ အောက်နားလေးမှာတော့ Files And Folders ဆိုပြီး Title လေးရှိပါတယ်။အဲ့ဒီ အောက်မှာ ရှိနေတဲ့ စာကြောင်းလေး Always Show Icons, Never thumbnails ဆိုတဲ့ စာကြောင်းလေးမှာ အမှန်ခြစ်ကလေး ဖြစ်နေပါလိမ့်မယ်။အဲ့ဒီ အမှန်ခြစ်လေးကို ကျွန်တော်တို့က ဖြုတ်ပေးပြီး Apply နှိပ်ပြီးရင် Ok နှိပ်လိုက်ပါ။ကျွန်တော် အောက်မှာ ပုံနှင့်တကွ ပြသပေးထားပါတယ်ဗျာ။
အမှန်ခြစ် ဖြစ်နေတဲ့ ပုံလေးပါ။
Fig ~ 3
အမှန်ခြစ် ဖြုတ်ပြီး Apply နှိပ် Ok နှိပ်လိုက်ပါ။
Fig ~ 4
ဒါဆိုရင် ကျွန်တော်တို့ ခုနက ဓာတ်ပုံတွေ ရှိနေတဲ့ Windows Box ကို ပြန်ဖွင့်ကြည့်လိုက်ပါ။ဓာတ်ပုံတွေ နဲ့ ဗီဒီယို Icons တွေ မမြင်ရဘူးဖြစ်နေတာတွေကို ပြန်ပြီး မြင်ရမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်း မိမိတို့ရဲ့ စက်မှာရှိနေတဲ့ ဓာတ်ပုံတွေကိုလဲ Image Viewer နဲ့ကြည့်စရာမလိုအပ်ပဲ ဒီအတိုင်းမြင်နေရမှာ ဖြစ်ပါတယ်ဗျာ။
အားလုံး Ok သွားပြီ မဟုတ်လားဗျ။ဒါဆိုရင်တော့ မုန့်ဝယ်ကျွေးတော့နော်။
Fig ~ 5
ကဲ......ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေရေ လွယ်တယ်မဟုတ်လားဗျ။အဆင်ပြေသွားရင်တော့ မုန့်ဝယ်ကျွေးတော့နော်။
ကြိုးစားလျက်
(Yekyawphyo)

Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

1 ဦးမှတ်ချက်ပေးသွားပါတယ်။း:

Arakanlay said...

အရာရာ အားလုံး အတွက် Thanks ပါနော့ ။