စာဖတ်ပရိတ်သတ်တွေအတွက် သီတင်းကျွတ်လက်ဆောင် IT Bank Site လေးကပေးနေပြီနော်။


ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အားလုံး သီတင်းကျွတ်ကာလ အခါသမယမှာ ရွှင်လန်းချမ်းမြေ့ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် IT Bank Site မှာတောင် Post တွေ မတင်ဖြစ်တာတော်တော်ကြာသွားပြီနော်။အဲ့ဒီ အတွက် စာဖတ်ပရိတ်သတ်တွေကို ဦးစွာတောင်းပန်ပါရစေနော်။ကျွန်တော်လဲ FB က Group တွေမှာပဲ အချိန်ကုန်နေတာနဲ့ Blog လေးဘက်ကို မလှည့်ဖြစ်ဘူး ဖြစ်နေတယ်ဗျာ။အခုတော့ ကျွန်တော်က အထူးအစီအစဉ်အနေနဲ့ သီတင်းကျွတ်အတွက် အထူး လက်ဆောင်လေးတွေပေးပြီ စာဖတ်ပရိတ်သတ်တွေကို ချော့ရတော့မယ်ဗျ။အဲ့ဒါကတော့ Android ဖုန်းတွေ အတွက် သီးသန့် သီတင်းကျွတ်နဲ့ ပတ်သတ်တဲ့ Software ကောင်းလေးတွေ မျှဝေပေးပါရစေဗျာ။လိုချင်တယ်ဆိုရင်တော့ အောက်မှာ ကျွန်တော် Download Link တွေနဲ့ ခေါင်းစဉ်လေးတွေ အသုံးပြုပုံ အကျဉ်းလေးတွေကိုပါ ရေးပြီးဖော်ပြပေးထားပါတယ်ဗျာ။လေ့လာလိုက်ပါဦးနော်။

Application No.1 ~ Firework & Firework Cracker
 ဒီ Apk လေးကတော့ သီတင်းကျွတ်ကာလမှာ ကျွန်တော်တို့တွေကြားနေရတဲ့ မီးရှူးမီးပန်းအသံလေးတွေ ဗောက်အိုးဖောက်သံလေးတွေ ရှူးဒိုင်းအသံလေးတွေကို နားဆင်နိုင်တဲ့ Apk လေးပါ။ဒီ Apk လေးတင်ပေးရတဲ့ ရည်ရွယ်ချက်လေးကတော့ Oversea ရောက်နေတဲ့ မြန်မာတွေအတွက် သီတင်းကျွတ်ကာလအချိန်ခါလေးကို အဝေးကနေ တမ်းတနိုင်အောင်လို့ ရည်ရွယ်ပြီးတင်ပေးလိုက်တာ ဖြစ်ပါတယ်ဗျာ။
 Download Link ~  Fireworks & Fireworks Cracker Apk

Application No.2 ~ Fireworks Artist Lite
ဒီ Apk လေးကတော့ မိမိကိုယ်တိုင် မီးရှူးမီးပန်းတွေကို ဒီဇိုင်းလှလှလေးတွေ ရွေးချယ်ပြီး ပြစ်ဖောက်နိုင်ပါတယ်။အရောင်ကလဲ စုံလင်သလို ဒီဇိုင်းတွေကလဲ တော်တော်လေးကို စုံလင်လှပါတယ်။နောက်ခံ Background ကတော့ 3 ခုပေးထားပါတယ်။အဲ့ဒီ ထဲကမှ မိမိ စိတ်ကြိုက်ပုံကို ချိန်းထားနိုင်သလို နောက်ခံ Background Music ကိုလဲ 3 ခု ပေးထားပါတယ်။အဲ့ဒီထဲကမှ မိမိ စိတ်ကြိုက်ချိန်းထားလို့ရပါသေးတယ်။ပြီးတော့ မိမိကိုယ်တိုင် မီးရှူးမီးပန်းရဲ့ Design ကို Create လုပ်ပြီး သုံးလို့ရပါသေးတယ်။ဒါလေးကတော့ စိတ်ဝင်စားစရာကောင်းတဲ့ Apk လေးပေါ့ဗျာ။
Download Link ~ Fireworks Artist Lite Apk

Application No.3 ~ Firework Free Game
ဒီ Apk လေးကတော့ Game လေးပေါ့ဗျာ။ဒီ Game ကတော့ ကိုယ်ရဲ့ ဥာဏ်စွမ်းပေါ်မူတည်ပြီး အိုးထဲမှာ ထည့်ထားတဲ့ မီးပုံးလေးတွေကို အားလုံးကုန်အောင် ဖောက်ခွဲပေးရမဲ့ Game လေးပေါ့ဗျာ။ကိုယ် ဖောက်ခွဲတာ တော်ရင် တော်သလို အားပေးတဲ့ ပရိတ်သတ်တွေကလဲ လက်ခုတ်တီးပြီး အားပေးကြပါတယ် ပျော်စရာကောင်းတဲ့ Game လေးပေါ့ဗျာ။
Download Link ~ Fireworks Free Game Apk

Application No.4 ~ Firework Live Wallpaper
ဒီ Apk လေးကတော့ မိမိ ဖုန်းရဲ့ Background မှာ Live Wallpaper အလန်းစားလေးတစ်ခုမို့တင်ပေးလိုက်ပါတယ်။ဖုန်းရဲ့ Background မှာ သူ့အလိုလို မီးရှူးမီးပန်းတွေ ကို ဒီဇိုင်းအမျိုး အရောင်စုံလေးတွေနဲ့ ပြစ်ဖောက်ပေးနေနဲ့ Apk လေးပါဗျာ။ဒီ Apk လေးလဲ တော်တော်လေးလန်းပါတယ်ဗျာ။
Download Link ~ Fireworks Live Wallpaper Apk

Application No.5 ~ Myat Buddha Live Wallpaper
ဒီ Apk လေးကတော့ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားပုံလေးတွေကို မိမိ ဖုန်းရဲ့ နောက်ခံ Background အဖြစ်ထားရှိပြီး သီတင်းကျွတ်အခါသမယမှာ ပူဇော်ကြည်ညိုနိုင်ပါတယ်ဗျာ။ညောင်ရွက်လေးတွေက ကြွေကျနေတဲ့ ပုံစံလေးတွေလဲ ပါသေးပါတယ်။လက်နဲ့ ထိတို့လိုက်ရင် အဲ့ဒီ ညောင်ရွက်လေးတွေက လွှင့်စင်သွားပါတယ်။ဒီ မြတ်ဗုဒ္ဓ Live Wallpaper လေးကို မြန်မာမှုပြန်လည် ပြုထားတာကတော့ Happy Android World ဆိုတဲ့ Facebook Page မှဖြစ်ပါတယ်ဗျာ။ကျွန်တော်ကတော့ ဓမ္မဒါနအနေနဲ့ ပြန်လည်ပြီး စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်ဗျာ။
Download Link ~ Myat Buddha Live Wallpaper Apk
ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေအားလုံး သီတင်းကျွတ်ကာလ အခါသမယမှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ရွှင်လန်းချမ်းမြေ့တဲ့ ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။အော်.........ကျွန်တော်မေ့နေတာတစ်ခု ရှိသေးတယ်ဗျ။ကျွန်တော် စာဖတ်ပရိတ်သတ်တွေထဲက အပျိုကြီးတွေ လူပျိုကြီးတွေ ၀ါလဲကျွတ်သွားပြီဗျာ။ကျွန်တော်လဲ ဘာမှ မစားရဘူးလားဗျ။ဖိတ်စာလေးတွေ ဘာတွေလုပ်ကြပါဦးဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: