လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းနှင့် သင့်ကျန်းမာရေးအတွက် ကောင်းကျိုးများ


ကျွန်တော်တို့ နေ့စဉ် ကမ္ဘာမှာ သောက်သုံးနေတဲ့ ရေပြီး ရင် ဒုတိယ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးကတော့ လက်ဘက်ရည် မြန်မာလိုဆိုရင် ရေနွေးကြမ်းပေါ့ဗျာ။တောမှာ ခေါ်တာတော့ အကြမ်းရည်ပေါ့ဗျာ။သူရဲ့ ကောင်းကျိုးလေးပေါ့ဗျာ။ကျွန်တော် စာဖတ်ထားသလောက်လေး ပြောပြပါ့မယ်ဗျာ။ဘာရယ် တော့ မဟုတ်ပါဘူး ကျန်းမာရေး ဗဟုသုတအနေနဲ့ သူငယ်ချင်းတွေကို သိစေချင်ပါတယ်ဗျာ။လက်ဖက်ရည်ကြမ်းထဲတွင် ကင်ဆာဆဲလ် များ တိုးပွားမှုကိုရပ်တန့်ပေးတဲ့ Polyphenols ဓာတ်နဲ့ Antioxidants ဓာတ်များ ပါဝင်နေသည့်အပြင် တစ်နေ့လျှင် လက်ဘက်ရည်ကြမ်း 3 ခွက်အနည်းဆုံး သောက်သုံးပါက နှလုံးရောဂါ ဖြစ်ပွားမှုကို 10 % ရာခိုင်းနှုန်းကျဆင်းစေကြောင်း လေ့လာသူများထံမှ ထောက်ခံချက်များပိုမို အသိအမှတ်ပြုလာခဲ့ကြပါတယ်ဗျာ။
ဒါ အပြင် ဟားဗတ်ဇ်တက္ကသိုလ်မှ လေ့လာတွေ့ရှိမှုတွင်လည်း လူခန္ဓာကိုယ်တွင်ဖြစ်တက်သော ရောဂါများဟာ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းကြောင့် ကျဆင်းလာခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။လက်ဘက်ရည်ကြမ်းကို နေ့စဉ်သောက်သုံးခြင်းဖြင့်
နှလုံးရောဂါဖြစ်ပွားမှု ကျဆင်းစေနိုင်ခြင်း၊သွေးတိုးရောဂါ များအား ကျဆင်းစေခြင်း။ဆီးနှင့်သွေးကို မိမိခန္ဒာကိုယ် အတွက် ချိန်ညှိပေးခြင်း။ သွေးကြောများ ပိုမို အားကောင်းလာနိုင်စေခြင်းနှင့် ကင်ဆာဆဲလ်
များတိုးပွားမှုအားလျော့ကျစေနိုင်သည်များ အား လေ့လာတွေ့ရှိခဲ့ရသော်လည်း လက်ဖက်ရည်ကြမ်း မှသွေးဖိအား အားမည်သို့ကျဆင်းစေသည်ကို ဆက်လက်လေ့လာရန် လိုအပ်နေဆဲဖြစ်
သည်။ဒါ့အပြင် အရက်နှင့်အငန်စားသုံးမှုအား ရပ်တန့်ကာ အသီးအနှံနှင့်ဟင်းသီး ဟင်းရွက်များနှင့် လက်ဘက်ရည်ကြမ်း သောက်သုံးခြင်း၊ပိုမိုစားသုံးခြင်းသည်လည်း သွေးတိုးကျစေမည့် နည်းကောင်းတစ်ရပ်ဟု အမေရိကန် ဆေးသိပ္ပံဆိုင်ရာပညာရှင်များက သုံးသပ်ခဲ့ကြပါတယ်။ကဲ ဒီလောက်ဆိုရင်တော့ ကျွန်တော့ ဆိုဒ်လေးကို လာလည်တဲ့ သူငယ်ချင်းတွေ အားလုံးလဲ လက်ဖက်ရည်ကြမ်းသောက်တာ အလေ့အကျင့်ရှိတဲ့သူတွေ အတွက်ကော လက်ဘက်ရည်ကြမ်းသောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ သူရဲ့ ဆေးဘက်ဝင်ပုံတွေကို သိသွားကျပြီပေါ့နော်။သူငယ်ချင်းတွေ အားလုံးလဲ စိတ်ကျန်းမာကိုယ်ချမ်းသာနဲ့ လိုအင်ဆန္ဒများပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
                                                                                                                                        ကြိုးစားလျက်......!
                                                                                                                                          (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

1 ဦးမှတ်ချက်ပေးသွားပါတယ်။း:

Bluesky Technology said...

အထက်ပါ Yekyawphyo ဖော်ပြပေးခဲ့သောနေ့စဉ် ရေနွေးကြမ်း ကိုသောက်သုံးခြင်းဖြင့် လူ၏သွေးထဲမှာရှိသော အဆိပ်ဓာတ် ၊ အဆီဓာတ်ကိုလျှော့စေခြင်း ၊ထိုပြင်လည်း အစာချေဖြတ်ရာတွင် အထောက်ကူဖြစ်ခြင်း နှလုံးရောဂါ နှင့် အခြားသောကင်ဆာရောဂါကိုလည်းကာကွယ်နိုင်ပါသည်..ကျွန်တော်လည်းတစ်နေ့ကိုအနည်းဆုံး ရေနွေးကြမ်းကို 1 မှ 2 လီတာအထိသောက်သုံးပါသည်..ငယ်စဉ်ကတည်းက ကြိုက်ခဲ့ဒါပါ..ရှမ်းပြည် မြှောက်ပိုင်းဇာတိဆိုသော် အိမ်မှာလည်း လက်ဖက်ခြံ 10 ဧက၀န်းကျင်စိုက်ပျိုးထားပါသည်..အဆိုပါ လက်ဖက်ရေကြမ်းသောက်သုံးခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း2500 ကျော်လောက် တရုတ်လူမျိုးမှာမှ စတင်ပြီးစိုက်ပျိုး သောက်သုံးခဲ့ပါသည် ...သူတို့၏သမိုင်းကျမ်းစာအုပ်ထဲတွင်လည်း လက်ဖက်ရေကြမ်း သောက်သုံးခြင်းကြောင့်မှ ရရှိနိုင်သောအကျိုးကျေးဇူးမြှောက်များစွာကိုလည်း ဖော်ပြထားသည် ဟုလည်းသိရသည်..မည်သို့ပင်ဆိုစေကာမူ နေ့စဉ်ရေနွေးကြမ်းသောက်သုံးခြင်းသည် အရှေ့တောင်အာရှတွင်ရှိသောနိုင်ငံများနေထိုင်ကြကုန်သော လူမျိုးများ၏ ယဉ်ကျေးမှု တစ်ရပ်ဟု ဆိုရပေမည်..အထူးသဖြင့် တရုတ်ပြည်မ နှင့် ကျွန်တော်တို့မြန်မာနိုင်ငံတွင် သာရေး ၊နာရေး နှင့်မည်သည့်ပွဲလမ်းသဘင်မဆို ကြွရောက်လာကြသော မိတ်ဆွေသင်္ဂဟကို ရေနွေးကြမ်းဖြင့် ဦးဆုံးဧည့်ဝတ်ပြုပါသည်..ဒါသည်ကားလူသားတို့၏တန်းဖိုးရှိသော ယဉ်ကျေးမှုတစ်ရပ်ပါဗျာ.....