ကင်ဆာ ရောဂါ အကြောင်းသိကောင်းစရာ

ကျွန်တော် ဒီ တစ်ခါတော့ ကင်ဆာရောဂါနဲ့ ပတ်သတ်တဲ့ ဗဟုသုတလေးတစ်ချို့ကို ကျွန်တော် ဖတ်ထားမိသမျှလေး ပြန်လည်မျှဝေပါရစေဗျာ။အရင်ဦးဆုံး အမျိုးသမီးတွေမှာ အဖြစ်များဆုံး ရင်သားကင်ဆာအကြောင်းကို ပြောပြပေးသွားပါ့မယ်ဗျာ။ အမျိုးသမီးတွေကို အဓိကခြိမ်းခြောက်နေ တဲ့ ရောဂါတစ်ခုဆိုလဲ မမှားပါဘူး။ ဒါပေမယ့် စောစောစီးစီး သိရှိရင် ထိထိရောက်ရောက် ကုသနိုင်တဲ့အတွက်
ဘယ်လိုသူတွေမှာ ရင်သားကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်းပိုများသလဲ?
ဘယ်လိုရောဂါလက္ခဏာတွေနဲ့ လာမှာလဲ?
စောစောစီးစီးသိအောင်ဘာတွေလုပ်နိုင်မလဲ?
ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ? ဆိုတာတွေ သိထားဖို့ လိုပါတယ်။

(၁) ဘယ်လိုသူတွေမှာ ရင်သားကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်းပိုများသလဲ?
- အပျိုဖော်ဝင်စောခြင်း (ရာသီဦးစောခြင်း) (Early menarche)
- သွေးဆုံးနောက်ကျခြင်း (ရာသီကုန် နောက်ကျခြင်း) (Late menopause)
- သားသမီးမထွန်းကားခြင်း
- သားဦးကို အသက် (၃၀) ကျော်မှ မွေးဖွားခြင်း
- ရာသီကုန်ပြီးနောက်ဟော်မုန်းအစားထိုးသုံးစွဲခြင်း
- ဓါတ်ရောင်ခြည်ထိတွေ့ ခဲ့ဖူးခြင်း
- မိသားစုဝင်ထဲ၊ ဒါမှမဟုတ်ဆွေမျိုးထဲတွင် ရင်သားကင်ဆာ၊သားဥအိမ်ကင်ဆာများဖြစ်ဖူးခြင်း
စတာတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများစေတဲ့ အချက်တွေပါ။ အဲဒီအချက်တွေ မိမိမှာရှိတယ်ဆိုရင် မိမိရင်သားကို အစဉ်ဂရုပြု စစ်ဆေးနေဖို့  လိုပါလိမ့်မယ်။
(၂) ဘယ်လိုရောဂါလက္ခဏာတွေနဲ့ လာမှာလဲ?
- ရင်သားအကျိတ်။ ဂျိုင်းပြန်ရည်ကျိတ်ကြီးခြင်း။
- ရင်သားအရေပြား ချိုင့်ဝင်ခြင်း၊ ထူထဲပြီး လိမ္မော်ခွံကဲ့သို့ ဖြစ်နေခြင်း၊
- နို့ သီးခေါင်းချိုင့်ဝင်နေခြင်း၊ နို့ သီးတ၀ိုက်မှိုစွဲသကဲ့သို့ ဖြစ်ခြင်း၊ နို့ သီးမှသွေးထွက်ခြင်း စတာတွေအပြင် ကင်ဆာဆဲလ်များအမြစ်ပွားခြင်း (Metastasis) ကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ လဲလာနိုင်ပါတယ်။

(၃) စောစောစီးစီးသိအောင်ဘာတွေလုပ်နိုင်မလဲ?
- မိမိရင်သားကိုရေချိုးစဉ်မှာဖြစ်ဖြစ် တစ်ပါတ်တစ်ခါလောက် စမ်းကြည့်သင့်ပါတယ်။ (အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်နဲ့ ကိုယ်ဝန်ဆောင်ပြီးစအချိန်များ)စမ်းတဲ့အခါမှာလည်း နို့  သီးအောက်မှအစ၊ ရင်သား တစ်ခုလုံး၊ ဂျိုင်းအထိ စမ်းသင့်ပါတယ်။
 - အထက်မှာပြောထားတဲ့ ရောဂါဖြစ်နိုင်ခြေရှိတဲ့သူမျိုးဆို၇င်တော့ လိုအပ်သလို ရင်သားဓါတ်မှန် (Mammogram) ကို ၁-၂နှစ်တစ်ကြိမ်ထိ ရိုက်ပြီး စစ်ဆေးသင့်ပါတယ်၊(လိုအပ်သလိုဆိုတဲ့နေ၇ာမှာ သက်ဆိုင်ရာပါရကူက မည်သည်အသက်အရွယ်ကစရိုက်၇မယ် ဆိုတာကို risk factor တွေအပေါ် မူတည်ပြီး confirm လုပ်သင့်တာတွေကို လုပ်ပြီး ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဖွံ့ ဖြိုးပြီးနိုင်ငံတွေမှာတော့ screening program တွေနဲ့ လုပ်နေပါတယ်။ National Cancer Institute (U.S) guideline အ၇ အသက် ၄၀-၇၀ ကြားကို ၁-၂နှစ်တစ်ကြိမ် screening လုပ်ဖို့ recommend လုပ်ပါတယ်။ NHS Breast Screening Programme (UK) ကတော့ ၅၀-၇၀နှစ်ကြားကိုလုပ်ပါတယ်။ )
 - တစ်ကယ်လို့ မသင်္ကာဖွယ်ရာအကျိတ် (သို့ ) ရင်သားဓါတ်မှန်ရလဒ်မျိုးတွေ့ ရင်တော့ ရင်သားအသားစယူစစ်ဆေးခြင်း (FNA, Core biopsy, Excisional biopsy)၊ ပြန်ရည်ကျိတ်စစ်ဆေးမှုများ အပြင် အဆုတ်၊အသည်း၊အရိုးအစရှိသောအစိတ်အပိုင်းများသို့  ကင်ဆာပွားခြင်းရှိမရှိစမ်းသပ်မှုတွေကို ဆက်လုပ်မှာဖြစ်ပါတယ်။

(၄) ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ?
 - ခွဲစိတ်မှုကတော့မဖြစ်မနေလုပ်ရမှာပါ (အသားစအဖြေကကင်ဆာဖြစ်နေရင်)။ ရောဂါက အစောပိုင်းအဆင့်မှာရှိသေးရင်တော့ ရင်သားထိန်းသိမ်းခွဲစိတ်ခြင်း (Breast Conservative Treatment) လုပ်နိုင်တဲ့အတွက်ရင်သားကိုထိန်းသိမ်းနိုင်မှာပါ။ ရောဂါအဆင့်မြင့်နေရင်တော့ ရင်သားသာမကပြန်ရည်ကျိတ် များပါထုတ်ပစ်ရမှာပါ။
 - ကင်ဆာတိုက်ဖျက်ဆေးများနှင့်ကုသခြင်း(Chemotherapy)ကလည်းခွဲစိတ်မှုမတိုင်မီနဲ့ ခွဲစိတ်ပြီး၊ (သို့ )ခွဲစိတ်ပြီးမှာ လူနာရဲ့  အသက်၊ရာသီအနေအထား၊အကြိတ်အရွယ်အစား၊ပြန်ရည်ကျိတ်ပါဝင်မှု၊ ဟော်မုန်းလက်ခံပရိုတင်း(ER/PR) စတာတွေအပေါ်မှာမူတည်ပြီး ပေးလေ့ရှိပါတယ်။
 - ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း(Radiation Therapy)တို့ အပြင်
 - ဟော်မုန်းကုထုံး(Hormonal Therapy)၊ ဇီဝကုထုံး(Biotherapy)စတဲ့ ထိရောက်သောခေတ်မီ ကုထုံးတွေနဲ့ ပူးတွဲကုသနိုင်ပါတယ်။ ကုသမှုတွေအပြီးမှာလည်း သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် အစရှိသဖြင့် ပြန်လည်ခေါ်ယူစမ်းသပ်မှုတို့  ပုံမှန်သွားရောက်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ရောဂါပြန်လည်ထကြွမှု၊ အခြားအစိတ်အပိုင်းများသို့ ကင်ဆာပျံ့ နှံ့ မှုတွေရှိမရှိ သိရှိဖို့ ဖြစ်လို. အလွန် အရေးကြီးပါတယ်။ ဒါကြောင့်
 - ရောဂါမဖြစ်ခင်စဉ်ကတည်းက ရှောင်ကြဉ်၍ ရသည်ကို ရှောင်ကြဉ်ခြင်း (ဥပမာ-ဟော်မုန်းများ)
 - ရောဂါကို စောစီးစွာ သိရှိအောင် သတိ(awareness)ထား၍ မိမိကိုယ်ကိုစမ်းသပ်ခြင်း (Self examination)
 - ထိရောက်သောကုသမှုခံယူခြင်းဖြင့် ရောဂါအဆင့်မတိုးအောင် ကာကွယ်ခြင်း
 - ကုသမှုခံယူပြီးနောက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပြန်လည်ပြသခြင်းစတာတွေနဲ့  ရင်သားကင်ဆာ ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ကြမှာပါ။


ကင်ဆာရောဂါအကြောင်း သိကောင်းစရာ (၁)ကင်ဆာရောဂါ ဘာကြောင့်ဖြစ်လဲ။ ဘာတွေကိုကာကွယ်လို့ ရမလဲ။ ကင်ဆာဆိုသည်နှင့် ကျွန်တော်တို့ မြန်မာတော်တော်များများ ပြေးမြင်ကြသည်မှာ ကင်ဆာသည် အတိတ်က ကံကြောင့်ဖြစ်သည့် ၀ဋ်နာကံနာဟု ယူဆကြသည်။ ဘာတွေကြောင့်ဖြစ်တယ်ဆိုတာကိုသိပ်မသိကြပါ။ယနေ့  ခေတ်မှာကင်ဆာနဲ့  ပက်သက်တဲ့ဘာသာရပ်တွေ အလျင်အမြန်တိုးတက်နေပါတယ်။ ဒါကြောင့်ကုသမှု ရလဒ် တွေလဲ အလွန်ကောင်းမွန်လာပါပြီ။ သို့ သော် မည်သည့်ရောဂါမဆို ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံး ဖြစ်တဲ့အတွက် ရောဂါဖြစ်ရခြင်းအကြောင်းရင်းကို သိထားဖို့ လိုပါတယ်။ ဒီရောဂါတွေမှာတော့ ဖြစ်ရခြင်း အကြောင်းရင်းဆိုတာထက် ဖြစ်စေနိုင်သော အကြောင်းရင်းများဆိုရင် ပိုမိုမှန်ကန်ပါမယ်။ ဖြစ်စေနိုင်သော အကြောင်းရင်းများလေ၊ ရောဂါဖြစ်နိုင်သောရာခိုင်နှုန်းများလေပါပဲ။ ဒီတော့ အဲဒီအကြောင်းရင်းတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) အစားအစာများ ။ အချို့ အစားအသောက်ထဲမှာပါဝင်တဲ့ပစ္စည်းတွေက ကင်ဆာဖြစ်ပွားမှု ဖြစ်စဉ်ကို အားပေးပါတယ်။ ကိုယ့်မှာ အဲဒီအစားအစာတွေ များများစားတဲ့အလေ့အထရှိရင် ဆင်ခြင်သင့်ပါတယ်။
- မီးကင်ထားသောအစားအစာများ (Nitrosamine)
- အရောင်တင်ထားသောအစားအစာများ
- ဆိုဒါပါသောအစားအစာများ
- အဆီများသောအစားအစာများ
- ကာဗိုဟိုက်ဒရိတ်များသောအစားအစာများ (ဥပမာ – ဆန်၊ အာလူး၊ ပဲ၊ ပေါင်မုန့် )
- မှိုတွယ်သောအစားအစာများ
အထူးသဖြင့် အစာခြေလမ်းကြောင်းနှင့် အစာစွန့် ပစ်လမ်းကြောင်း တွေဖြစ်တဲ့ အစာအိမ်၊ အူလမ်းကြောင်း၊ အသည်း၊ ဆီးလမ်းကြောင်းတွေမှာ ကင်ဆာရောဂါတွေဖြစ်တတ်ပါတယ်။
ကင်ဆာဖြစ်ပွားမှုဖြစ်စဉ်ကို ဟန့် တားနိုင်သော အစားအစာတွေကတော့ - ဗီတာမင်အေ ပါဝင်သော အစားအစာများ (ဥပမာ- အသည်း၊ ထောပတ်၊ ဥ၊ မုန်လာဥနီ၊ အ၀ါရောင်ပါသောသစ်သီးများ)
- ဗီတာမင်စီ ပါဝင်သော အစားအစာများ (ဥပမာ- ဆီးဖြူသီး၊ ချဉ်သောအသီးအနှံများ)
- ဗီတာမင်အီး ပါဝင်သော အစားအစာများ (ဥပမာ- မြေပဲ၊ နှံစားပြောင်း၊ အစေ့များ၊ နေကြာဆီ၊ ပဲပိစပ်) စတာတွေဖြစ်ပါတယ်။ ဒီစားသောက်မှုအလေ့အထတွေဟာကင်ဆာရောဂါဖြစ်ပွားမှု တွေရဲ့ ၃၅% အကျုံးဝင်နေတာတွေရပါတယ်။

(၂) ဆေးလိပ် နှင့် ဆေးရွက်ကြီး(ကွမ်း)။ ဆေးလိပ်ငွေ့ မှာ ကင်ဆာရောဂါဖြစ်ပွားမှု ဖြစ်စဉ်ကို ဖြစ်စေနိုင်တဲ့ 3,4 Benzpyrene, Polonium 210, Nicotine, Cyanhydric acid, Ammonia, Lead, Cadmium, Chromium, Carbon monoxide, Arsenic trioxide စတာတွေပါရှိပါတယ်။အဲဒီဒြပ်ပေါင်းတွေကြောင့်နှုတ် ခမ်း၊ ခံတွင်း၊ လျှာ၊ လည်ချောင်း၊ လေပြွန်၊ အစာပြွန်၊ အဆုတ် စတဲ့ တိုက်ရိုက် ထိတွေ့ နေတဲ့ အစိတ်အပိုင်းတွေ အပြင် ကျောက်ကပ်၊ ဆီးအိမ်၊ သရက်ရွက် စတဲ့ အစိတ်အပိုင်းတွေမှာပါ ကင်ဆာရောဂါဖြစ်ပွားစေပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဟာလဲကင်ဆာဖြစ်ပွားမှု တွေရဲ့ ၃၀%ခန့်  ပက်သက်နေတာတွေ့  ရပါတယ်။

(၃) ဗိုင်းရပ်(စ်)များ။ အောက်ပါဗိုင်းရပ်(စ်)တွေဟာ ကင်ဆာဖြစ်ပွားမှု တွေနဲ့ ၁၀%လောက်ထိ ပက်သက် နေတာတွေ့ ရပါတယ်။
- Infectious mononucleosis လို့ ခေါ်တဲ့ ကိုယ်ပူခြင်း၊ အကျိတ်များရောင်ခြင်း၊ လည်ချောင်းနာခြင်း စသည့် လက္ခဏာများဖြစ်တတ်သည့် ရောဂါကို ဖြစ်စေသောEbstein-Barr Virus
- အသည်းရောင်ရောဂါဖြစ်စေသော အသည်းရောင်ရောဂါဗိုင်းရပ်(စ်) ဘီပိုး၊ စီပိုး (HBV, HCV)
- အဖုအကျိတ်များဖြစ်စေသော Human Papilloma Virus (HPV)
- သွေးကင်ဆာဖြစ်စေသော HTLV
- HIV
ဒါတွေကိုတော့ထပ်မရှင်းတော့ပါဘူး။ ဘီပိုး၊ စီပိုး နဲ့ အိပ်(ခ်ျ)အိုင်ဗီပိုးတွေကတော့ အတော်များများ သိပြီးကြမှာ ဖြစ်ပါတယ်။

(၄) ဟော်မုန်းများ။ ဟော်မုန်းတွေဟာလဲ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားဥကင်ဆာ၊ သရက်ရွက်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ကင်ဆာရောဂါတွေကို ဖြစ်ပွားစေပါတယ်။ အမျိုးသမီးတွေမှာတော့
- ရာသီဦး စောခြင်း (Early menarche)
- သွေးဆုံးနောက်ကျခြင်း (late menopause)
- သားသမီးမရခြင်း
- ငယ်ရွယ်စဉ် အိမ်ထောင်ကျခြင်း
- ကာလရှည်ကြာစွာ တားဆေးများသုံးခြင်း
- ကိုယ်ဝန်မကြာခဏပျက်ကျခြင်း
- ဟော်မုန်းနှင့်ကုသခြင်း (Hormone Replacement Therapy) စတာတွေဟာ အထက်ပါ ကင်ဆာရောဂါ တွေနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။

(၅) မျိုးရိုးလိုက်ခြင်း။ ကင်ဆာရောဂါဟုယူဆရသော အခြေအနေတွင် ဆရာဝန်များ မေးလေ့ရှိသော မေးခွန်းမှာ ဆွေမျိုးသားချင်းထဲတွင် အလားတူကင်ဆာရောဂါမျိုးဖြစ်ဖူးသလား ဟူ၍ ဖြစ်သည်။ မျိုးရိုးလိုက်ခြင်း သည်လည်း ကင်ဆာရောဂါဖြစ်ပွားမှုဖြစ်စဉ်တွင် ၁၀%ထိပက်သက်မှုရှိသည်။ မျိုးရိုးလိုက်သော ကင်ဆာ ရောဂါများ၏ ထူးခြားချက်မှာ အသက်ငယ်စဉ်မှာပင်စတင်ဖြစ်ပွားခြင်း၊ ပထမအဆင့်ပက်သက်သော ဆွေမျိုး (ဥပမာ-အဖေ၊အမေ၊မောင်နှမ)တွင် ကင်ဆာဖြစ်ဖူးခြင်း၊ ဒုတိယအဆင့်ပက်သက်သောဆွေမျိုး နှစ်ဦးထက် မနည်းတွင် ကင်ဆာရောဂါဖြစ်ဖူးခြင်း၊ အသက်ရှင်မှု မျှော်လင့်ချက်ကောင်းခြင်းတို့  ဖြစ်သည်။

(၆) ဓါတ်ရောင်ခြည်သင့်ခြင်း။ ဓါတ်ရောင်ခြည်သင့်ခြင်းကြောင့် အထူးသဖြင့် သွေးနှင့်ဆိုင်သော ကင်ဆာများ၊ သိုင်းရွိုက်ကင်ဆာ၊ အစာပြွန်ကင်ဆာစတဲ့ေ၇ာဂါတွေကိုဖြစ်စေပါတယ်။ ကမ္ဘာမှာ ထင်ရှားတဲ့ ဥပမာတွေကတော့ ဟီရိုရှီးမား၊ နာဂါစကီအနုမြူဗုံးကျဲမှု၊ ရုရှား ချီနိုဘီး(လ်)စကာရားအနုမြူဓါတ်ပေါင်းဖို မတော်တဆမှုတွေပါ။ ထိုသို့ သော လူအမြောက်အမြားဖြစ်ပွားစေသော အနုမြှူဓါတ်ေ၇ာင်ခြည်မျိုးသာမက ဓါတ်ရောင်သင့်စေသော ကုသမှုများသည်လည်း ကင်ဆာဖြစ်စေနိုင်မှုကို တိုးပွားစေသည်။

(၇) ပတ်ဝန်းကျင်ညစ်ညမ်းမှုများ။ ကားအိတ်ဇော၊ စက်ရုံများမှထွက်သောဓါတ်ငွေ့  များသည် အသက်ရှူ လမ်းကြောင်းတစ်လျှောက် ကင်ဆာရောဂါဖြစ်ပွားစေသည်။ ဓါတုဗေဒစက်ရုံများ၊ အထည်စက်ရုံများ၊ သတ္တုစက်ရုံများမှ စွန့် ပစ်ပစ္စည်းများကို သန့်  စင်ခြင်းမရှိဘဲ (သို့ ) သန့် စင်မှုအဆင့်အတန်းမပြည့်ဘဲ မြစ်၊ ချောင်းများသို့ စွန့် ပစ်ခြင်း သည်လည်း လူအမြောက်အမြားကို ကင်ဆာဖြစ်စေသောအကြောင်းအရာတစ်ခု ဖြစ်သည်။

(၈) ကာလရှည်စွာနေလောင်ခံခြင်း။ အရေပြားကင်ဆာများ၏ အဓိကအကြောင်းရင်းဖြစ်သည်။ အနောက် နိုင်ငံများတွင် အဖြစ်များသောရောဂါ ဖြစ်သည်။ ရင်သားကင်ဆာ၊ သွေးကင်ဆာဖြစ်ပွားမှု တွေနှင့်လည်း ဆက်စပ်သည် ဟုဆိုကြသည်။

(၉) အရက်။ အသည်းကင်ဆာ၊ အစာလမ်းကြောင်းကင်ဆာများ၏ လက်သည်တရားခံတစ်ဦး ဖြစ်သည်။ အယ်(လ်)ကိုဟောပါဝင်မှု၊ သောက်သုံးမှုပမာဏ နှင့် ကာလကြာရှည်မှုတို့ မှာ ထည့်သွင်းစဉ်းစားရမည့် အချက်များဖြစ်သည်။ ကာ(လ်)ဗာဒေါ့(စ်) ဟူသည့် ပန်းသီးဘရမ်ဒီ ကိုသောက်လေ့သောက်ထရှိသော ပြင်သစ်နိုင်ငံမြောင်ပိုင်းတွင် အစာပြွန်ကင်ဆာဖြစ်ပွားမှုမှာ စပျစ်ဝိုင်သောက်လေ့ရှိသော တောင်ပိုင်းထက် အဆမတန်ပိုမိုများပြားသည်ကို တွေ့ ရှိရသည်။
အဆိုပါအချက်များမှာ ယေဘုယျအဖြစ်များသော အချက်များဖြစ်ပြီး ကင်ဆာရောဂါအမျိုးအစားအလိုက် သီးခြားအချက်များလည်း ရှိပါသည်။ မည်သို့ ဆိုစေ မိမိ၏ နေထိုင်စားသောက်မှုစတိုင်(လ်)ကို အကဲဖြတ် နိုင်လောက်ပြီဟု ယူဆပါသည်။ ကင်ဆာရောဂါမဖြစ်ပွားအောင် ရာနှုန်းပြည့် မဟုတ်သော်လည်း အတတ် နိုင်ဆုံး မည်သို့  ကာကွယ်နိုင်သည်ကို သိရှိနိုင်ပြီဟု ယူဆပါသည်။ကဲ ကျွန်တော့ IT Bank ဆိုဒ်လေးကို လာလည်ရင်း ကျန်းမာရေး ဗဟုသုတလေးများလည်း လေ့လာသွားတဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ်နော်။သူငယ်ချင်းတွေ လဲ ကင်ဆာရောဂါ နဲ့ ပတ်သတ်ပြီး ရှောင်နိုင်သမျှလေး ရှောင်ရင်း လူ့ဘ၀မှာ ပျော်ရွှင်စွာဖြင့် သက်တန်းစေ့ နေနိုင်ပါကြစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
                                                                                                                                        ကြိုးစားလျက်......!
                                                                                                                                           (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: