IT Bank Site ကစာဖတ်ပရိတ်သတ်ကြီးတွေ အားလုံးအတွက် နှစ်သစ်ကူး အထူးလက်ဆောင် အကြွေစေ့ထည့်တဲ့ Game လေးပါ။


ကျွန်တော့ IT Bank Site ကို လာလည်ကြတဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး Happy New Year ပါနော်။2013 နှစ်သစ်ကို ကြိုဆိုတဲ့ အနေနဲ့ ကျွန်တော်က စာဖတ်ပရိတ်သတ်ကြီး လက်ဆောင်လေးတစ်ခု ပေးချင်တယ်ဗျာ။အဲ့ဒါလေးက ဘာလဲဆိုတော့ ကျွန်တော်တို့ Happy World တို့ ကစားကွင်းတွေမှာ အကြွေစေ့ တစ်စေ့ကို 100 ပေးဝယ်ပြီး ဆော့ရတဲ့ အကြွေစေ့ကို ကျွန်တော်တို့က Android OS သုံးဖုန်းတွေကနေ ပိုက်ဆံပေးစရာမလိုဘဲ ကစားချင်တဲ့ သူတွေအတွက် Application လေးတစ်ခု လက်ဆောင်ပေးချင်တယ်ဗျာ။ဘယ်လိုလဲဗျ။စကားသံလေးနဲ့ တင် ဆော့ချင်သွားပြီ မဟုတ်လားဗျ။ကျွန်တော် ဘာမှ မပြောတော့ပါဘူး။ဒီ Software လေးကို Download ဆွဲပြီးတော့သာ သုံးကြည့်ပေတော့ဗျာ။အောက်မှာတော့ ကျွန်တော် Screen Short လေးရိုက်ပြီး နမူနာဓာတ်ပုံလေးတွေ တင်ပေးထားပါတယ်ဗျာ။
Fig ~ 1
Fig ~ 2
Fig ~ 3
ကဲ.....ဓာတ်ပုံလေးတွေ ကြည့်ပြီး သဘောကျသွားပြီ မဟုတ်လားဗျ။မသိရင် ကျွန်တော်တို့ အပြင်မှာ တကယ့် အကြွေစေ့ထည့်ပြီး ကစားနေရသလိုပါပဲ။အရုပ်တွေ အကြွေစေ့တွေကို ရအောင်ထည့်ပြီး ယူလို့ရပါတယ်ဗျာ။ဂိမ်းထဲမှာ ပြောတာနော် အပြင်မှာ ရချင်ရင်တော့ Happy World မှာသာသွားဆော့နော်။ဘာပဲ ဖြစ်ဖြစ် အပျင်းပြေပေါ့ဗျာ ဟုတ်ဘူးလား။အောက်က Link လေးမှာ သွားပြီး Download ယူလိုက်ပါနော်။

Coin Dozer .Apk Download Page

ကျွန်တော့ IT Bank Site ကစာဖတ်ပရိတ်သတ်ကြီးတွေ အားလုံး နှစ်သစ်မှာ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ လိုအင်ဆန္ဒများပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

1 ဦးမှတ်ချက်ပေးသွားပါတယ်။း:

အိပ်မက်ကောင်းကင် said...

ကျေးဇူးပဲအကိုရေ ဒေါင်းသွားပြီနော်
နောက်လည်း သည်ထက်မကနည်းပညာတွေကိုဆက်လက်မျှဝေနိုင်ပါစေနော်
ခင်မင်လေးစားစွာဖြင့် (စိုင်းအာကာ)