ကျွန်တော် IT Bank ဆိုဒ်လေးမှာ ကျန်းမာရေးနဲ့ ဆိုင်တဲ့ Post တွေ ချည်းတင်ဖြစ်နေပါတယ်။နည်းပညာနဲ့ ဆိုင်တဲ့ Post မတင်ဖြစ်တာတောင် ကြာသွားပါတယ်။အဲ့ဒီ အတွက် စာဖတ်ပရိတ်သတ်လေးတွေကို တောင်းပန်ပါရစေဗျာ။အခုတော့ ကျွန်တော် နည်းပညာနဲ့ လဲ ဆိုင်တယ်။ပြီးတော့ အခု ခေတ်စားနေတဲ့ Android OS သုံး Mobile Phone တွေထဲကို Wikipedia ဆိုတဲ့ Application နဲ့ မိတ်ဆက်ပေးပါရစေလားဗျာ။Wikipedia ကိုတော့ ကျွန်တော် ထွေထွေထူးထူး မိတ်မဆက်တော့ဘူးဗျာ။စာဖတ်ပရိတ်သတ်တွေလဲ သိကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်ဗျာ။အခု ကျွန်တော် မိတ်ဆက်ပေးချင်တာက Wikipedia ဆိုတဲ့ Application လေးရဲ့ အကြောင်းပါပဲ။အဲ့ဒီ Application လေးထဲမှာ ဘာသာစကားပေါင်း 280 ကိုဘာသာပြန်ပေးနိုင်ပါတယ်။ကိုယ့် အကြောင်းကို Wiki မှာ မိမိ စိတ်ကြိုက်ရေးပြီး ဘာသာမျိုးစုံနဲ့ တင်ထားနိုင်ပါတယ်။ပြီးတော့ JS/Html5 ပါ Support လုပ်ပေးပါတယ်။ အောက်က ပုံလေးတွေ အတိုင်း အသုံးပြုနိုင်ပါတယ်ဗျာ။ လိုချင်ရင်တော့ အောက်က Download Link လေးမှာ သွားယူလိုက်ပါဦးနော်။
ဒီ Link လေးမှာ Download သွားယူလိုက်ပါဦးနော်။
Requires - Internet Connection
Current Version - 1.2.1
Requires Android OS - 2.2 နဲ့ အထက် အသုံးပြုလို့ရမှာဖြစ်ပါတယ်။
သူငယ်ချင်းတွေ အားလုံး အဆင်ပြေစွာ အသုံးပြုနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။Download Link များသေနေခဲ့ရင် Comments ပေးပြီး ဖြစ်စေ Cbox တွင် ဖြစ်စေ ပြောခဲ့လိုရပါတယ်နော်။
ကြိုးစားလျက်....!
(Yekyawphyo)

0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment