မိမိ ဆီပို့တဲ့ Mail တွေကို ကျေးဇူးတင်ကြောင်း လူမရှိပေမဲ့ Auto Reply Massage လေးထားပြီးအသုံးပြုချင်တဲ့ သူတွေအတွက်ပါ။

ဒီ တစ်ခါတော့ ကျွန်တော့ အရင်ဦးဆုံး တောင်းပန်ပါတယ်ဆိုတဲ့ စကားနဲ့ပဲ စပါရစေဗျာ။စာဖတ်သူတို့ ဘာလဲ ဆိုပြီး အနည်းငယ် တွေးကောင်းတွေးသွားနိုင်ပါတယ်ဗျာ။အဲ့ဒါက ဘာလဲ ဆိုတော့ ကျွန်တော့ IT Bank Site လေးကို ပစ်ထားတာ နည်းနည်းကြာသွားပါတယ်ဗျာ။ကြာသွားတယ်ဆိုတာလဲ ကျွန်တော် စာရေးပျင်းလို့လဲ မဟုတ်ပါဘူး။အပျင်းထူ နေတာလဲ မဟုတ်ပါဘူး။ကျွန်တော် အလုပ်တွေ များနေတာနဲ့ Post တွေ မတင်ဖြစ် ဖြစ်နေတာပါဗျာ။အဲ့ဒါ အတွက် ကျွန်တော့ IT Bank Site လေးရဲ့ စာဖတ်သူတွေ အားလုံးကို ကျွန်တော် အနူးအညွတ်တောင်းပန်ပါရစေဗျာ။တစ်ချို့မှာ ကျွန်တော့ ကို မေးလ် ပို့ပြီး လာပြောကြပါတယ်။ကျွန်တော့ကို အပျင်းထူနေတာလားတဲ့ လေ။မဟုတ်ပါဘူး။ကျွန်တော် အလုပ်မအားလို့ပါဗျာ။အဲ့ဒါ လေးကို နားလည်ပေးနိုင်ကြရင် ကောင်းမှာပဲဗျာ။ကျွန်တော့ ဒီ IT Bank Site လေးကို ကိုယ့်ဝါသနာ အရ အချိန်ကုန်ခံ ငွေကုန်ခံပြီး ရေးထားတာပဲ ဗျာ။မရေးချင်ပဲ ရှိပါ့မလားဗျာ။ပြီးတော့ ကျွန်တော် နေ့တိုင်းလိုလို ကျွန်တော့ ၀က်ဆိုဒ်လေးနဲ့ ကျွန်တော့ ၀က်ဆိုဒ်ရဲ့ စာဖတ်ပရိတ်သတ်လေးတွေကို လွမ်းနေမိတာတော့ တကယ်အမှန်ပါဗျာ။ကိုယ့် ၀က်ဆိုဒ်မှာ Post အသစ်လေးတွေ မတင်ဖြစ်လို့ စိတ်မကောင်းလဲ ဖြစ်မိပါတယ်ဗျာ။မတင်ဖြစ်ဘူး ဆိုတာလဲ ခုနက ကျွန်တော် အပေါ်မှာ ပြောခဲ့သလို တကယ် အလုပ်မအားလို့ပါဗျာ။ကျွန်တော် စကားပြောရှည်မိနေပြီဗျာ။Sorry...နော့်။ကျွန်တော် အခုတင်ပြပေးမဲ့ Post လေးကတော့ သိပြီးသားသူတွေလဲတော်တော်များများ ရှိနေလောက်မှာပါ။ကျွန်တော်လဲ ဒီ နည်းလေးကို သိနေတာ ကြာပါပြီ။ ဒါမဲ့ တစ်ချို့မသိသေးတဲ့ သူတွေလဲ ရှိကြပါတယ်ဗျာ။ပြီးတော့ ကျွန်တော့ကို Mail ပို့ပြီးမေးထားတာလဲ ရှိပါတယ်။အဲ့ဒါကြောင့် မို့ ကျွန်တော် သိတဲ့ ပညာလေးကို သူငယ်ချင်းတွေလဲ သိရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ကော စာလေးတွေ နဲ့ပါ ရှင်းပြပေးထားတဲ့ အတွက် ကျွန်တော့ Site လေးရဲ့ စာဖတ်ပရိတ်သတ်တွေ အနေနဲ့ နားလည်နိုင်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ။ကဲ...စကြမယ်ဗျာ။ဒီနည်းလေး အကြောင်းကို အရင်ပြောပြပါ့မယ်။သူများ Mail က ကိုယ့်စီ ကိုယ် Mail တစ်ဆောင် ပို့လိုက်တယ် ဆိုပါစို့။ကိုယ်က Online မှာလဲ မရှိဘူး။သူပို့လိုက်တဲ့ Mail ကို ကိုယ်က လက်ခံရရှိကြောင်းနဲ့ ကျေးဇူးတင်ကြောင်း ကို ကိုယ့်က ရေးပြီး ပို့စရာမလိုဘဲ Auto အလိုအလျောက် ပြန်လည်ဖြေကြားပေးနိုင်တဲ့ စနစ်တစ်ခုပေါ့ဗျာ။သူငယ်ချင်းတွေ စိတ်ဝင်စားရင် ကျွန်တော် အောက်မှာ ရှင်းပြပေးထားပါတယ်ဗျာ။အဲ့ဒီ အဆင့်လေးတွေ အတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ရုံပါပဲ။လုပ်တဲ့ နည်းလမ်းလေးက အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလေး တစ်ခုပါဗျာ။ကလိ ကြည့်လိုက်ပေါ့နော့။အရင်ဦးဆုံး ကျွန်တော်တို့ လုပ်ရမှာက.........

www.gmail.com

Gmail Login Page မှာ Sign In ၀င်လိုက်ပါ။ပြီးရင် အောက်ကပုံလေး အတိုင်း စက်သွားပုံစံလေးကို လိုက်ရှာပြီး Setting ဆိုတာလေးကို တွေ့အောင်ရှာပြီး Click လိုက်ပါ။

ပြီးရင် Mail Setting ကို ရောက်သွားပါလိမ့်မယ်။General ဆိုတဲ့ Tabs လေးကို တွေ့ရင် Click လိုက်ပါ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။

အဲ့ဒီ ပုံလေး အတိုင်း စာမျက်နှာကို ရောက်သွားပြီးရင်တော့ Vacation responder: ဆိုတဲ့  စာလေး လေးကို တွေ့ရအောင် ရှာလိုက်ပါ။အောက်မှာ ပြထားတဲ့ ပုံမျိုးလေး မှာပေါ့ဗျာ။

အဲ့ဒီမှာ ကျွန်တော် ပြောချင်တာကတော့ Vacation responder on ဆိုတဲ့ နေရာလေးမှာ အပြာရောင် Mark လေးတစ်ခုပေးထားပါ။ပြီးရင် Date နေရာမှာတော့ ဒီအတိုင်းလေးပဲ ထားပါ။ဘာမှ မလုပ်လိုက်ပါနဲ့။ပြီးရင် Subject ဆိုတဲ့နေရာလေးမှာ ကိုယ့်ရေးချင်တဲ့ စာသားတစ်ခုခု သုံးပေါ့။အကောင်းဆုံးကတော့ ကိုယ့်က Reply ပြန်မှာဆိုတော့ စာသား လှလှလေးလဲ ဖြစ်ရမယ်  စာသားတစ်ခုခုကို ခေါင်းစဉ်အနေနဲ့ ယူသုံးပေါ့ ဟုတ်ဘူးလား။Massage မှာ ကျတော့ ကိုယ် Reply ပြန်ချင်တဲ့ စာလုံးတွေကို ရိုက်ထည့်ပေးရပါ့မယ်။ကိုယ့်ကို Mail ပို့ပေးတဲ့ သူက စိတ်ကျေနပ်အောင်ပေါ့ဗျာ။နောက်တစ်ခါလဲ ကိုယ့်ကို ထူးထူးဆန်းဆန်း Mail လေးတွေ ပို့ပေးချင်လာအောင်ပေါ့ဗျာ။ပြီးရင်တော့ အောက်ကပုံလေးမှာ ပြထားတဲ့ အတိုင်း Save Changes နဲ့ Cancel ဆိုရင် Save Changes ပေါ့ဗျာ။
ကဲ ကျွန်တော် ပြောတဲ့ အဆင့်လေးတွေ အတိုင်း လုပ်ပြီးသွားရင်တော့ စမ်းကြည့်ကြပေါ့ဗျာ။အဆင်ပြေမှာပါ။ကျွန်တော့ သူငယ်ချင်းတွေနားလည်လွယ်အောင် ရှင်းပြပေးထားပါတယ်ဗျာ။
                                                                                                                                   ကြိုးစားလျက်......!
                                                                                                                                     (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: