Connection ကျနေလို့ ဓာတ်ပုံတွေ ပို့လို့မရရင် Google Mail ကနေပဲ လျင်မြန်စွာ Mail ပို့ကြမယ်။

ကျွန်တော် ဒီ တစ်ခါပြောပြမဲ့ Post လေးကတော့ Mail ပို့တဲ့ အခါ ဓာတ်ပုံတွေကို Attach File အနေနဲ့ တွဲစရာမလိုပဲ လျင်မြန်စွာ ပို့တဲ့ နည်းလေးပေါ့ဗျာ။တကယ်လဲ မြန်ပါတယ်ဗျာ။Connection မကောင်းတဲ့ အချိန်ဆိုရင်တောင် ဓာတ်ပုံကို ပို့ဖို့တောင် Retry ဖြစ်ဖြစ်နေလို့ စိတ်မညစ်ရတော့ဘူးပေါ့ဗျာ။အခု နည်းလေးကတော့ လွယ်ပါတယ်ဗျာ။ကျွန်တော် အောက်မှာ ဓာတ်ပုံလေးတွေနဲ့ ကော စာလေးတွေနဲ့ပါ ရှင်းပြပေးထားပါတယ်ဗျာ။အရင်ဦး ဆုံးလုပ်ရမှာကတော့....

www.gmail.com ကို Sign In ၀င်လိုက်ပါ။ပြီးရင် အောက်ကပုံလေး အတိုင်း စက်သွားပုံစံလေးကို Click ပြီး Setting ကို နှိပ်လိုက်ပါ။

ပြီးသွားရင်တော့ ဘာလုပ်ရမလဲ ဆိုတာ ဆက်ပြောပါ့မယ်။အောက်က ပုံလေး အတိုင်း Labs ဆိုတဲ့ Tab လေးကို သွားလိုက်ပါ။

ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ အတိုင်းလေး Labs ဆိုတာလေးကို ရောက်သွားရင်တော့ ကျွန်တော် အောက်မှာ ပေးထားတဲ့ စာလေး နဲ့ ပုံလေး ကို ကြည့်ပြီး ရှာလိုက်ပါဗျာ။

အဲ့ဒီပုံလေး မှာက Enable ဆိုတာကို ကျွန်တော်က ချိန်းပြီးသားမို့လို့ပါ။သူငယ်ချင်းတွေရဲ့ Mail Setting မှာတော့ စစဦးဆုံး ပြမှာကတော့ Disable ဆိုတဲ့ နေရာလေးမှာ အပြာရောင် Mark လေးပြနေပါလိမ့်မယ်။အဲ့ဒီ အခါ ကျွန်တော် အပေါ်ကပုံလေး အတိုင်း Enable ဆိုတာလေးကို Mark ပေးလိုက်ပါ။ဒါလေးပါပဲ ဗျာ။ပြီးရင်တော့ ကျွန်တော်တို့က ထုံးစံ အတိုင်း Save Changes လိုက်ပေါ့ဗျာ။အောက်က ပုံလေး အတိုင်းပေါ့။
ပြီးရင် တော့ မိမိ ရဲ့ Compose Mail ကို ပြန်သွားလိုက်ပါ။အရင်တုန်းက Mail ပို့တဲ့ Emoji နေရာရဲ့ ဘေးနားလေးမှာ Image ပုံစံလေး ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ကိုက ပို့ချင်ရင် အဲ့ဒီ ပုံလေးကို Click ပြီး မိမိ ပို့ချင်တဲ့ ဓာတ်ပုံကို စတင်ပြီး Upload လုပ်ပြီး ပို့နိုင်ပါပြီဗျာ။ပုံတွေ တော်တော်များများ ပို့လို့ရပါတယ်ဗျာ။Upload လုပ်တာလဲ မြန်ပါတယ်ဗျာ။ဒီနည်းလေး ကို တစ်ချို့ စာဖတ်ပရိတ်သတ်တွေ အနေနဲ့ သိပြီးသားလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျာ။ကျွန်တော်လဲ သိပြီးတာ ကြာပါပြီ။မသိသေးတဲ့ သူတွေအတွက်တော့ ဒီ နည်းလေးကို မေးတဲ့ သူတွေလဲ များတာနဲ့ ကျွန်တော် အတက်နိုင်ဆုံး စာဖတ်သူတွေ အနေနဲ့ နားလည်လွယ်အောင် အလွယ်ဆုံး ရှင်းပြပေးထားပါတယ်ဗျာ။သမုဒ္ဓရာ ရေဆိုတာ တစ်ယောက်တည်း သောက်လို့ မကုန်ဘူးဆိုတဲ့ စကားပုံလဲ ရှိသေးတာပဲလေဗျာ။မဟုတ်ဘူးလား။ကဲ...မြန်မာနိုင်ငံမှာ သုံးနေတဲ့ သူငယ်ချင်းတွေ အားလုံးလဲ  မိမိ ဓာတ်ပုံကို သူငယ်ချင်းတွေ ဆီ ဖြစ်ဖြစ် ချစ်သူ ဆီ ဖြစ်ဖြစ် ပို့ချင်တဲ့ သူတွေ အတွက် လွယ်ကူလျင်မြန်ဆုံး နည်းလေးကို ကျွန်တော်ပြောပြလိုက်ပါတယ်ဗျာ။ကျွန်တော်လဲ Connection ကျရင် အဲ့ဒီ နည်းလေးနဲ့ ပို့တာပဲလေ။အဲ့လောက် ဆိုရင် IT Bank Site လေးကို တည်ထောင်တဲ့ ကျွန်တော်ဟာ ဘယ်နိုင်ငံသားလဲ ဆိုတာ သိလောက်ကြမှာပေါ့နော်။ကျွန်တော့ ဆိုဒ်လေးကို လာလည်အားပေးတဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်နော်။ကျွန်တော့ စာဖတ်ပရိတ်သတ်တွေ အားလုံးကိုလဲ ကျွန်တော် အတက်နိုင်ဆုံး စာနဲ့ ကော ပုံလေးနဲ့ပါ ရှင်းပြပေးထားတဲ့ အတွက် နားမလည်စရာ အကြောင်းတော့ မရှိလောက်ပါဘူးနော်။နားမလည်ရင်လဲ အားမနာကြပါနဲ့ဗျာ။ဒီ Post လေးရဲ့ အောက်မှာ Comment ပေးနိုင်ပါတယ်နော်။မသိလို့နားမလည်လို့ မေးတဲ့ သူတွေ ကိုလဲ ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် နားလည်သလောက် တက်သလောက် မှတ်သလောက်လေး ပြန်လည် ရှင်းပြပါ့မယ်ဗျာ။ကျွန်တော် ကိုယ် ကျွန်တော် တော်တယ် တက်တယ်လို့ ကိုယ်ရည်သွေးတယ်လို့လဲ မထင်စေချင်ဘူးဗျာ။ကျွန်တော် ထက်တော်တဲ့ သူတွေ အများကြီးရှိပါတယ်ဗျာ။အဲ့ဒီ သူတွေနဲ့ ယှဉ်ရင်တောင် ကျွန်တော်ဟာ ဘာမှ မဟုတ်တဲ့ တစ်ယောက်နေရာမှာပဲ ရှိပါတယ်ဗျာ။ဒါမဲ့ ကျွန်တော် သိသလောက် မှတ်သလောက်လေးက စာဖတ်ပရိတ်သတ်တွေကို ပြောပြပေးလို့ စာဖတ်ပရိတ်သတ်တွေ အနေနဲ့ ဗဟုသုတ နဲ့ အကျိုးရှိခဲ့မယ်ဆိုရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။ကျွန်တော့ ဆိုဒ်လေးကို သဘောကျရင်လဲ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပေးကြပါဦးလို့ တောင်းဆိုပါရစေဗျာ။
                                                                                                                                     ကြိုးစားလျက်........!
                                                                                                                                        (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: