မိမိ Computer မှာ Ipad ios Style Skin Pack လန်းလန်းလေး အသုံးပြုချင်တဲ့ သူတွေ အတွက်ပါ။

ကျွန်တော် ဒီ တစ်ခါတော့ ကျွန်တော့ IT Bank Site လေးကို အားပေးတဲ့ သူငယ်ချင်းတွေ အတွက် နှစ်သစ်ကူးအနေနဲ့ လက်ဆောင်လေး တစ်ခုကို ပေးပါရစေဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး စိတ်ဝင်စားသွားကြပြီ မဟုတ်လားဗျာ။လိုချင်ရင်တော့ ဒီက ကျွန်တော်က ပေးဖို့အဆင့်သင့်ပါပဲဗျာ။ကျွန်တော် ပေးတဲ့ လက်ဆောင်လေးကို သဘောကျရင်တော့ သူငယ်ချင်းတွေက တခြားသူငယ်ချင်းတွေကိုလဲ ကျွန်တော့ဆိုဒ်လေးနဲ့ မိတ်ဆက်ပေးကြဦးလို့တောင်းဆိုပါရစေနော်။ဒါမဲ့ စိတ်မကောင်းစရာလေးတစ်ခုကတော့ Windows XP သမားတွေအတွက်တော့ သုံးလို့မရဘူးပေါ့ဗျာ။Windows 7 Only ဖြစ်ပါတယ်ဗျာ။ခု Software လေးကတော့ Apple ios Ipad Style လေးပေါ့ဗျာ။ကျွန်တော် ဒီ Software လေးကို ရထားတာ ကြာပါပြီဗျာ။Connection တွေ မကောင်းလို့ မတင်သေးတာကော အလုပ်တွေ မအားလို့ကော ပါပါတယ်။ဘာပဲဖြစ်ဖြစ်ဗျာ ကျွန်တော့ ဘက်ကနောက်ကျမှ တင်ပေးမိတဲ့ အတွက်တော့ သူငယ်ချင်းတွေကို တောင်းပန်ပါရစေဗျာ။ဒီ Software လေးကို အသုံးပြုပုံလေးတွေကော သူရဲ့ Support လေးတွေကောကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ တကွ ပြပေးထားပါတယ်ဗျာ။ကြည့်ရတာ ရိုးရိုးရှင်းရှင်းလေးနဲ့ တော်တော်လှပါတယ်ဗျ။အောက်က ပုံလေးကို အမြည်းအနေနဲ့ ကြည့်လိုက်ပေါ့ဗျာ။တော်ကြာ အမြည်းမရှိရင် အာပူနေမှာ စိုးလို့လေ။ဟီး ကျွန်တော်ကနောက်တာနော်။ကျွန်တော်လဲ မသောက်တက်ဘူးဗျ။သူများတွေ ပြောပြလို့ သိတာလေ။

ကဲ ဘယ်လိုလဲ လန်းတယ် မဟုတ်လားဗျ။Start Menu လေးကော Mouse Pointer လေးပါ။ပြောင်းသွားတာနော်။နောက်ပြီး Mouse Pointer ရဲ့ Options လေးမှာလဲ မိမိစိတ်ကြိုက် အလန်းဆင်လို့ရပါတယ်ဗျာ။နောက်တစ်ခုက တော့ Destop က Icons လေးတွေကို Mouse နဲ့ ထောက်လိုက်ရင် ရေပွတ်သွားသလိုမျိုးလေးဖြစ်ပြီးတော့ မိမိဖွင့်တဲ့ Application လေးဟာ ပွင့်သွားပါလိမ့်မယ်။ကျွန်တော်ဆို Mouse ရဲ့နောက်မှာ မြှားအရိပ်လေးတွေ ကျန်အောင်ပြင်ထားပါတယ်ဗျာ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။

တစ်ခြား Function လေးတွေလဲ ပြောင်းပါသေးတယ်။လုံးဝ Ipad Style အလန်းနော်။Ipad လေး တစ်လုံး အသုံးပြုနေရသလို Application အလန်းတွေနဲ့ သုံးနေရမှာဖြစ်ပါတယ်ဗျာ။အောက်ကပုံလေး ကတော့ ဒီ Software လေးကို Run ပြီး  Windows စတက်တက်ချင်း ပုံလေးကတော့ Windows 7 Style မဟုတ်တော့ပဲ Apple ios Style လေးနဲ့ စတက်မှာဖြစ်ပါတယ်ဗျာ။ဒီ Software လေးကို အရင်က သူငယ်ချင်းတွေ သုံးတဲ့ Software လေးတွေ အတိုင်း Run လိုက်ပါ။နောက်ဆုံးမှာတော့ အောက်ကပုံလေး အတိုင်းပြပါလိမ့်မယ်။အဲ့ဒီ အခါ ဘာမှ မရွေးတော့ပဲ တစ်ခါတည်း Reboot Now ဆိုတာ Click လိုက်ပြီး Finish ဆိုတာကို နှိပ်လိုက်ယုံပါပဲဗျာ။Trial Version မဟုတ်ဘဲ Full Version ဖြစ်တဲ့ အတွက် Serial Key တွေဘာတွေ မတောင်းပါဘူးဗျာ။သူငယ်ချင်းတွေ အားလုံး စိတ်ချမ်းသာစွာနဲ့ အသုံးပြုလို့ရတာပေါ့ဗျာ။
Libraries Box လေးကို ဖွင့်လိုက်ရင်တော့ အောက်ကပုံလေး အတိုင်းပေါ့ဗျာ။
ပြီးတော့ Windows Media Player လေးတွေမှာလဲ။အောက်ကပုံလေး အတိုင်း Skin လန်းလန်းလေးတွေနဲ့ တွေ့ရမှာဖြစ်ပါတယ်ဗျာ။
ပြီးတော့ မိမိ ကွန်ပျူတာကို အပြင်သွားနေလို့ သူများ မကိုင်စေလိုရင် Lock ချထားခဲ့လို့လဲ ရပါသေးတယ်။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။ကျန်တာတွေကိုလဲ သူငယ်ချင်းတွေ အားလုံး ကလိလိုက်ကြပေါ့ဗျာ။
နောက်တစ်ခုက System Info နဲ့ Win Version မှာတော့ အောက်ကပုံလေး အတိုင်းပြပေးပါလိမ့်မယ်။
ကျွန်တော် အခုပေးတဲ့ ဒီ Software လေး Run ပြီးတာနဲ့ မိမိ ကွန်ပျူတာမှာ ထည့်ထားတဲ့ Software တွေ Application တွေ အားလုံး မပျောက်သွားပါဘူးဗျာ။ပျောက်သွားလိမ့်မယ်လို့ မထင်လိုက်ပါနဲ့နော်။တစ်ချို့က ကြောက်ကြောက်နဲ့ Run ကြမှာ စိုးလို့ သတိပေးထားတာပါ။Ipad Style Icons လန်းလန်းတွေ နဲ့ အသုံးပြုရမှာ ဆိုတော့ သူငယ်ချင်းတွေ စိတ်ဝင်စားသွားကြပြီပေါ့နော်။သူများလို Ipad မ၀ယ်နိုင်လဲ ကိုယ့် PC Ipad လေးနဲ့ အတူ New Year မှာ လန်းနိုင်ကြပါစေဗျာ။အောက်က Link လေးမှာ Download ယူသွားပါဦးနော်။


ဒီ မှာ Download ယူသွားလိုက်ပါနော်။(For 32 Bits)
ဒီ မှာ Download ယူသွားလိုက်ပါနော်။(For 64 Bits)


ကဲ ဒီလောက် ဆိုရင်တော့ သူငယ်ချင်းတွေ အားလုံး ကျွန်တော့ ပေးတဲ့ လက်ဆောင်လေးကို သုံးပြီး 2012 New Year မှာ ပျော်ရွှင်ကြပါစေနော်။ကျွန်တော် အပေါ်မှာ 32 Bits ကော 64 Bits ပါ နှစ်မျိုးလုံး တင်ပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး သုံးရတာ အဆင်ပြေခဲ့မယ် ဆိုရင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်ပါပြီဗျာ။
                                                                                                          ကြိုးစားလျက်......!
                                                                                                           (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: