ကျွန်တော် ဒီ တစ်ခါတော့ Phone Knowledge လေးတစ်ခုနဲ့ သူငယ်ချင်းတွေကို မိတ်ဆက်ပေးပါ့ရစေဗျာ။Android Phone တွေမှာ English To English Dictonary လေးထည့်ပြီး အသုံးပြုချင်တဲ့ သူတွေ အတွက်ပါ။English လို လေ့လာလိုတဲ့ သူတွေအတွက်ပေါ့ဗျာ။ဒီ Appliction လေးရဲ့ လုပ်ဆောင်ချက်တွေကတော့ စာလုံးတစ်လုံးရဲ့ အနက်အဓိပ္ပာယ်ကို English To English ရှင်းလင်းဖော်ပြပေးထားပြီး စာလုံး တစ်လုံးစီရဲ့ Verb , Noun , Adjective အစရှိတာတွေရဲ့ အသုံးပြုတာတွေနဲ့ ပတ်သတ်တဲ့ စာလုံးတွေကို အနီးစပ်ဆုံးဖော်ပြပေးထားတာဖြစ်ပါတယ်။နောက်ပြီးတော့ မိမိ ရှာဖွေလိုတဲ့ စာလုံးတစ်လုံးစီရဲ့ အသံထွက်ကိုလဲ အသံနဲ့ ဖော်ပြပေးနိုင်တဲ့ Application လဲ ဖြစ်ပါတယ်ဗျာ။မိမိ ရှာဖွေလိုတဲ့ စာလုံးတွေကိုလဲ ပြန်ပြီး Share ချင်တယ်ဆိုရင်လဲ Bluetooth Devices ဖြင့်လဲ ပြန်လည် Share လုပ်နိုင်ပါတယ်ဗျာ။ဒီ Software လေးဟာ Offline အနေနဲ့ပါ အသုံးပြုနိုင်တဲ့ အတွက် သူငယ်ချင်းတွေအားလုံး အကျိုးရှိတဲ့ Software လေးတစ်ခုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကဲ အမြန်ဆုံးသာ Download ယူပြီး သူငယ်ချင်းတွေရဲ့ Phone လေးတွေမှာ ထည့်ပြီးအသုံးပြုလိုက်ကြတော့ပေါ့ဗျာ။အောက်မှာ Download Link လေးပေးထားပါတယ်ဗျာ။
ဒီမှာ Download ယူသွားလိုက်ပါနော်။(For Android)
ကဲ သူငယ်ချင်းတွေ အားလုံး ဗဟုသုတလေးတွေ တိုးပွားနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေရဲ့ ဝေဖန်အကြံပေးချက်လေးဟာ IT Bank Site လေးအတွက် အားဆေးတစ်ခွက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျာ။
ကြိုးစားလျက်....!
(Yekyawphyo)


0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment