ပိတ်ခံထားရတဲ့ Web Site တွေကို ဘာ Software မှ မလိုဘဲ ရိုးရှင်းသောနည်းလေးနဲ့ ကျော်ဖွင့်ကြမယ်။

ကျွန်တော် ဒီ တစ်ခါတော့ ကျောင်းတွေမှာအင်တာနက်ရှိပြီး Facebook တို့ Gmail တို့ကို ပိတ်ထားတဲ့ အခါ ဖွင့်လို့ရအောင် လုပ်တဲ့ နည်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။Facebook တို့ Gmail တို့ပိတ်ထားတာ ကြည့်လို့ရအောင် လုပ်တယ်ပဲထားဦး။တခြား ၀က်ဆိုဒ်တွေကော ကြည့်လို့မရဘူးလားလို့ မေးကြမှာ စိုးလို့ တခြားဝက်ဆိုဒ်တွေပါ ကျွန်တော်ပြောတဲ့ ဒီနည်းလေးနဲ့ ဖွင့်ပြီး အသုံးပြုလို့လဲ ရပါတယ်နော်။သူငယ်ချင်းတွေ မမေးခင် ကြိုပြောထားရတာလေ။လုပ်တဲ့ နည်းလေးကတော့ အရမ်းကို ရိုးရှင်းလွန်းလှပါတယ်ဗျာ။ဒီ နည်းလေးက ဘာ Software မှကို မလိုတာနော်။ကျွန်တော် အောက်မှာပုံလေးနဲ့ကော စာလေးနဲ့ပါရှင်းပြပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကဲ စကြမယ်ဗျာ။မိမိ ကွန်ပျူတာရဲ့ Keyboard မှာ Windows+R ကိုနှိပ်ပြီး Run Box ခေါ်ပါ။ပြီးရင် အဲ့ဒီ Run Box လေးပေါ်လာရင် အဲ့ဒီထဲမှာ CMD လို့ရိုက်ပြီး Ok နှိပ်လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

ပြီးရင် CMD Box လေးတစ်ခု ကျလာပါလိမ့်မယ်။အဲ့ဒီ Box လေး ထဲမှာ ကျွန်တော်တို့က စာလေးအနည်းငယ် ရိုက်ထည့်ရပါမယ်။ကျွန်တော် နမူနာအနေနဲ့ Facebook ကိုဖွင့်ပြပါ့မယ်။ping www.facebook.com လို့ရိုက်ပါ။ပြီးရင် Enter ခေါက်လိုက်ပါ။ping နဲ့ မိမိ အသုံးပြုလိုတဲ့ Web Site လိပ်စာနဲ့ကြားမှာ Space တစ်ခုခြားရပါမယ်။နောက်တစ်ခု ကျွန်တော်ပြောချင်တာကတော့ မိမိ အသုံးပြုလိုတဲ့ Web Site လိပ်စာဟာ မှန်ကန်ဖို့လိုအပ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့။ပြီးရင် မိမိ အသုံးပြုလိုတဲ့ Web Site လိပ်စာရဲ့ Ip Address နံပါတ်လေးတွေကို ကျလာပါလိမ့်မယ်။အဲ့ဒါလေးတွေကို ကျွန်တော်တို့က CMD Box လေးကို Right Click နှိပ်လိုက်ပါ။အောက်ကပုံလေး အတိုင်း Mark ဆိုတဲ့ စာလုံးလေးကို နှိပ်လိုက်ပါ။
ပြီးရင် ကျွန်တော်တို့က ခုန ဖော်ပြပေးထားတဲ့ IP Address နံပါတ်လေးတွေကို Select ပေးပြီး Ctrl+C တွဲနှိပ်လိုက်ပါ။Ctrl+C ဆိုတာကတော့ Copy ပေါ့ဗျာ။ဒါလေးကို တော့ အားလုံးသိပြီးကျလောက်ဖြစ်မှာပါဗျာ။အောက်ကပုံလေး အတိုင်း Select ပေးရမှာ ဖြစ်ပါတယ်ဗျာ။
ခုန ကျွန်တော်တို့ Copy လုပ်ထားတဲ့ IP Address နံပါတ်လေးတွေကို Web Browser တွေရဲ့ Address Bar မှာရိုက်ထည့်လိုက်ပါ။ခဏလေး စောင့်လိုက်ပါ။ဒါဆိုရင် မိမိ တို့ အသုံးပြုလိုတဲ့ Web Site တွေကို ဘာ Software မှ သုံးစရာမလိုလဲ အလွယ်တကူကြည့်ရှုလို့ရသွားမှာ ဖြစ်ပါတယ်ဗျာ။ကဲ ဒီလောက်ဆိုရင် သူငယ်ချင်းတွေ အားလုံး အဆင်ပြေပြေနဲ့ အသုံးပြုလို့ရကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံးအဆင်ပြေစွာနဲ့ အသုံးတည့်ကြလိမ့်မယ်ဆိုရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။
                                                                                                                                         ကြိုးစားလျက်.....!
                                                                                                                                           (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

2 ဦးမှတ်ချက်ပေးသွားပါတယ်။း:

tuntun said...

အလကား
ဘာမှလဲမရဘူး
ပြန်စစ်ကြည့်ပါအုံးဗျ

Ye Kyaw Phyo said...

ညီ ရေ အစ်ကိုသုံးတာတော့ အဆင်ပြေပါတယ်။အခု မရတော့ဘူးဆိုတာက YTP က ကိုက IP Address တွေကိုပါ ဘန်းထားတဲ့ အတွက် ဖွင့်လို့မရတာဖြစ်ပါတယ် ညီ။အဆင်မပြေရင် ပြန်ပြောပါဦးနော်။