ကျွန်တော် ဒီတစ်ခါတော့ Mozilla Firefox အသုံးပြုတဲ့သူတွေ အတွက် လက်ဆောင်လေး တစ်ခုပေးပါရစေဗျာ။ဒီ Add-ons လေးကတော့ ကျွန်တော်တို့ Access has been denied ဖြစ်နေတဲ့ Web Site လေးတွေကို ဘာ Software မှ မလိုပဲ FireFox မှာပဲ Add Ons အနေနဲ့ အသုံးပြုရတာ ဖြစ်ပါတယ်ဗျာ။အသုံးပြုနည်းကို ကျွန်တော် ပုံနဲ့ကော စာလေးနဲ့ပါ ပြပေးထားလို့ သူငယ်ချင်းတွေအားလုံး အသုံးပြုရတာ အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
ဒီ Link လေးကို Click ပြီး Install လုပ်ပါ။
ဒီ Link လေးကို နှိပ်လိုက်ပါက အောက်ကပုံလေး အတိုင်း မိမိ Firefox မှာ Download လုပ်နေတာကို တွေ့ရမှာပါ။
အဲ့ဒီ Download လေးက ဘယ်လောက်မှ သိပ်မကြာပါဘူး။ခဏစောင့်လိုက်ပါ။Download လုပ်တာလေး ပြည့်သွားပြီဆိုတာနဲံ့ Restart Now ဆိုတဲ့ စာတန်းလေး အဲ့ဒီ နေရာမှာပဲ ပေါ်လာပါလိမ့်မယ်။အဲ့ဒီ Restart Now ဆိုတာလေးကို Click လိုက်ပါ။မိမိ Firefox လေး ခဏ ပိတ်သွားမှာ ဖြစ်ပါတယ်နော်။ပြန်လည်၍ ပွင့်လာပါက မိမိ Firefox ရဲ့ ညာဘက်ထောင့်လေးမှာ အောက်ကပုံလေး အတိုင်း P ဆိုတဲ့ အစိမ်းရောင် အ၀ိုင်းလေး တစ်ခုရောက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။
အဲ့ပုံ လေး အတိုင်းပေါ်လာပြီဆိုရင်တော့ မိမိ ဖွင့်လို့မရတဲ့ Web Site ရဲ့ Address ကို firefox ရဲ့ Address Bar မှာရိုက်ထည့်ပြီး အပေါ်ကပုံလေး အတိုင်း P ဆိုတဲ့စာလုံးလေးကို Right Click နှိပ်ပြီး Open Current Site By PhProxy ဆိုတဲ့ နေရာလေးကို Click လိုက်ပါက မိမိတို့ ဖွင့်မရတဲ့ Web Site တွေကို အလွယ်တကူပွင့်သွားပြီး အသုံးပြုလို့ ရမှာဖြစ်ပါတယ်ဗျာ။ကဲ ဒီလောက်ဆိုရင် သူငယ်ချင်းတွေ အားလုံး နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အတွက် အကျိုးရှိခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်သွားပါပြီဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)

0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment