IDM နဲ့ Apk File တွေ GPK File တွေ တခြား File Type တော်တော်များများကို File Hosting တွေကပေးတဲ့ Download Link နှိပ်လိုက်တာနဲ့ တစ်ခါတည်း Down မယ်ဗျာ။ကျွန်တော့ စာဖတ်ပရိတ်သတ်တွေရဲ့ အတွေးမှာ အရင်တုန်းကလဲ Down ရပါတယ် ဘယ်လိုပြောတာလဲ မသိဘူးနော်ဆိုပြီး ကျွန်တော် ဆိုလိုတာကို နည်းနည်းနားမရှင်းဘူး ဖြစ်သွားတယ်ထင်တယ်နော်။ကျွန်တော် ရှင်းပြပါ့မယ်။ကျွန်တော်က Mozilla Firefox Browser ကိုဖွင့်ပြီး
www.1mobile.com က Apk တွေကို Download လုပ်လိုက်တယ်ဗျာ။ဒါပေမဲ့ Download လုပ်လိုက်တာက Firefox ရဲ့ Download Manger နဲ့ပဲ Down သွားတယ်။IDM နဲ့ မဟုတ်ဘူးပေါ့။အဲ့ဒီ Firefox Download Manger က ပေးလိုက်တဲ့ Apk File ရဲ့ Download Link ကို Copy ကူးပြီး IDM Download URL ထည့်တဲ့နေရာမှာ Paste လုပ်ပြီး အများစုက Download ဆွဲကြတယ်ပေါ့ဗျာ။အဲ့လို Download ဆွဲတာက တစ်ခါတစ်လေ Error တက်ပါတယ်။အထူးသဖြင့် Zippyshare File Hosting မှာတင်ထားတဲ့ Apk File တွေကို RAR မအုပ်ပဲနဲ့ တစ်ချို့က ဒီ အတိုင်း Apk File အနေနဲ့ တင်ထားတဲ့ ဟာတွေဆိုရင် ခုနက ကျွန်တော်အပေါ်မှာ ပြောထားတဲ့အတိုင်း Firefox Download Manger က ပေးလိုက်တဲ့ Apk File ရဲ့ Download Link ကို Copy ကူး IDM Download URL မှာသွားထည့်မိလိုက်ရင် Download ပြည့်သွားရင် Apk File Type ကိုမရပဲ .html နဲ့ဆုံးတဲ့ Web Page တစ်ခုကို ရသွားပါလိမ့်မယ်။ဒါဆိုရင် ကျွန်တော်တို့ Download လုပ်ရတာ ဘယ်အဆင်ပြေပါ့မလဲနော်။အဲ့ဒီတော့ ကျွန်တော်တို့က အဲ့လို Download တွေဆွဲရင် Error မတက်အောင် ပြီးတော့ File Size ကြီးတဲ့ Apk တွေဖိုင်တွေ Zippyshare မှာ တင်ထားတဲ့ Apk File တွေကို လွယ်လွယ်နဲ့ မြန်မြန်ဆန်ဆန် Download လုပ်လို့ရအောင် IDM နဲ့ ဘယ်လို Download ရမလဲဆိုတာ ကျွန်တော် လေ့လာထားသလောက်လေး ပြောပြပေးပါ့မယ်ဗျာ။အော်........ကျွန်တော် တစ်ခုပြောဖို့မေ့နေတယ်ဗျ။Apk+Data File မလိုတဲ့ Full Version Gpk File တွေကိုတင်ပေးနေတဲ့ တရုတ်ကထုတ်တဲ့ နာမည်ကြီး http://www.muzhiwan.com/ Market က GPK File တွေကိုလဲ Download လုပ်လို့ရပါသေးတယ်ဗျာ။ဘယ်လို လုပ်ရတာလဲဆိုတာကိုတော့ ကျွန်တော် အောက်မှာ ပုံနဲ့ တကွ ပြပေးထားပါတယ်ဗျာ။အရင်ဦးဆုံး မိမိ PC မှာ IDM ကို Install လုပ်ထားရပါလိမ့်တယ်။ပြီးသွားရင်တော့ ဘယ်ဘက်ဒေါင့်က Start Bar နေရာမှာ IDM Icon လေးကိုတွေ့ပါလိမ့်မယ်။အဲ့ဒါလေးကို Click လိုက်ပါ။
 |
| Fig ~ 1 |
ပြီးသွားရင်တော့ အောက်ကပုံလေး အတိုင်း IDM Page ပေါ်လာပါလိမ့်မယ်။အဲ့ဒီမှာ ကျွန်တော် အနီရောင်လေး ၀ိုင်းပြထားတဲ့နေရာ Options ဆိုတာလေးကို Click လိုက်ပါ။
 |
| Fig ~ 2 |
ဒါဆိုရင်တော့ IDM ရဲ့ Options General Page အရင်ပေါ်လာပြီပေါ့ဗျာ။အဲ့ဒီမှာ File
Type ဆိုတဲ့ Tab လေးကို Click လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။အဲ့ဒီမှာ ကျွန်တော်က File Type တွေကို ဖြည့်ပေးထားပါတယ်။အနီရောင် အ၀ိုင်းလေးလဲ ၀ိုင်းပြထားပါတယ်ဗျာ။ဒါကျွန်တော် နမူနာအနေနဲ့ File Type တစ်ချို့ရေးပြထားတာဖြစ်ပါတယ်။မှတ်ချက် အနေနဲ့ သတိပေးချင်တာကတော့ File Type တွေရေးတဲ့ အခါမှာ တစ်ခုနဲ့ တစ်ခုကို Space ခြားပြီးရေးပေးပါ။ပြီးသွားရင်တော့ Ok လုပ်လိုက်ပါ။
 |
| Fig ~ 3 |
အခု ကျွန်တော်ပြောတဲ့ အတိုင်း အားလုံးလုပ်ပြီးသွားပြီဆိုရင်တော့ အပေါ်မှာ ကျွန်တော်ပြောပြထားတဲ့ အတိုင်း Download လုပ်လို့အဆင်မပြေတဲ့ Apk File တွေ Gpk File တွေနဲ့ တခြား File Tpye တွေကို Download Link နှိပ်လိုက်ရုံဖြင့် လွယ်ကူလျှင်မြန်စွာ စိတ်ချလက်ချ Download လုပ်လို့ရနိုင်မှာဖြစ်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အားလုံးအဆင်ပြေကြပါစေဗျာ။ဒီ Post လေးနဲ့ ပတ်သတ်ပြီး မရှင်းတာများရှိနေခဲ့ရင် Post လေးရဲ့ Comment ရေးပြီး မှာထားခဲ့လို့ရပါတယ်ဗျာ။
ကြိုးစားလျက်...!
(Yekyawphyo)
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment