SD Memory Card ထဲက ဖြတ်မိတဲ့ Image ဖိုင်၊ Video ဖိုင်၊ Mp3 ဖိုင် တွေကို ဒီ Software လေးနဲ့ ပေါ့ပေါ့ပါးပါး ပြန်ယူရအောင်ဗျာ။

Fig ~ 1
ကျွန်တော်လဲ IT Bank Site လေးမှာ Post တွေ မတင်ဖြစ်တာတောင် တော်တော်ကြာသွားပြီနော်။ကျွန်တော့ စာဖတ်ပရိသတ်တွေ စိတ်ကောက်နေလောက်ပြီ ထင်ပါရဲ့ဗျာ။ဒီလိုပါဗျာ....စိတ်မကောက်ကြပါနဲ့ ကျွန်တော် Post မတင်ဖြစ်ဘူးဆိုတာကလဲ ကျွန်တော့ ဘက်မှာ Internet Connection တော်တော်ကြီးကို ကျနေတော့ ကျွန်တော့မှာ Software တွေ Upload လုပ်ရတာ အဆင်လဲမပြေ စာလဲ တင်မရဖြစ်နေတော့ ကျွန်တော်မှာ Post တွေ တခြား နည်းပညာ Blogger တာတွေနည်းတူ အချိန်မှီ Update တင်ချင်ပေမဲ့ ကျွန်တော်မှာ တင်မရဖြစ်နေတယ်လေ။အဲ့ဒီ အတွက် ကျွန်တော့ကို ကျေးဇူးပြုပြီး စာဖတ်ပရိတ်သတ်တွေက နားလည်ခွင့်လွှတ်ပေးကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။မိတ်ဆွေ တွေကတော့ ပြောတော့မှာပဲ။ဒီ Blogger လေးကတော့ ဖြစ်လာရင် အရာရာနဲ့အကြောင်းကြောင်းကြီးပဲ ပြီးတော့ ဆင်ခြေတွေကလဲ ပေးလိုက်တာလို့လေ။ဟဲ....ဟဲ အဲ့လိုမထင်ပဲ ကျွန်တော့ IT Bank Site လေးကို အားပေးကြပါနော်။ကျွန်တော် တက်သလောက် IT Post တွေ အများကြီး တင်ပေးဖို့ ရှိပါတယ်ဗျာ။ကျွန်တော့ ဆီက Internet Connection Line ကောင်းပါစေလို့သာ စာဖတ်ပရိတ်သတ်တွေက ဆုတောင်းပေးကြပါနော်။အခု ကျွန်တော် တင်ပေးမဲ့ Post ကတော့ ကျွန်တော်တို့ ဖုန်းတို့ ကင်မရာတို့ Mp4 တို့မှာ ပါဝင်တဲ့ Micro SD Card လေးတွေထဲမှာ အမှတ်မထင်ရုတ်တရက်ဖြတ်မိသွားတဲ့ ဓာတ်ပုံတွေ နဲ့ Video ဖိုင်တွေ Mp3 ဖိုင်တွေကို ပြန်ယူပေးတဲ့ Card Recovery ဆိုတဲ့ Software လေးနဲ့ မိတ်ဆက်ပေးချင်တာပါဗျာ။အဲ့ဒီ Software လေးအကြောင်း အသေးစိတ်တော့ ကျွန်တော် မရှင်းပြတော့ပါဘူးဗျာ။အသေးစိတ် လေ့လာချင်တယ်ဆိုရင်တော့ အောက်က သူရဲ့ Offical Web Page လေးကို သွားပြီးလေ့လာနိုင်ပါတယ်ဗျာ။


ကျွန်တော် အညွှန်းအရဆိုရင်တော့ တော်တော်လေးကို ကောင်းတဲ့ Software လေးတစ်ခုလို့ ပြောချင်ပါတယ်ဗျာ။ကျွန်တော် ကိုယ်တိုင်လဲ သုံးကြည့်ပြီးပါပြီ။အော်.....မေ့နေတာ Download Link ပေးရဦးမှာပဲနော်။သူရဲ့ Offical Web Page မှာဆိုရင်တော့ Trial Version အနေနဲ့ အသုံးပြုရမှာ ဖြစ်ပြီး Serial Key တောင်းပါလိမ့်မယ်။ကျွန်တော် ဆီမှာကတော့ Full Version အနေနဲ့ Download လုပ်ပြီး ကျွန်တော့ စာဖတ်ပရိတ်သတ်တွေ အဆင်ပြေစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်ဗျာ။ကျွန်တော် အဆင်မပြေမှာ စိုးလို့ Patch File , Crack File ကော နှစ်မျိုးလုံး ထည့်သွင်းပေးထားပါတယ်ဗျာ။အောက်က Link လေးမှာ သွားရောက် Download ရယူလိုက်ပါနော်။File Size ကတော့ 900.6 KB ပဲရှိတဲ့ အတွက် ပေါ့ပေါ့ပါးပါး Download လုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


ကျွန်တော် Crack File (သို့မဟုတ်) Patch File ထည့်နည်းလေးကို အနည်းငယ်ပြောပြမယ်ဗျာ။ပုံနဲ့ မပြနိုင်တော့တာ စိတ်မရှိပါနဲ့ဗျာ။ဒါပေမဲ့ စာဖတ်ပရိတ်သတ်တွေ နားလည်ရလွယ်ကူအောင်တော့ ရှင်းပြပေးပါ့မယ်ဗျာ။အပေါ်က ပေးထားတဲ့ Download File ကို ဖွင့်လိုက်ပါ။Setup File ကို Install လုပ်လိုက်ပါ။အဲ့ဒီထဲမှာ ပါတဲ့ Crack , Patch နှစ်ခုတည်းက မိမိ စိတ်ကြိုက် တစ်ခုကို Copy ကူးလိုက်ပါ။ပြီးသွားရင် Keyboard က Windows+E နှိပ်ပြီး My Computer ကို ခေါ်လိုက်ပါ။အဲ့ဒီ မှာ Windows OS (C:) ထဲကို ၀င်လိုက်ပါ။ပြီးရင် Program Files ထဲဝင်လိုက်ပါ။အဲ့ဒီမှာ CardRecovery ဆိုတဲ့ ဖိုင်ကို ရှာပါ။ပြီးရင် ခုနက ကျွန်တော်တို့ ကူးထားတဲ့ Crack File, Patch File တစ်ခုခုကို အဲ့ဒီ CardRecovery ဆိုတဲ့ ဖိုင်ထဲကို Paste ကူးထည့်ပြီး Patch ဆိုတာလေးကို Click လိုက်ပါ။ဒါဆိုရင် အသုံးပြုလို့အဆင်ပြေသွားပါလိမ့်မယ်။

Windows OS (C:)>>Program Files>>CardRecovery>>Patch File (Or) Crack File>>Okay

ကြိုးစားလျက်....!
 (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

1 ဦးမှတ်ချက်ပေးသွားပါတယ်။း:

Aung Than Oo said...

ဒေါင်းတော့ ဒေါင်းသွားပြီအကို ...
စမ်းကြည့်လိုက်အုန်းမယ်နော်...
ကျေးဇူးတင်ပါတယ်နော် အကို...