Fig ~ 1
ကျွန်တော် ဒီ တစ်ခါတော့ အခုတစ်လော I သမားတွေအတွက် ခေတ်စားနေတဲ့ iOS 6.x Jailbreak အသစ်ထွက်ရှိလာချင်းနဲ့ Jailbreak ပြုလုပ်ပုံပြုလုပ်နည်းကို ဓာတ်ပုံနဲ့ကော စာနဲ့ကော ဗီဒီယိုဖိုင်နဲ့ပါ ရှင်းပြပေးပါ့မယ်ဗျာ။iOS 6.x အတွက် Untether Jailbreak ပြုလုပ်နိုင်သည့် "evasi0n" ကို
ဖေဖော်ဝါရီ ၅ ရက်နေ့  ညဦးပိုင်းက အောင်မြင်စွာ Evad3rs Group ကထုတ်ပေးခဲ့နိုင်ပါတယ်။အရင်ဦးဆုံး ကျွန်တော်တို့ Jailbreak မပြုလုပ်မီ ပြင်ဆင်ပေးရမဲ့ အချက်တွေကတော့
အရင်ဦးဆုံး iOS Device ကို Apple ကထုတ်ပေးထားတဲ့ iOS 6.1 Version update လုပ်ထားပြီးသား ဖြစ်ရပါမည်။
မိမိ၏ iOS Device ကို iTunes (သို့ ) iCloud အသုံးပြု၍ Backup အရင်လုပ်ထားပါ။ဒါမှ ပြဿနာတစ်စုံတရာ ရှိခဲ့ရင် မိမိ Data တွေကို မပျက်မစီးပဲ ပြန်ရယူနိုင်အောင် Backup အနေနဲ့ သိမ်းခိုင်းထားတာပါဗျာ။
evasi0n 6.x ကို အသုံးမပြုမီ Device ၏ Passcode lock ကို ဖြုတ်ထားပေးပါ။Jailbreak လုပ်နေစဉ် ကာလအတွင်း iTunes, Xcode တို့ ကို
မဖွင့်ပါနှင့်။ Jailbreak လုပ်နေစဉ်တွင် Computer ကို အခြား
မည်သည့်အရာကိုမျှ အသုံးမပြုပဲ နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။Internet Connection Speed ကောင်းမွန်စွာရှိထားရမှာဖြစ်ပါတယ်။
Evasion 6.x Jailbreak ကို Download ရယူချင်တယ်ဆိုရင်တော့ Evad3rs ရဲ့ Offical Web Site ဖြစ်တဲ့ http://evasi0n.com/ မှာ သွားရောက် Download ရယူနိုင်ပါတယ်ဗျာ။
Evasion 6.x Jailbreak Download Page ~ Windows , Mac OS X , Linux
1 အရင်ဦးဆုံး မိမိ၏ iOS Device ကို PC/Laptop နှင့် ချိပ်ဆက်ပြီး iTunes နှင့် Backup လုပ်ပါ။
2. Backup လုပ်လို့ပြီးသွားပါက iTunes ကို ပြန်ပိတ်ထားပါ ( iOS Device ကို PC နှင့် ဆက်လက်ချိပ်ဆက်ထားပါ)
3. အပေါ်မှာကျွန်တော် Download ရယူခိုင်းခဲ့တဲ့ Evasion 6.x Jailbreak ကို မိမိ PC/Laptop ပေါ်တွင် Run ပါ။
4.အောက်က ပုံလေးအတိုင်း "Jailbreak" ဆိုတဲ့ Button လေးကိုနှိပ်ပါ။(Jailbreak ပြုလုပ်နေစဉ်အတွင်း ကျွန်တော်တို့က PC/Laptop အတွင်းမှာရှိတဲ့ Software/Program များကိုမဖွင့်မိစေရန် အထူးသတိထားရပါမယ်။)
Fig ~ 2
5.အောက်က ပုံကတော့ မိမိ iOS Device ကို Jailbreak စတင်ပြုလုပ်နေတဲ့ ပုံဖြစ်ပါတယ်။
Fig ~ 3
မိမိ iOS Device Jailbreak လုပ်နေစဉ်အတွင်း Device သည် အလိုလျှောက် Reboot တက်လာပါလိမ့်မည်
မိမိ iOS Device Passcode ကို ဖြုတ်ထားရန် မေ့လျှော့ခဲ့ပါက Program မှ Passcode
ရိုက်သွင်းရန် တောင်းလာချိန်မှသာ Device မှနေ၍ Passcode ကို ရိုက်သွင်းပါ။
Fig ~ 4
Fig ~ 5
6.အောက်က ပုံလေးကတော့ ကျွန်တော်တို့ iOS Device ကို Jailbreak လုပ်လို့ ပြီးဆုံးခါနီး Jailbreak Icon ကိုနှိပ်ရန်အတွက် ညွှန်ကြားထားတဲ့ ပုံလေးပါ။
Fig ~ 6
ပြီးသွားရင်တော့ မိမိ iOS Device ရဲ့ Home Screen တွင် "evasi0n" ဆိုတဲ့ Icon လေးကိုတွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီ Icon လေးကို နှိပ်လိုက်ပါ။
Fig ~ 7
7.ဆက်ပြီး မိမိ PC/Laptop မှာရှိနေတဲ့ Jailbreak ဟာ "Injecting" အနေနဲ့အလိုလျှောက် အလုပ်လုပ်နေပါလိမ့်မယ်.။အောက်က ဓာတ်ပုံလေးအတိုင်းပေါ့ဗျာ။
Fig ~ 8
8. နောက်ဆုံးပြီးခါနီးတွင် မိမိ Apple Device Reboot ပြန်လုပ်နေပါလိမ့်မယ်။Program တွင် Jailbreak Complete! ပြီးဆုံးခြင်းကို တွေ့ရပါလိမ့်မယ်။ပြီးရင် "Exit" နှိပ်ပေးလိုက်ပါ။
Fig ~ 9
နောက်ဆုံးမှာတော့ မိမိရဲ့ iOS Device ပြန်တက်လာပါက Home screen တွင် စောစောက evasi0n Icon လေးနေရာတွင် Cydia Icon လေးပြောင်းသွားတာကို တွေ့ မြင်ရမှာဖြစ်ပါတယ်ဗျာ။
Fig ~ 10
ကဲ....ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က iOS အသုံးပြုတဲ့စာဖတ်ပရိတ်သတ်ကြီး iOS Device iOS 6.1 ကို Untethered Jailbreak အောင်မြင်စွာ ပြုလုပ်ပြီးဆုံးသွားပါပြီဗျာ။ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ဖုန်းဆိုင်တွေသွားပြီး ပိုက်ဆံ 10000 , 20000 သောင်းပေးပြီး Jailbreak ပြုလုပ်ခိုင်းမဲ့ အစား မိမိကိုယ်တိုင် အလွယ်တကူ ပြုလုပ်နိုင်ပါတယ်ဗျာ။ငွေကြေးကုန်ကျမှုကလဲ အလွန်ဆုံး ကုန်ရင် 1000 ကျပ်နဲ့ အတွင်းလောက်မှာပဲ ကုန်ကျမှာဖြစ်ပါတယ်။အဲ့ဒီ ကုန်ကျမဲ့ 1000 ဆိုတာလဲ Internet သုံးစွဲမှုအတွက်ပဲ ကုန်ကျမှာဖြစ်ပါတယ်ဗျာ။
ကျွန်တော် iOS သုံး Device တွေအတွက် Jailbreak လုပ်နည်းကို ပုံနဲ့စာနဲ့ ကော ရှင်းပြပေးထားပါတယ်ဗျာ။မရှင်းသေးရင် အောက်မှာ Video Tutorials လေးပြထားပါတယ်ဗျာ။Video လဲ တစ်ခါတည်းတင်ပေးထားပါတယ်ဗျာ။မြင်ကွင်းသေးနေမှာ စိုးရင် အောက် Link လေး နှိပ်ပြီး သွားကြည့်နိုင်ပါတယ်နော်။
VIDEO
ကြိုးစားလျက်.....!
(Yekyawphyo )
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment