Internet ရှိရုံဖြင့် PC နဲ့ Android Phone/Tablet တွေကနေ သီချင်းအလန်းလေးတွေ နားထောင်နိုင်တဲ့ Radio Application လေးပါ။

Fig ~ 1

ကျွန်တော် ဒီနေ့ တစ်နေ့လုံးကို ပျင်းနေတာနဲ့ ကျွန်တော့ IT Bank Site လေးမှာ ဘာ Post တွေ တင်ရင် ကောင်းမလဲလို့ စဉ်းစားနေတာဗျာ။အခုမှ သတိရတော့တယ်ဗျာ။အဲ့ဒါကတော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာပဲ ရောက်နေ ရောက်နေ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးဟာ မြန်မာ တစ်ယောက်ဖြစ်တယ်ဆိုရင် အင်တာနက် ရှိတယ်ဆိုတာနဲ့ အွန်လိုင်းကနေ အခမဲ့ ရေဒီယို နားထောင်နိုင်တဲ့ Application လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။အခု မိတ်ဆက်ပေးမဲ့ Radio လေးကတော့ Mandalay FM ပဲဖြစ်ပါတယ်ဗျာ။သိပြီးသား သူတွေလဲ ရှိချင်ရှိနေမှာပါ။မသိသေးတဲ့ သူတွေ အတွက်ကတော့ အောက်မှာ ကျွန်တော်အသေးစိတ် ရေးထားပါတယ်ဗျာ။သွားကြည့်လိုက်ပါနော်။ဒါမှ မဟုတ် သူရဲ့ Offical Page ကိုပဲ သွားပြီး သီချင်းလေးတွေ Ringtone လုပ်ဖို့ Download ရယူချင်တယ်ဆိုရင်တော့ အောက်က Link လေးကို သွားလိုက်ပါနော်။


အရင်ဦးဆုံး ကျွန်တော် ပြောပြချင်တာကတော့ Mandalay FM ကို ကျွန်တော်တို့ PC ကနေပဲ နားထောင်အသုံးပြုချင်တဲ့ သူတွေအတွက်ပါ။အရင်ဦးဆုံး အောက်မှာ Download လုပ်ဖို့ ပေးထားတဲ့ Link ကို သွားပြီး Download လုပ်လိုက်ပါဗျာ။


အဲ့ဒီ ဖိုင်လေးကို Download လုပ်ပြီး Click နှိပ်ချက် နှိပ်လိုက်ယုံဖြင့် Mandalay FM တွင် ထုတ်လွှင့်သမျှ သီချင်းတွေကို အဆက်မပြတ်နားထောင်နိုင်မှာဖြစ်ပါတယ်ဗျ။PC မှာ လိုအပ်တဲ့ Player တွေကတော့ Windows Media Player , Winamp , iTunes အဲ့ဒီ ထဲကမှ မိမိ PC တွင် Player တစ်ခုခု ရှိထားရမှာ ဖြစ်ပါတယ်ဗျာ။Window Media Player ကတော့ ကျွန်တော်တို့ PC တိုင်းမှာ ရှိနှင့် ပြီးသားလို့ထင်ပါတယ်ဗျာ။ကဲ.....PC အတွက်ကတော့ ဒီလောက်ပါပဲဗျာ။ဘာမှ ထွေထွေထူးထူး အလုပ်မရှုပ်ပါဘူးဗျာ။လွယ်လဲ လွယ်ကူပါတယ်ဗျာ။
နောက်တစ်ခု ကတော့ ကျွန်တော်တို့ Android Phone နဲ့ Tablet တွေကနေ နားထောင်နိုင်ပါတယ်ဗျာ။တစ်ခု စိတ်မကောင်းစရာကတော့ iOS တို့ Iphone သမားတွေအတွက်တော့ Application ကမထွက်သေးဘူးဗျ။Android OS သမားတွေ အတွက်တော့ လိုချင်ရင် အောက်က Download Link လေးမှာ သွားယူလိုက်ပါနော်။


Fig ~ 2
ကဲ......ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ပျင်းနေတဲ့ အချိန်လေး သီချင်းလေး နားထောင်ချင်တယ်ဆိုရင် ကျွန်တော်ပေးထားတဲ့ Application လေးတွေကိုသာ ဖွင့်ပြီးနားထောင်ကြပေါ့ဗျာ။
ကြိုးစားလျက်.......!
 (Yekyawphyo)

Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

1 ဦးမှတ်ချက်ပေးသွားပါတယ်။း:

Phyu Phyu said...

အစ်မက US မှာနေပါတယ်.. computer ထဲကို Mandalay FM download လုပ်တာ အဆင်ပြေတယ်..
နားထောင်လို့လဲရတယ်.. တစ်ခါတစ်ခါတော့ ဖွင့်လို့မရတာတော့ ရှိပါတယ်.. ဒါပေမဲ့ OK တယ်ပေါ့နော်။
ပြောချင်တာက Android မှာ download လုပ်လို့ရသော်လဲ ဖွင့်တဲ့အခါမှာ "Buffering ..." ဆိုပြီး အကြာကြီးဖြစ်နေတာ လုံးဝကို အသံလဲပေါ်မလာပါဘူး။ Android က Samsung Galaxy Tab CE 0168 Model GT-P1000T ပါ။ အဲဒါ ဘာကြောင့်လဲလို့ သိချင်လို့ပါ။ နောက်ပြီး အခြားသော city FM Yangon လိုမျိုးတွေရော အဲလို download လုပ်တဲ့ Link များရှိသလားလို့ပါ။
ကျေးဇူးတင်ပါတယ် ..