ကိုယ့် PC မှာ ZawGyi Font နဲ့ Keyboard ရှိပြီး မြန်မာလို စာရိုက်လို့မရပဲ ပြဿနာတက်နေလို့ စိတ်ညစ်နေတဲ့ သူတွေအတွက်ပါ။

ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ ကျွန်တော့ကို Facebook က Myanmar IT Knowledge Organization Group လေးမှာ Ko Ko Aung မေးထားတဲ့ မေးခွန်းလေးကို ဖြေပေးရင်း ကျွန်တော့် IT Bank က စာဖတ်ပရိတ်သတ်တွေ အတွက်လဲ ကျွန်တော် လေ့လာထားသလောက်လေး ရှင်းပြပေးပါ့မယ်ဗျာ။ကိုယ့် PC မှာ ZawGyi Font ရော Keyboard ရော ရှိပါတယ်။ရှိရဲ့ သားနဲ့ မြန်မာလို ရိုက်လို့ မရဘူးဖြစ်နေပါတယ်။Ctrl+Shift လဲ နှိပ်ပြီး ရိုက်ကြည့်ပါတယ်။Alt+Shift လဲ နှိပ်ပြီး ရိုက်ကြည့်ပါတယ်။မြန်မာလို ရိုက်ရတာ အဆင်မပြေလို့ စိတ်ညစ်နေပါတယ်ဆိုတဲ့ သူတွေ အတွက်ပေါ့ဗျာ။အရင် ဦးဆုံး ကျွန်တော် လုပ်ပေးရမှာက Destop Start Bar ရဲ့ ညာဘက်ထောင့်စွန်းမှာ ရှိတဲ့  နာရီတွေ နေ့ရက်တွေ ပြတဲ့နေရာလေးမှာ Keyboard ပုံစံ Icon လေးကို တွေ့အောင် ရှာလိုက်ပါ။ပြီးရင် အဲ့ဒီ Keyboard ပုံစံ Icon လေးကို တွေ့ရင် Right Click ထောက်ပြီး Setting ဆိုတဲ့ နေရာလေးကို Click လိုက်ပါ။အောက်မှာ ပုံနဲ့ တကွရှင်းပြပေးထားပါတယ်ဗျာ။ကြည့်လိုက်ပါဦး။
Fig - 1
Fig - 1
Setting ကို Click ပြီးသွားတဲ့ အခါမှာတော့ Text Services and Input Languages ဆိုတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။အဲ့ဒီ အခါ General ဆိုတဲ့ Tab မှာ Default input language ဆိုတဲ့နေရာမှာ ကျွန်တော်တို့က English (Unuted States) - US ကို ပုံသေပြောင်းပေးထားရမှာပါ။အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း ပြင်ပေးရမှာ ဖြစ်ပါတယ်ဗျာ။
Fig - 2
Fig - 2
အဲ့ပေါ်က ပုံလေး အတိုင်းဖြစ်နေတယ်ဆိုရင်တော့ ဘာမှ လုပ်စရာမလိုအပ်ဘဲ နောက် Tab တစ်ခု ဖြစ်တဲ့ General ဆိုတဲ့ Tabs ရဲ့ ဘေးက Language Bar ဆိုတဲ့ Tabs ကိုသွားလိုက်ပါ။အဲ့ဒီ မှာ တစ်ခု သတိထားရမှာက Language Bar ဆိုတဲ့နေရာလေးမှာ Docked In The Taskbar ဆိုတဲ့နေရာလေးကို Mark ပေးလိုက်ပါ။ပြီးရင် အောက်မှာ ရှိနေတဲ့ စာကြောင်း အရှည်ကြီး 3 ခုထဲက အောက်ဆုံး စာကြောင်းဖြစ်တဲ့ Show Text Labels On The Language Bar ဆိုတဲ့နေရာလေးကို အမှန်ဖြစ် ဖြည့်ပေးလိုက်ပါ။ပြီးရင် Apply , Ok ပေါ့။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။ကြည့်လိုက်ပါဦး။
Fig - 3
Fig - 3
မပြီးသေးဘူး ဗျ။ကျွန်တော်တို့ လုပ်ရမဲ့ အဆင့်  2 ခု ရှိပါသေးတယ်။အဲ့ဒါက Language Bar ဆိုတဲ့ Tab ရဲ့ နောက်က Advanced Key Settings ဆိုတဲ့ Tab လေးကို Click လိုက်ပါ။အဲ့ဒီနေရာမှာ သတိထားရမှာ တစ်ခုက Press The CAPS LOCK Key ဆိုတဲ့ နေရာလေးမှာ Mark ပေးထားလိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။ကြည့်လိုက်ပါဦး။
Fig - 4
Fig - 4
အပေါ်က ပုံလေး အတိုင်း လုပ်ပြီးသွားပြီ ဆိုရင်တော့ အောက်နားလေးမှာရှိတဲ့ Change Key Sequence ... ဆိုတဲ့ နေရာလေးကို Click လိုက်ပါ။အဲ့ဒီ မှာ Switch Input Language နဲ့ Switch Keyboard Layout ဆိုတဲ့လေး နှစ်ခုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။အဲ့ဒီ မှာ ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာက Ctrl+Shift နှိပ်လဲ မြန်မာလို့ ရိုက်လို့ မရ Alt+Shift နှိပ်လဲ ရိုက်လို့ မရလို့ သူတွေ အဲ့ဒီနေရာမှာ ကျွန်တော်တို့ ပြင်ပေးရပါမယ်။Switch Input Language ဆိုတဲ့နေရာလေးရဲ့ အောက်မှာ 3 ကြောင်းမြောက်ဖြစ်တဲ့ Left Alt+Shift ဆိုတဲ့နေရာလေးကို Mark ရွေးပေးလိုက်ပါ။ပြီးရင် Switch Keyboard Layout ဆိုတဲ့ နေရာလေးရဲ့ အောက်မှာ ရှိတဲ့ 2 ကြောင်းမြောက်နေရာလေးက Ctrl+Shift ဆိုတဲ့ နေရာလေးကို Mark ပေးလိုက်ပါ။ပြီးရင်တော့ OK>Apply>Ok ပေါ့ဗျာ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။သွားကြည့်လိုက်ပါဦးနော်။
Fig - 5
Fig - 5
ကဲ.....ဒီလောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။အဆင်ပြေရင် တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော့ ၀က်ဆိုဒ်လေးကို လက်တို့ပေးပါဦးနော်။ကျေးဇူးတင်ပါတယ်ဗျာ။
                                                                                                                                         ကြိုးစားလျက်....!
                                                                                                                                          (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: