Mozilla Firefox မှာ Add-ons အသုံးပြုနည်းနဲ့ Download လုပ်နည်း Install လုပ်နည်းအကြောင်းရှင်းပြထားတာလေးပါ။

ကျွန်တော် အခု ထပ်ပြောပြမဲ့ Post လေးကတော့ ကျွန်တော်တို့ အသုံးများတဲ့ Mozilla Firefox မှာ Add-ons လေးတွေ ထည့်ပြီး သုံးချင်တဲ့ သူတွေ Add-ons ဆိုတာ ဘာလဲ။Add-ons ကို ဘယ်လို Install လုပ်တာ ဘယ်လို Download လုပ်တာလဲ ဆိုတာ ကို ကျွန်တော် သိသလောက် နားလည်သလောက်လေး ကျွန်တော့ IT Bank ရဲ့ စာဖတ်ပရိတ်သတ်လေးတွေကို ပြန်လည်မျှဝေပေးပါရစေဗျာ။Add-ons ဆိုတာ မိမိတို့ လက်ရှိအသုံးပြုနေတဲ့ Firefox ကို သုံးရတာ ပိုမိုကောင်းမွန်အောင် Application တွေ ထပ်မံဖြည့်စွက်ပေးတဲ့ အနေနဲ့ အသုံးပြုတာပါ။ကျွန်တော်တို့ လူလိုပါပဲ။ကျွန်တော်တို့ လူတွေတောင် နဂိုအလှထက် ပိုလှအောင် အကျီင်္တွေ ဘောင်းဘီတွေ ဖိနပ်တွေ နာရီတွေ ၀တ်ဆင်ရသေးတာပဲလေဗျာ။Firefox လေးလဲ သူ့အတွက် လှပသွားအောင် ကျွန်တော်တို့လဲ အကျိုးရှိသွားအောင် ထည့်သွင်းအသုံးပြုတဲ့ Mozilla Firefox ရဲ့ System လေးတစ်ခုပေါ့ဗျာ။Firefox လေးကို လှပသွားအောင် ပြင်ဆင်ချင်တဲ့ သူတွေ အတွက်ကတော့

https://addons.mozilla.org/en-US/firefox/

အပေါ်က Link လေးကို သွားပြီး မိမိတို့ အသုံးပြုလိုတဲ့ အလှဆင်လိုတဲ့ ပုံစံကို Search For Add-ons ဆိုတဲ့ နေရာလေးမှာ စာလေး ရိုက်ပြီး ရှာနိုင်ပါတယ်ဗျာ။အဲ့ဒီမှာ Firefox ကို ဘယ်လို ပုံစံ ပြင်ချင်တယ်။ပြီးတော့ ကိုယ့်အတွက် ဘယ်လို အကျိုးရှိတာလေးတွေကို လုပ်ဆောင်ပေးသလဲ ဆိုတာ သိရမှာပါ။အဲ့ဒါကိုတော့ ကျွန်တော် မပြောတော့ပါဘူး။ကိုယ့် ဘာသာ လိုအပ်သလို ရှာဖွေနိုင်ပါတယ်ဗျာ။တကယ်လဲ အကျိုးရှိလွန်းလှပါတယ်ဗျာ။ကျွန်တော်ကတော့ တော်တော် သဘောကျပါတယ်ဗျာ။အခု စရမှာက Add-ons ကို ဘယ်လို Download လုပ်ရမလဲ ဆိုတာက စပါမယ်။ကျွန်တော် နမူနာ တစ်ခု ဓာတ်ပုံတွေ နဲ့ကော စာတွေနဲ့ပါ ရှင်းပြပေးသွားပါ့မယ်ဗျာ။ကျွန်တော် အခု Search for Add-ons ဆိုတဲ့နေရာလေးမှာ Tab Scope 1.1.2 ဆိုတာလေးကို ရိုက်ပြီးရှာလိုက်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

တွေ့ပြီ ဆိုရင် အောက်က ပုံလေး အတိုင်းပေါ်လာပါပြီဗျာ။အောက်က အနီရောင်လေးဝိုင်းပြထားတဲ့  ပုံလေးအတိုင်း Add To Firefox ဆိုတာလေး ပေါ်လာပြီ ဆိုရင်တော့ အဲ့ဒီ Add To Firefox လေးကို Click လိုက်ပါ။

အပေါ်က ပုံလေးအတိုင်း Add to firefox ဆိုတာလေးကို Click ပြီးရင် အောက်ကပုံလေး  အတိုင်း သူက Download လုပ်နေမှာ ဖြစ်ပါတယ်ဗျာ။ခဏလေးပဲ စောင့်ပေးလိုက်ပါ။Download လုပ်တာ တကယ်ကို ခဏလေးပါပဲဗျာ။သိပ်မကြာပါဘူး။

ပြီးရင်တော့ Restart Now ဆိုတဲ့ စာလေးရယ် Undo ဆိုတဲ့ စာလေးရယ် ပြပါလိမ့်မယ်။Restart Now ဆိုတဲ့ စာလေးကို Click လိုက်ပါ။အောက်ကပုံလေးအတိုင်းပေါ့ဗျာ။

ပြီးရင် မိမိရဲ့ FireFox တစ်ခုလုံး Restart ခေတ္တခဏ ပိတ်သွားမှာ ဖြစ်ပါတယ်ဗျာ။ပိတ်သွားလို့ မိမိဖွင့်ထားတဲ့ Web Site တွေ Sign In ပြန်ဝင်ရလိမ့်မယ်လို့ ထင်ကောင်းထင်သွားပါလိမ့်မယ်။Sign In ပြန်ဝင်စရာမလိုပါဘူးဗျာ။မိမိ ဖွင့်ထားတဲ့ အတိုင်း နဂိုပြန်ဖြစ်သွားမှာပါ။တစ်ခု သတိထားရမှာက မိမိ Firefox ရဲ့ တစ်နေရာရာမှာ တစ်ခုခု ရောက်ရှိနေတာကို တွေ့ရမှာပါ။အဲ့ဒီ ဟာလေးက မိမိ Firefox အတွက်ကော မိမိ အတွက်ပါ အကျိုးရှိတဲ့ ဟာလေးတစ်ခုပေါ့ဗျာ။ကဲ.....ဒီလောက် ဆိုရင် သူငယ်ချင်းတွေ အားလုံး Mozilla Firefox ရဲ့ Add-ons အသုံးပြုနည်းနဲ့ Install လုပ်ပုံ လုပ်နည်းလေးကို သိလောက်ကြပြီလို့ ထင်ပါတယ်ဗျာ။မရှင်းတာ ရှိရင်လဲ ကျွန်တော့ ၀က်ဆိုဒ်ရဲ့ Cbox နေရာလေးမှာ ဖြစ်ဖြစ် Comment Box လေးမှာ ဖြစ်ဖြစ် မေးမြန်း အကြံပေးနိုင်ပါတယ်နော်။ကျွန်တော် ကတော့ အတက်နိုင်ဆုံး ကျွန်တော့ IT Bank Site လေးရဲ့ စာဖတ်ပရိတ်သတ် လေးတွေ နားလည် သဘောပေါက်လွယ်အောင် ကျွန်တော် အတက်နိုင်ဆုံး ပုံလေးတွေ နဲ့ကော စာလေးနဲ့ပါ ရှင်းပြပေးထားတဲ့ အတွက် အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
                                                                                                                                     ကြိုးစားလျက်.......!
                                                                                                                                       (Yekyawphyo)

Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

1 ဦးမှတ်ချက်ပေးသွားပါတယ်။း:

Anonymous said...

ကောင်းတယ်ဗျာ စမ်းကြည်.လိုက်အုံးမယ်