Web Site တွေဖွင့်လိုက်ရင် ``Bad Request Error 400´´ ဆိုပြီး ပေါ်နေလို့ စိတ်ညစ်နေသူများအတွက် ဖြေရှင်းနည်းလေးပါ။

ကျွန်တော် အခုပြောပြမဲ့ Post လေးကတော့ ကျွန်တော်တို့တွေ နေ့စဉ်သုံးလေ့ရှိတဲ့ Mozilla  စတဲ့ Internet Browser မှာ ကိုယ်အမြဲဖွင့်ကြည့်လေ့ ရှိတဲ့ Web Site တစ်ခုခုပေါ့။တစ်ခါတစ်လေ ဖွင့်ကြည့်လို့မရပဲ Bad Request Error 400 ဆိုပြီးပြတက်ကြတာ တွေ့ဖူးကြပါလိမ့်မယ်။အဲ့ဒီ အခါ ကျွန်တော်တို့က ကိုယ်ဖွင့်ကြည့်တဲ့ Web Site လိပ်စာလေးက Hack ခံရတာလား။ဒါမှ မဟုတ် ပိုင်ရှင် က ဖြတ်သိမ်းလိုက်လို့ ကြည့်မရတာလားပေါ့ တစ်ခါတစ်လေ ကိုယ့်စိတ်က ထင်ယောင်ထင်မှားဖြစ်တက်ပါတယ်ဗျာ။အဲ့ဒီအခါ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်ဗျာ။အဲ့ဒီလို စိတ်မညစ်ရအောင် ဖြေရှင်းနည်းလေးကို ကျွန်တော်က အရိုးရှင်းဆုံးနဲ့ အလွယ်ဆုံးနည်းလေးကို ကျွန်တော် တက်သလောက်လေး သူငယ်ချင်းတွေကို  ပုံနဲ့ကော စာလေးနဲ့ပါ မျှဝေပေးပါရစေဗျာ။သူငယ်ချင်းတွေ အားလုံး နားလည်သဘောပေါက်ကျလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကဲ...... စ လိုက်ရအောင် ဗျာ။အောက်မှာ တစ်ဆင့်ချင်းသွားလိုက်ပါနော်။


အပေါ်က ပုံလေးအတိုင်းပေါ့ဗျာ။အဲ့ပုံ မြင်လိုက်ရင် အားမငယ်ရဘူးနော်။ဆက်ကြစို့ဗျာ။

ဒီပုံက Mozilla မှာ အသုံးပြုတဲ့ပုံလေးပေါ့ဗျာ။အရင်ဦးဆုံး Options ကိုသွားလိုက်ပါ။ပြီးရင် Privacy ဆိုတဲ့ Tab Bar လေးကို သွားလိုက်ပါပြီးရင် ဘာလုပ်ရမလဲ ဆိုတာ အောက်ကပုံလေးမှာ ကြည့်လိုက်ပါနော်။

Clear Your Recent History ဆိုတဲ့ နေရာကို Click လိုက်ပါ။အောက်ကပုံလေး အတိုင်းဆက်လက်မြင်နေရမှာ ဖြစ်ပါတယ်ဗျာ။

Clear Now ဆိုတာလေးကို Click လိုက်ပါ။ပြီးရင် အောက်ကပုံလေး ကို ဆက်ကြည့်ပြီး လက်လုပ်လိုက်ပါဦးနော်။

Remove Individual Cookies ဆိုတဲ့ စာတန်းလေးကိုတွေ့အောင်ရှာပြီး Click လိုက်ပါ။ပြီးရင် အောက်ကပုံလေး အတိုင်း ဆက်လေ့လာသွားလိုက်ပါ။

ကျွန်တော် ၀ိုင်းပြထားတဲ့ Remove Cookie ဆိုတာလေးကို Click တစ်ချက်နှိပ်လိုက်ပါ။ပြီးရင် Close နှိပ်လိုက်ပါ။ဒါဆိုရင် ခုနက သူငယ်ချင်းတွေ ဖြစ်နေတဲ့ စိတ်ညစ်စရာ Bad Request Error 400 ဆိုတဲ့ စာတန်းကြီး မဖြစ်တော့ပဲ အလွယ်တကူအသုံးပြုလို့ ရသွားမှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ နားလည်လွယ်အောင်လဲ ရှင်းပြထားပေးထားပါတယ်ဗျာ။တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော့ IT Bank Site လေးနဲ့ မိတ်ဆက်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။
                                                                                                                                        ကြိုးစားလျက်.....!
                                                                                                                                         (Yekyawphyo)

Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: