သာမန်လူတန်းစား နဲ့ ပါရာစီတမောလ်ဆေးသောက်သုံးခြင်းရဲ့ ဆိုးကျိုးများ

ကျွန်တော် ဒီ တစ်ခါ တင်ပြမဲ့ Post လေးကတော့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ Post လေးပါ။ကျွန်တော် တို့တွေ နေမကောင်းတဲ့ အခါ သာမန်လူတစ်စားတစ်ဦးအနေနဲ့ ဆေးခန်းမသွားပဲ။အလွယ်တကူ ၀ယ်သောက်လေ့ရှိတဲ့ ပါရာစီတမောလ် ဆိုတဲ့ အင်္ဂလိပ်ဆေးရဲ့ ဆိုးကျိုးလေးတစ်ရပ်ပါ။ဆေးဆိုတာကလဲ သုံးတက်ရင် ဆေးပေါ့ မသုံးတက်ရင်တော့ ဘေးဖြစ်မှာပေါ့မဟုတ်ဘူးလား။ဒါဆို ကျွန်တော်တို့က သုံးတက်အောင် သုံးဖို့ပါပဲ။ဒီ Post လေးကို တင်ရတာလဲ ကျွန်တော့ဆိုဒ်လေးကို လာလည်တဲ့ သူငယ်ချင်းတွေ အားလုံးဆေးပညာဆိုင်ရာ ဗဟုသုတလေးကော ကွန်ပျူတာဆိုင်ရာ ဗဟုသုတလေးပါ ရစေချင်လို့ တင်ပေးလိုက်တာပါ။ကျွန်တော် ဆရာဝန်တစ်ယောက်လဲ မဟုတ်ပါဘူး။ဆေးအကြောင်းလဲ ကောင်းကောင်းနားမလည်ပါဘူး။ဒါမဲ့ ကိုယ်လေ့လာထားသမျှလေး စာဖတ်ထားသမျှလေး သူငယ်ချင်းတွေလည်း ဗဟုသုတလေးများ ရအောင် ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်ဗျာ။
ကျွန်တော်တို့လို သာမန်လူတန်းစားတွေ အနေနဲ့ ပါရာစီတမောလ်ဆေး ၅ဝဝ မီလီဂရမ်ဆေးပြားအား လိုအပ်သည်ထက် ပိုမိုသောက်သုံးမိပါက အဆိပ်သင့်သေဆုံးနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဦးစန်းထွေး က ပြောကြားခဲ့တာဖြစ်ပါတယ်ဗျာ။
”အခြားဆေးတွေထက် ပါရာစီတမောလ်ဆေးကို လူတွေက အလွယ်တကူ ဝယ်သောက်လေ့ရှိကြပါတယ်။ ဒီဆေးရဲ့ အဓိကဘေးထွက်ဆိုးကျိုးက အသည်းရဲ့လုပ်ဆောင်မှု ကို တိုက်ခိုက်တာပါပဲ။ အရွယ်ရောက်ပြီးတဲ့ လူငယ်တစ်ယောက်ဟာ ဆေးတစ်ခါသောက်ရင် ပါရာစီတမောလ် ၅ဝဝ မီလီဂရမ် ၂ ပြားထက် ပိုမသောက်သင့်ပါဘူး” လို့ ဆရာ ဦးစိန်ဝင်းထွန်းက ထပ်မံပြောကြားသည်။
ပါရာစီတမောလ် လွန်ကဲစွာ သောက်သုံးခြင်းဖြင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုး လက္ခဏာတွေမှာ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ မစားချင် မသောက်ချင်ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်တတ်ပြီး အဆိုးဆုံးလက္ခဏာများအဖြစ် မျက်လုံးဝါခြင်း၊ ဆီးမည်းမည်းသွားခြင်း၊ အစာအိမ်အပေါ်ပိုင်း၌ နာကျင်ခြင်းစသည့် ဝေဒနာများ ဖြစ်ပွားတတ်ပြီး နောက်ဆုံး အခြေအနေအဖြစ် အသက်ဆုံးရှုံးသည်အထိပင် ဖြစ်နိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ပါရာစီတမောလ်ဆေးများမှာ နိုင်ငံစုံမှဝင်ရောက်ပြီး ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကာ ဆေးတောင့်၊ ဆေးပြား၊ ဆေးရည်၊ စအိုတွင်းထည့်ဆေး တောင့် စသည်ဖြင့် ဆေးဝါးပုံစံအမျိုးမျိုးရှိကြောင်း သိရသည်။
”ဒီဆေးကို ပုံမှန်သောက်မယ်၊ စနစ်တကျသာသောက်မယ်ဆိုရင် ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတာ၊ အဆစ်အမြစ်ရောင်၊ ခါးနာ၊ သွားကိုက်၊ အအေးမိဖျား နာတာတွေ ပျောက်ကင်းစေနိုင်ပေမယ့် ဆေးလွန်ရင်တော့ မိမိ အသက်ပါဆုံးရှုံး နိုင်င်ပါတယ်။ နောက်တစ်ခုက ဒီဆေးနဲ့မတည့်ဘဲ ခန္ဓာကိုယ်မှာ အနီကွက်တွေ ပေါ်လာတာ၊ အသက်ရှူရ ခက်တာတို့၊ မျက်နှာ၊ လျှာနဲ့လည် ချောင်းစတဲ့ အစိတ်အပိုင်းတွေ ရောင်ရမ်းတတ်တာမျိုးလည်း တချို့ လာပြတဲ့လူနာတွေမှာ တွေ့ရတယ်”ဟု အထက်ပါဆရာဝန်က ပြောကြားသည်။
မြန်မာနိုင်ငံအတွင်းရှိ အသက်အရွယ်ကြီးသည့် လူတချို့သည် ခန္ဓာကိုယ် နာကျင်ကိုက်ခဲ၍ ပါရာစီတမောလ်ဆေးစားရင်း ဆေးစွဲသွားကာ ပဲလှော်စားသကဲ့သို့ စားနေကြ ခြင်းများကို ရှောင်ရှားသင့်ပြီး အထက်ဖော်ပြပါလက္ခဏာများ ပေါ်လာပါက မိမိသဘောနှင့် မိမိဘာသာ ဆေးသုံးစွဲနေမှုကိုရပ်ပြီး ဆရာဝန်နှင့်အမြန်ဆုံးပြသကာ ကုသမှု ခံယူသင့်ကြောင်း ဒေါက်တာ ဦးစိန်ဝင်းထွန်းက အကြံပြုပြောကြားခဲ့တာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီ တော့ ကျွန်တော်တို့လို့ သာမန်လူတန်းစားတွေ အနေနဲ့ နေမကောင်းရင်ဖြစ်ဖြစ် ဆေးကို သူနေရာနဲ့သူ အကျိုးရှိစွာ အသုံးပြုကြပြီး ဆေးကို အလွန်အကျွံ သုံးစွဲခြင်းကို ရှောင်ရှားကြပါလို့ ကျွန်တော်က ထက်ဆင့် သတိပေးပြောပါရစေဗျာ။ကဲ ကျွန်တော့ ဆိုဒ်လေးကို လာလည်တဲ့ သူငယ်ချင်းတွေ အားလုံး ဆေးပညာဆိုင်ရာ ဗဟုသုတလေးကော ကွန်ပျူတာ ဆိုင်ရာ ဗဟုသုတလေးပါ ရနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
 From - အနာဂတ်ကြယ်ပွင့်
                                                                                                                                       ကြိုးစားလျက်.......!
                                                                                                                                          (Yekyawphyo)


Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

1 ဦးမှတ်ချက်ပေးသွားပါတယ်။း:

Anonymous said...

အခုလိုသိရတာကျေးဖူးတင်ပါတယ်။
အမြဲတမ်းသောက်နေကျမို.နောက်ဆိုဆင်ခြင်လို.ရတာပေါ.နော်။