Windows 7 တွင် Destop မှာရှိတဲ့ Icons Shortcut Arrow လေးတွေကို အရိုးရှင်းဆုံးနည်းလေးနဲ့ ဖျောက်ချင်တဲ့ သူတွေအတွက်ပါ။

ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်တို့ Windows 7 အသုံးပြုတဲ့ သူတွေရဲ့ ကွန်ပျူတာ Destop လေးမှာ Shortcut ထုပ်ထားတဲ့ Icon လေးတွေရဲ့ အောက်မှာ မြှားလေးတွေ ပေါ်နေတက်ပါလိမ့်မယ်။အဲ့ဒီ အခါ ကိုယ်က အဲ့လိုမပေါ်စေချင်ဘူး။Icon လေးတွေကို ရှင်းရှင်းလေးနဲ့ မြင်စေချင်တယ်ဆိုရင်ပေါ့ဗျာ။အောက်က ပုံလေးအတိုင်းပေါ်နေကြတယ် ဆိုရင်ပေါ့ဗျာ။
မပေါ်ချင်ရင် တော့ လွယ်ပါတယ်ဗျာ။လုပ်နည်းလေးက အရမ်းကို ရိုးရှင်းလွန်းလှပါတယ်ဗျာ။ဘာ Software လေးမှလဲ မလိုအပ်ဘူးနော်။ကျွန်တော် လုပ်နည်းလေးကို အောက်မှာ ပုံလေးတွေနဲ့ကော စာလေးနဲ့ပါ ရှင်းပြပါ့မယ်နော်။လေ့လာသွားလိုက်ပါဦးနော်။အရင်ဆုံး ကျွန်တော်တို့ လုပ်ရမှာက Windows+R ကနေ Run Box လေးကို ခေါ်ပါ့မယ်ဗျာ။ပွင့်လာပြီဆိုရင် Run Box လေးထဲမှာ regedit လို့ရိုက်ပြီး Ok လိုက်ပါ။Registry Editor Box လေးကျလာရင် အောက်က စာလေးတွေအတိုင်း သူရဲ့ ဖိုင်ပတ်လမ်းလေးအတိုင်း သွားပြီး အဆင့်လိုက်လုပ်လိုက်ယုံပါပဲဗျာ။


KEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\Shell Icons
တကယ်တော့ အဲ့ဒီ ဖိုင်ပတ်လည်မှာ Shell Icons ဆိုပြီး ပါပါတယ်။တစ်ချို့ ကွန်ပျူတာတွေမှာတော့ အဲ့ဒီ ဟာလေးမပါတက်ကြပါဘူး။အဲ့ဒီ အခါကျရင် ဘာမှ စိတ်မပူပါနဲ့ ကျွန်တော် အဆင်ပြေအောင်ရှင်းပြပေးထားတာ ဖြစ်တဲ့ အတွက် သူငယ်ချင်းတွေ နားလည်လွယ်မှာပါဗျာ။တကယ်လို့ မပါခဲ့ရင်တော့ Explorer ကို Right Click ထောက်ပြီး New ဆိုတဲ့ စာကြောင်းလေးက Key ဆိုတာလေးကို ရွှေးပြီး Key Name နေရာလေးမှာ Shell Icons လို့နာမည်လေးပေးလိုက်ပါ။မသိရင် အောက်ကပုံလေးကို ကြည့်လိုက်ပါနော်။

အဲ့ဒီ အခါ Shell Icons ဆိုတဲ့ File လေးတစ်ဖိုင်ရောက်နေမှာကို တွေ့ရမှာဖြစ်ပါတယ်ဗျာ။အဲ့ဒီ Shel Icons ဆိုတဲ့ ဖိုင်လေးကို Right Click ထောက်လိုက်ပြီး New >> String Value ဆိုတာလေးကို Click ပြီး 29 လို့ပေးထားလိုက်ပါ။မလုပ်တက်သေးရင် အောက်က ပုံလေးအတိုင်းကြည့်လုပ်လိုက်ပေါ့ဗျာ။


ပြီးရင် 29 ဆိုတဲ့ Key လေးကို Right Click ထောက်ပြီး modify ဆိုတာလေးကို ရွေးပြီး Value Data ဆိုတဲ့ နေရာလေးမှာ အောက်က စာလေးအတိုင်း ရိုက်ထည့်ပေးလိုက်ပါ။ 

C:\Windows\System32\shell32.dll,50


အောက်ကပုံလေး အတိုင်း ထည့်သွင်းရမှာ ဖြစ်ပါတယ်ဗျာ။
အားလုံး ပြီးသွားပြီဆိုရင်တော့ Ok လုပ်လိုက်ပြီး မိမိ ကွန်ပျူတာကို Restart ချပေးလိုက်ရုံပါပဲဗျာ။ဒါဆိုရင် မိမိ ကွန်ပျူတာလေးမှာ Shortcut တွေ ရှုပ်ရှက်ခက်မနေဘဲ ရိုးရိုးရှင်းရှင်းလေးနဲ့ကြည့်ရတာ မျက်စိသက်သာသွားမှာပေါ့ဗျာ။ဒီ နည်းလေးက မကောင်းဘူးလားဗျ။ဘာ Software မှ Download လုပ်နေစရာမလိုပဲ လွယ်လွယ်လေးနဲ့ အဆင်ပြေသွားမဲ့ နည်းလေးဆိုတော့ သူငယ်ချင်းတွေ အားလုံးကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အဆင်ပြေရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။
                                                                                                           ကြိုးစားလျက်......!
                                                                                                            (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: