ကျွန်တော် ဒီ တစ်ခါတော့ Windows 7 အသုံးပြုတဲ့ သူတွေ အတွက် Start Button Animator ဆိုတဲ့ Software လေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ကျွန်တော်တို့ က တစ်ခါတစ်ခါ ဒီ Computer ကြီးပဲ တစ်ချိန်လုံး ကြည့်နေရတာ ကြာတော့ ပျင်းကုန်ကြပြီပေါ့ဗျာ။ဒီတော့ တစ်ခါတစ်လေ ပျင်းရင် အပျင်းပြေလေး မိမိ Computer ကို အလှဆင်ပြီး ကလိကြပေါ့ဗျာ။မဟုတ်ဘူးလားဗျ။ကျွန်တော်လဲ ပျင်းရင် တစ်ခါတစ်လေ Computer မှာ အလှဆင်ဖို့ Funny Software လေးတွေ လိုက်ရှာတာပေါ့။ရှာတဲ့ အတိုင်းလေးတွေ့တော့ ကျွန်တော် အရမ်းသဘောကျတာနဲ့ ကျွန်တော့ IT Bank Site လေးကိုအားပေးတဲ့ သူငယ်ချင်းတွေလဲ သဘောကျလိမ့်မယ် ထင်လို့ ကျွန်တော်က ပြန်မျှဝေပေးလိုက်ပါတယ်နော်။လိုချင်ရင် အောက်မှာ Download ယူသွားလိုက်ပါနော်။ဖိုင်ဆိုဒ်လေးက 365.23 KB ပဲ ရှိတာမို့ အမြန်ဆုံးသာ Download ယူလိုက်ကြပါနော်။အောက်ကပုံလေး အတိုင်း မိမိ Computer ရဲ့ Start Menu လေးမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။ပုံလေးတွေက သူငယ်ချင်းတွေ စိတ်ကြိုက်ပုံလေးတွေ ချိန်းလို့ရပါတယ်နော်။ဒါမဲ့ တစ်ခု သတိထားရမှာက သူငယ်ချင်းတွေ ချိန်းရမဲ့ ဓာတ်ပုံတွေရဲ့ Format က .gif ပုံဖြစ်ရပါမယ်ဗျာ။နောက် သတိထားရမှာက Windows 7 Only ဖြစ်ပါတယ်ဗျာ။Windows XP သမားတွေ အတွက်တော့ စိတ်မကောင်းပါဘူးဗျာ။ဒါမဲ့ Windows XP သမားတွေအတွက် အဲ့ဒီလို Software လေးရလာရင်လဲ ကျွန်တော် ဆက်ဆက်တင်ပေးပါ့မယ်ဗျာ။XP သမားတွေ အားလုံး အားမငယ်ကျပါနဲ့ဗျာ။
အောက်က ပုံလေး ကတော့ မိမိတို့ ချိန်းချင်တဲ့ ပုံတွေကို ချိန်းလို့ရအောင် လုပ်ပေးတဲ့ နေရာလေးပေါ့ဗျာ။
ဒီ Link လေးမှာ Download သွားယူလိုက်ပါနော်။
ကဲ သူငယ်ချင်းတွေ အားလုံး မိမိ ကွန်ပျူတာကို ကလိရင်း ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ ပျော်ရွှင်တဲ့ မျက်နှာကို မမြင်ရပေမဲ့ သူငယ်ချင်းတွေ မျက်နှာလေး ပျော်ရွှင်နေခဲ့မယ် ဆိုရင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)

0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment