ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်တို့ အသုံးများတဲ့ Mozilla FireFox မှာ မိမိလိုအပ်တဲ့ စာတွေ ဓာတ်ပုံတွေကို Print ထုပ်ဖို့ Pdf ဖိုင်တွေပြောင်းတာတို့ လုပ်တဲ့ အခါကျရင် မလိုအပ်တဲ့ ကြော်ငြာကဏ္ဍတွေ မလိုအပ်တဲ့ ဓာတ်ပုံတွေ စာသားတွေကို ဖြုတ်ပြီး မိမိလိုချင်တဲ့ နေရာလေးတွေ စာသားလေးတွေချည်း ကူးလို့လုပ်တဲ့ Firefox ရဲ့ Addons လေးတစ်ခုနဲ့ သူငယ်ချင်းတွေ ကို မိတ်ဆက်ပေးပါ့ရစေဗျာ။သူငယ်ချင်းတွေ လိုချင်ရင် ကျွန်တော်က ပေးဖို့ အဆင့်သင့်ပါပဲဗျာ။ကျွန်တော် အောက်မှာ ဓာတ်ပုံလေးတွေနဲ့ လည်းပြပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး မလုပ်တက်စရာမရှိအောင် အရှင်းလင်းဆုံးလေး ရှင်းပြပေးထားပါတယ်ဗျာ။အမှားများ ပါနေခဲ့ရင်လဲ နားလည်ပေးကြပါလို့ တောင်းပန်ပါစေဗျာ။အရင်ဦးဆုံး အောက်က Link လေးကို Download ယူလိုက်ပါ။Download လုပ်နည်းလေးကိုလည်း ပုံလေးနဲ့ တကွ အရှင်းဆုံးလေးပြပေးထားပါတယ်ဗျာ။
(ဒီ Link လေးကို Click လိုက်ပါ။)
ပြီးရင် အောက်ကပုံလေး အတိုင်း Add To Firefox ဆိုတာလေး Click လိုက်ပါ။
ပြီးရင် အောက်ကပုံလေး အတိုင်း ဆက်ပြီး တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။Download ဆွဲနေတာ ဖြစ်တဲ့ အတွက် ခဏလေးစောင့်နေလိုက်ပါ။
ပြီးရင် Restart Now ဆိုတဲ့ စာလေးရယ် Undo ဆိုတဲ့ စာလေးရယ် ပြပါလိမ့်မယ်။Restart Now ဆိုတဲ့ စာလေးကို Click လိုက်ပါ။အောက်ကပုံလေးအတိုင်းပေါ့ဗျာ။
ပြီးရင် မိမိရဲ့ FireFox တစ်ခုလုံး ခေတ္တခဏ ပိတ်သွားမှာ ဖြစ်ပါတယ်ဗျာ။ပြန်ပွင့်လာရင် အောက်ကပုံလေး အတိုင်း မိမိ Firefox လေးမှာ Print Edit ဆိုတဲ့ Icon လေးနဲ့အတူ နေရာလေးတစ်ခုကိုတွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီမှာမှ မိမိ Print ချင်တဲ့ စာသားတွေကို ရွှေးပြီးယူပြီး မိမိမလိုချင်တဲ့ ဟာတွေကို Delete လုပ်ပြီး မိမိတို့ စိတ်ကြိုက် Print လို့ရသွားပြီပေါ့ ဗျာ။
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော် အရိုးရှင်းဆုံး နည်းလေးနဲ့ တကွ ပုံလေးတွေနဲ့ကော စာတွေနဲ့ပါ ရှင်းပြပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံးအတွက် အကျိုးရှိတဲ့ Post လေးတစ်ခုဖြစ်ခဲ့မယ် ဆိုရင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်ပါတယ်ဗျာ။
ကြိုးစားလျက်.......!
(Yekyawphyo)

0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment