Gmail Account သစ်များ မြန်မာနိုင်ငံတွင် လွယ်ကူစွာဖွင့်ရန်



ဒီတစ်ခါတော့ ကျွန်တော်တို့ အခုနောက်ပိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Gmail Account တွေ အလွယ်တကူဖွင့်လို့မရတာတွေ့နေရပါတယ်။Account တစ်ခု ဖွင့်ချင်ရင် နောက်ဆုံး အဆင့်မှာ Mobile Phone No. တွေတောင်းနေတာကိုလဲ တွေ့ရမှာပါ။အဲ့ဒီ အခါ ဖုန်းနံပါတ်တွေကိုလဲ ကိုယ့်နိုင်ငံက ဖုန်းနံပါတ်လဲ မကြိုးစားပေးပါဘူးဗျာ။အဲ့ဒီတော့ နိုင်ငံခြားနဲ့ အဆက်အသွယ်ရှိတဲ့သူတွေ ကျတော့ သူ့တို့ဆီက ဖုန်းနံပါတ်တောင်းပြီး အကောင့် ဖွင့်တာတို့ ဘာတို့ ရှိပါတယ်။နောက်ပြီးနိုင်ငံ ခြားသူတွေကို Account လုပ်ခိုင်းပြီး ဒီမှာ Account တွေကို ပိုက်ဆံနဲ့ ရောင်းနေကြတာကို တရားဝင် Internet ဂျာနယ်ထဲမှာ အပတ်စဉ်တွေ့နေရပါတယ်။Gmail Account တစ်ခုကို 9000 ကျပ်နှုန်းနဲ့ပါ ရောင်းနေတာကိုကျွန်တော် တွေ့ခဲ့ရပါတယ်။တကယ်လဲ အဲ့လို ရောင်းနေကြတာပါ။အဲ့ဒီ အတွက် သုံးတဲ့ သူတွေ အစားကျွန်တော် စိတ်မကောင်းတော်တော် ဖြစ်မိပါတယ်ဗျာ။ဒါလဲ ကိုယ်တက်တဲ့ ပညာကို လုပ်စားရတာဆိုတော့လဲ အပြစ်ပြောလို့တော့မရပါဘူးဗျာ။သူတို့လို တက်ချင်ရင် သူတို့တွေလို အချိန်တွေကိုပေး လေ့လာနိုင်ရဲ့လားဆိုတာ မိမိ ဘာသာစဉ်းစားကြည့်ပါဗျာ။အဲ့လို နိုင်ငံခြားမှာ အဆက်အသွယ်ရှိတော့ ကောင်းတာပေါ့ဗျာ။ကျွန်တော်တို့လို သာမန်လူတွေ အတွက်တော့ ငွေကြေးအရမ်းကုန်ပါတယ်ဗျာ။ဒါမဲ့ သူတို့ ဖွင့်ပေးတဲ့ Account တွေက 1 ပတ်ပဲ ခံပါတယ်။ပြီးရင် အကောင့် Lock ကျသွားတာတို့ ဖြစ်ပါတယ်ဗျာ။အဲ့ဒါ ကိုတော့ ကျွန်တော် လက်တွေ့ မြင်ခဲ့ရတာပါ။ G-Mail Account ဖာက် ချင်တယ်ဆိုရင် အရင်တုန်းကလို လွယ်လွယ်ကူကူ ဖောက်လို့မရတော့ ပါဘူး .. အကောင့် တစ်ခုဖောက်ချင်ပြီ ဆိုရင် Security ပိုင်းအရ ပိုပြီးလုံခြုံမှုရှိလာအောင် Verification လုပ်ပေးပြီး Code ထည့်ပေးမှ အကောင့်အသစ် တစ်ခုကို ဖောက်လို့ရမှာဖြစ်ပါတယ်။ကဲ ကျွန်တော်တို့ စကြရအောင်ဗျာ။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ.ကော စာတွေနဲ့ကော အတက်နိုင်ဆုံး ရှင်းပြပေးသွားပါ့မယ်ဗျာ။အရင်ဦးဆုံး မိမိလက်ရှိသုံးနေတဲ့ Gmail Account တစ်ခုကို ဖွင့်လိုက်ပါ။အောက်က Link လေးမှာ အရင် ၀င်လိုက်ပါ။

http://www.gmail.com

မိမိ Gmail Account ကို ဖွင့်လိုက်ပါ။ဖွင့်ပြီးပြီ ဆိုရင် အောက်ကပုံလေး ကိုကြည့်ပါ။


Invite A Friend ဆိုတဲ့ အကွက်လေးမှာ မိမိ ဖောက်ချင်တဲ့  Account တစ်ခုခုကို Add လိုက်ပြီး Send Invite ကို နှိပ်လိုက်ပါ။တစ်ခု သတိထားရမှာက မိမိဖောက်ချင်တဲ့ Account ဟာ သူများအသုံးမပြုရသေးတဲ့ Account ဖြစ်ဖို့လိုအပ်ပါတယ်။Add ပြီးပါက အောက်ကပုံလေး အတိုင်း မိမိရဲ့ Gmail မှာ ရောက်ရှိနေမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီ Mail ကို ဖွင့်လိုက်ပါ။
 အောက်က ကျွန်တော် ပြထားတဲ့ ပုံလေးအတိုင်း ဆက်လက်တွေ့ရှိမှာ ဖြစ်ပါတယ်ဗျာ။


အဲ့ဒီ မှာ Sign Up လုပ်ဖို့ Link လေးကို အဆင်သင့်ပေးထားပါလိမ့်မယ်။အဲ့ဒီ Link လေးကို Copy ကူးလိုက်ပါဗျာ။ကျွန်တော် တို့အခု Copy ကူးထားတဲ့ Link လေးကို Internet Explorer(IE) ရဲ့ Web Address Bar လေးမှာ Paste လုပ်လိုက်ပါ။ပြီးရင် ခဏစောင့်ပါ။Account အသစ်ဖောက်တဲ့ စာမျက်နှာ ကျလာပါက မိမိ စိတ်ကြိုက်နာမည် ဖြင့် Account အသစ် တစ်ခု ဖွင့်လို့ရမှာ ဖြစ်ပါတယ်ဗျာ။



တစ်ခု သတိထားရမှာကတော့ Re-enter Password ဆိုပြီး ရိုက်ပြီးသွားတာနဲ့ အောက်က Stay Signed in  နဲ့ Enable Web History ဆိုတဲ့ အကွက်လေး နှစ်ခုမှာ အမှန်ခြစ်လေး ပေးထားခဲ့ရင် အဲ့ဒီ အမှန်ခြစ်လေး နှစ်ခုကို ဖြုတ်ပေးရမှာ ဖြစ်ပါတယ်။အဲ့ဒါမှ အဆင်မပြေဘူးဆိုရင် Stay Signed in ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးဖြုတ်ပြီး Enable Web History ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးပေးလိုက်ပြီး From ကိုဆက်လက်၍ ဖြည့်ကြည့်ပါဗျာ။ပြီးရင် အောက်မှာ လိုအပ်တဲ့ မေးခွန်းတွေရဲ့ အဖြေကို သေချာစစ်ဆေးပြီး ဖြေပါ။အားလုံး ပြီးသွားပြီဆိုရင်တော့ I accept Create my account ဆိုတဲ့ စာတန်းလေးကို Click တစ်ချက်နှိပ်လိုက်ပါ။ဒါဆိုရင်တော့ မိမိ လိုချင်လှပါတယ်ဆိုတဲ့ Gmail Account အသစ်လေးတစ်ခုကို ရရှိသွားမှာ ဖြစ်ပါတယ်ဗျာ။အားလုံး Ok သွားပြီဆိုရင်တော့ အောက်ကပုံလေး အတိုင်း ကျလာမှာ ဖြစ်ပါတယ်ဗျာ။
အဲ့ဒီ အခါကျရင် Show me my account ဆိုတာလေးကို Click တစ်ချက်နှိပ်လိုက်ပါ။ပြီးရင်တော့ မိမိ ဖွင့်ထားတဲ့ Gmail Account အသစ်ရဲ့ Gmail Inbox ကြီးတစ်ခု ကျလာမှာ ဖြစ်ပါတယ်ဗျာ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။ဒါဆို မိမိတို့ လိုချင်တဲ့ Gmail Account သစ်ဖွင့်နည်းနဲ့ မြန်မာနိုင်ငံမှာ Gmail Account သစ်တွေကို ပိုက်ဆံနဲ့ ၀ယ်စရာမလိုပဲ Free အသုံးပြုလို့ရမှာ ဖြစ်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေချောမွေ့ပါစေဗျာ။အခက်အခဲ တစ်စုံတစ်ရာများရှိခဲ့ပါက CBox တွင် Comment ရေး၍ထားခဲ့နိုင်ပါတယ်ဗျာ။ကျွန်တော် သိသလောက်တက်သလောက်လေး ပြောပြပေးပါ့မယ်ဗျာ။


(မှတ်ချက် - မိမိအနေနဲ့ Account အသစ် From ဖြည့်ရာတွင် အသုံးပြုထားခဲ့သော မေးခွန်းတွေ အဖြေတွေကို မိမိ အနေနဲ့ ဦးနှောက်နဲ့ ဖြစ်ဖြစ် NoteBook စာအုပ်လေးနဲ့ ဖြစ်ဖြစ် မပျောက်ပျက်အောင် သိမ်းစည်းပေးထားကြပါလို့တော့ ပြောပါရစေဗျာ။မသိမ်းထားပါက မိမိ Account ပြဿနာတစ်စုံတစ်ဖြစ်ခဲ့ပါက အဲ့ဒီ မေးခွန်း အဖြေလေးတွေက မိမိ တို့ကို သမာဓိရှိတဲ့ တရားသူကြီးတစ်ဦးအနေဖြင့် သက်သေခံအဖြစ် လိုက်ပေးမှာဖြစ်ပါတယ်ဗျာ။)
                                                                                                                                      ကြိုးစားလျက်......!
                                                                                                                                        (Yekyawphyo)

Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

1 ဦးမှတ်ချက်ပေးသွားပါတယ်။း:

Anonymous said...

not working
but thank you bro