ကျွန်တော် အလုပ်တွေ မအားတာကော Connection တွေမရတာအတွက်ကော ကျွန်တော့ IT Bank လေးကို Post မတင်ဖြစ်တာတော်တော်ကြာပါပြီ။အဲ့ဒီ အတွက် ကျွန်တော့ IT Bank လေးကို အားပေးကြတဲ့ သူငယ်ချင်းတွေ အစ်ကို အစ်မ တွေ အားလုံးကို ဒီ Post လေးနဲ့ အတူ အနူးအညွှတ်လေးတောင်းပန်ပါရစေဗျာ။ကျွန်တော် တို့ ကွန်ပျူတာ တွေမှာ တစ်ခုခု လုပ်လို့မရတာတို့ ဘာတို့ ကျရင် Run Box လေးက အကူအညီပေးပါတယ်။အဲ့ဒီ Run Box လေးကို ကျွန်တော်တို့က မိမိ စိတ်ကြိုက် အရောင်လေးတွေ ထားပြီးသုံးကြရအောင်ဗျာ။အသုံးပြုပုံလေးတွေကို ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ တကွပြသပေးထားပါတယ်ဗျာ။
Windows+R > CMD > Box Right Click > Properties
ဓာတ်ပုံ ကို မမြင်ရရင် Click နှိပ်၍ကြည့်ပါ။အောက်ကပုံကို ဆက်လက်ကြည့်ပါ။
Colors Tab လေးကို Click ပြီး Screen Background ဆိုတာလေးကို Mark လေးပေးလိုက်ပါက CMD Box ရဲ့ မူလ အနက်ရောင် Background နေရာမှာ မိမိ စိတ်ကြိုက် အရောင်ကို ချိန်းပြီးသုံးလို့ ရပါတယ်။Screen Text လေးကို Mark ပေးလိုက်ပါက CMD Box လေးက Text စာသားလေးတွေကို မိမိ စိတ်ကြိုက် အရောင်ကို ထပ်ချိန်းလို့ ရပါတယ်ဗျာ။ပြီးရင် Ok ပေါ့။ဒါဆိုရင် အောက်က ပုံလေးတွေ အတိုင်းမိမိတို့ စိတ်ကြိုက် အရောင်လေးတွေနဲ့ CMD Box လေးတွေမှာ အသုံးပြုလို့ ရသွားပါပြီဗျာ။
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေစွာ အသုံးပြုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော့ Post လေးတွေကို လွတ်လပ်စွာ ကူးယူနိုင်ခွင့်ရှိပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင်ရဲ့ နာမည်လေးတော့ ထည့်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)

0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment