(ဧရာဝတီ ကျိန်စာ)

ဒီ တစ်ခါတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အသက်သွေးကြောလို့ ပြောလို့ရတဲ့ ဧရာဝတီမြစ်ကြီး အကြောင်းကို မြန်မာနိုင်ငံရဲ့ နာရေးကူညီမှုအသင်းကြီး ဥက္ကဠ ဦးကျော်သူ ရဲ့ ဟောပြောပွဲက (ဧရာဝတီကျိန်စာ) လို့ ခေါ်တဲ့ ကဗျာလေးကို သူငယ်ချင်းတွေ ဗဟုသုတ အနေနဲ့ ကော ကိုယ့်နိုင်ငံက မြစ်တစ်စင်း ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ အကြောင်း နောင်လာနောက်သားတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကာကွယ် သင့်ကြောင်း စည်းလုံးညီညွှတ်သင့်ကြောင်း ကိုယ့်နိုင်ငံက ထွက်တဲ့ သဘာဝ သံယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းကို ဖော်ကြူးထားတဲ့ ကဗျာလေးဖြစ်ကြောင်းကို ဦးကျော်သူက ဒီလိုလေး ဖော်ပြပေးသွားပါတယ်ဗျာ။ကဗျာလေးရဲ့ စာသားအဓိပ္ပာယ်လေးကို ကျွန်တော် အရမ်းကြိုက်လွန်းလို့ သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်ဗျာ။
                                                                     (ဧရာဝတီ ကျိန်စာ)
ငါ….မင်းတို့ မမွေးခင်ကတည်းက ရပ်တည်လာခဲ့တဲ့ငါ

မင်းတို့ လူမမယ် ဘ၀ကနေ ခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ ငါ

မင်းတို့ ပျော်ပါးကူးခတ်ဖို့  ပျော်တော်ဆက်ခဲ့တဲ့ငါ

မင်းတို့ လျှော်ဖွတ်သန့် စင်ဖို့ စွမ်းဆောင်ပေးခဲ့တဲ့ ငါ

မင်းတို့ တံငါတွေ လှေယာဉ်စီးပြီး ပိုက်ချခွင့်ပြုပေးခဲ့တဲ့ ငါ

မင်းတို့ ယာသမား ကိုင်းသမားတွေ စိုက်ပျိုးခွင့်ပြုပေးခဲ့တဲ့ ငါ

မင်းတို့ လူမျိုးစုချင်း ပေါင်းစည်းဆက်သွယ်မှုအခွင့်အလမ်းပေးခဲ့တဲ့ ငါ

မင်းတို့ ဆေးဘက်ဝင် သစ်ဥ သစ်ဖု ပန်းမာလာတွေ ပွင့်ဖူးခွင့်ပြုပေးခဲ့တဲ့ ငါ

မင်းတို့ ရဲ့ ဇီဝမျိုးကွဲ ယာတိရိစ္ဆာန်တွေ ကျက်စားခွင့်ပြုပေးခဲ့တဲ့ ငါ

မင်းတို့ ရဲ့ အဖိုးတန် သယံဇာတ ကျောက်စိမ်း ရွှေတွေ မွေးဖွားပေးခဲ့တဲ့ ငါ

မင်းတို့ ရဲ့ အာရှ ကမ္ဘာမှာ အကြီးဆုံး အမြင့်မြတ်ဆုံးဖြစ်ခဲ့တဲ့ ငါ

ဟိုတုန်းက ငါ့ကို မင်းတို့ အိမ်ရှေ့ရေမြောင်းလောက်တောင် ဂရုမစိုက်ချင်ကြ

ခုတော့..ငါ့ရဲ့ ဧရာဝတီ သွေးတွေနဲ့ မင်းတို့ ဒေ၀ဒတ်တွေ မီးလင်းဖို့ ကြိုးစားနေလေရဲ့

အတိတ်တုန်းက လုပ်သမျှ ငုံ့ ခံခဲ့တဲ့ငါ

အနာဂတ်မှာ ကမ္ဘာ ကမ္ဘာ ကမ္ဘာ မကျေ ဟေ့…ဟေ့…အရိုးမတွန် ချင်တဲ့ ငါ

အခု ပစ္စုပ္ပန်မှာတော့ ငါ့သွေး ငါ့ဓါး ငါ့ဧရာဝနဲ့ဟေ့….

 အေး..ငါဆိုတဲ့ ဧရာဝတီ သေရင် မင်းတို့ လူမျိုးပြုတ်မယ်..

မင်းတို့ တိုင်းပြည်ပျောက်မယ်…ကွ

ဒါကြောင့်  ငါ ကျိန်စာတိုက်လိုက်မယ်…

လူမျိုးမပျောက် တိုင်းပြည်မပျောက်ခင်

မင်းတို့ ဒေ၀ဒတ်တွေ အားလုံး…..

 ကျော်သူ့ အကူမပါဘဲ..အရှင်လတ်လတ် မြေကြီးထဲရောက်စေသား…..။

                                                                                                                (ဦးကျော်သူ)

                                                                                                                                       ကြိုးစားလျက်.......!
 (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: