ဒီ တစ်ခါတော့ ကျွန်တော်တို့ Mozilla Firefox အသုံးပြုတွေ အတွက် Firefox ရဲ့ Tabs Bar လေးတွေမှာ ၀ါ၊စိမ်း၊နီ၊ပြာ စတဲ့ အရောင်းမျိုးစုံ လေးတွေနဲ့ အလှဆင် အသုံးပြုချင်တဲ့ သူတွေ အတွက် ကျွန်တော်က လက်ဆောင် အနေနဲ့ ပေးပါရစေဗျာ။သိပြီးသား သူတွေ များရှိသေးရင်လဲ တောင်းပန်ပါတယ်ဗျာ။မသိသေးသော သူတွေ အတွက်တော့ ကျွန်တော် အောက်မှာ ပုံလေးနဲ့ တကွ ပြသပေးထားပါတယ်ဗျာ။
ဒီ ပုံလေး အတိုင်း Tabs လေးတွေမှာ အရောင်လေးတွေ နဲ့ သုံးချင်တဲ့ သူတွေ အတွက်တော့ လိုချင်ရင် အောက်မှာ Download သွားယူလိုက်ပါနော်။
ဒီမှာ Download ယူသွားလိုက်ပါနော်။
အသုံးပြုပုံလေးကတော့ Download လုပ်ရမဲ့ စာမျက်နှာကို ရောက်သွားပါက Add To Firefox ကို Click နှိပ်လိုက်ပါ။အောက်က ပုံလေး အတိုင်း Download လုပ်ပြီး မိမိ Firefox ရဲ့ Add Ons မှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။
အပေါ်က ပုံလေး အတိုင်း အစိမ်းရောင် အတန်းလေး က Download ဆွဲနေတာ ဖြစ်ပါတယ်။Download ဆွဲတာ ပြည့်သွားရင်တော့ Install Now ဆိုပြီး ပေါ်လာပါလိမ့်မယ်။အဲ့ဒါလေးကို Click နှိပ်ပြီးပါက Restart Now ဆိုပြီး စာတန်းလေး ပေါ်လာပါက Click တစ်ချက်နှိပ်ပေးလိုက်ပါက Firefox တစ်ခု လုံး ခေတ္တခဏ ပိတ်သွားမှာ ဖြစ်ပါတယ်။ပြန်ပေါ်လာပါက ဟိုးအပေါ် ဆုံးက ကျွန်တော် တင်ထားတဲ့ ပုံလေး အတိုင်း မိမိ Firefox လေးမှာ Colour ရောင်စုံလေးနဲ့ Tabs Bar လေးတွေ ကျလာမှာ ဖြစ်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်........!
(Yekyawphyo)

0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment