skype နဲ့ကိုယ် ဖုန်းခေါ်မယ်ပေါ့ အင်တာနက်ဆိုင်သွားတာ skype ကမရှိဝူး ဒီ့တော့ ဘာလုပ်လဲ လိုက်ရှာ ပီးတော့ Download ချ ပီးတော့ Run အချိန်ကြာပေါ့။ဒီတော့ နောက်တစ်ခါဆိုင်သွားရင် ရှာရ Down ရ Run ရအချိန်မကုန်အောင် USB တစ်ခုသုံးပီး skype ကို Portable လေးလုပ်ကြည့်မယ်ပေါ့ ဒီလိုနဲ့ လုပ်ကြည့်ပီနော်
ပထမဦးဆုံး USB drive ထဲမှာ Folder တခု တည်ဆောက်လိုက်ပါ။ ဥပမာ Folder အမည်ကို Portable skype လို့နာမည်ပေးလိုက်ပါ။ ပီးရင် C:\Program Files\Skype Folder ထဲက Skype.exe ကို Right Click ပြီး Copy ကူးပီးသွားပီဆို USB drive ထဲက ခုနလုပ်ထားတဲ့ Portable skype Floder ထဲကို Paste လုပ်လိုက်ပေါ့။ အောက်မှာပုံလေးပါတယ် ကြည့်ကြည့်လိုက် .......

ပုံထဲကအတိုင်းလဲ မှန်သွားပီ လုပ်လို့လဲအဆင်ပြေတယ်ဆိုရင် နောက်တစ်ဆင့်အနေနဲ့ Portable Skype Folder ထဲမှာ data အမည်တခုအဖြစ် folder အသစ် တစ်ခုထပ်လုပ်လိုက်ပေါ့။ Notepad တွင်skype.exe /datapath:”Data” /removable ရိုက်ပြီး data folder ထဲတွင် skype.bat အမည်ဖြင့် Save as လုပ်ပါ။
ဟဲ.... အဲ့ဒါဆိုရင်တော့ USB drive ထဲမှ skype.exe ကို click လုပ်ပြီး ကိုယ်သုံးလိုသည့် Computer တွင် USB dirve ကိုထည့်ကာ Skype ကိုအသုံးပြုနိုင်ပီဖြစ်ပါ၏ စလုံးကိုကြိုက်သလောက် (အဲ) စလုံးတင်ဟုတ်ဘူး ဒူဘိုင်းကို (အဲ) ဟုတ်ဝူးးး Skype ကနေ နိုင်ငံပေါင်းစုံကို USB drive ထဲမှ skype.exe ဖြစ် ဖုန်းခေါ်ဆိုနိုင်ပါပြီ ခင်ဗျာ။လိုအပ်တာလေးတွေ ရှိရင်ပြောပေးကြပါနော်။တစ်ချို့ ဟာလေးတွေမှာ အမှားအယွင်းများရှိနေရင် ခွင့်လွှတ်ပေးကြပါနော်။
ကြိုးစားလျက်......!
(Yekyawphyo)
ကြိုးစားလျက်......!
(Yekyawphyo)

0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment