Notepad မှာ မြန်မာလိုရေးပြီးပြန်ဖွင့်ရင် ????????? တွေဘဲပေါ်လို့ တမ်းပြီးတစ်ခါထဲ မြန်မာစာ ပေါ်အောင် Save ချင်ရင်
ကျွန်တော်တို့ အရင်ဆုံး Font ချိန်းရပါမယ်။Font ချိန်းတာကတော့ Format အောက်က Font မှာ ZawGyi-One ကို ရွေးပေးလိုက်ပါ။ပုံမှာ ပြထားတဲ့အတိုင်းလေးပါ။ပြီးရင် Notepad ရဲ့ ထိပ်ဆုံးမှာတွေ.နေရတဲ့ File ဆိုတဲ့ Tab လေးကိုနှိပ်ပြီး Save Page As ကိုရွေးပြီး နှိပ်လိုက်ပါ။ပြီးရင် Encoding ဆိုတဲ့နေရာလေးမှာ Unicode ဆိုပြီးရွေးပြီး Save လိုက်ပါ။အောက်ကပုံအတိုင်းလေးပါ။
ပြီးရင် ခုန Save ထားတဲ့ ဖိုင်လေးကိုပြန်ဖွင့်ကြည့်လိုက်ပါဗျာ။အောက်ကပုံ အတိုင်း မြန်မာလိုပေါ်နေမှာ ဖြစ်ပါတယ်။
ကဲ သူငယ်ချင်းတွေ သိသွားကြပြီဆိုတော့ လွယ်လွယ်လေးဖြစ်သွားကြပြီ မဟုတ်လား။ဒါ လူ့ဓမ္မတာပါဗျာ။ပြောဖို့တစ်ခုကျန်သေးတယ် ဗျ။ခုန ကျွန်တော်ပြောတဲ့ အတိုင်း Save မှတ်ပြီး မိမိ Memory Stick များတွင်ထည့်ပြီး ယူသွားလို့လဲ ရပါတယ်နော်။ZawGyi Font ရှိမှ အဆင်ပြေမှာနော်။
ကြိုးစားလျက်.......!
(Yekyawphyo)

0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment