လူတွေက မိမိတို့ အားသန်ရာ ကို ပဲ အသုံးပြုချင်ပါတယ်။
မွေးကတည်းက ဘယ်လက်ကိုပဲသုံးတတ်တဲ့သူဟာComputer Mouse ကို ညာနဲ့ကိုင်ရတယ်ဆိုရင် အတော်လေး ကသိကအောင့်နိုင်မယ်ထင်ပါတယ်..။
ကျွန်တော်တင်ပြတဲ့နည်းလေးက Mouse Function တွေ Landscape တွေပါ အားလုံးဘယ်ကို ပြောင်းသွားမှာပါ။စမ်းကြည့်လိုက်ပါ။
ညာလက်နဲ့မောက် ကို right click ပေးတဲ့အခါမှာ User ရဲ့ ညာဘက်မှာ ပေါ်ပါတယ် ။
ဒါကိုလည်း ဘယ်အသုံးပြုရဲ့ ဘယ်ဘယ်မှပေါ်အောင် ထပ်လုပ်လိုက်ပါ့မယ်။
အောက်ပါ အတိုင်းလုပ်ဆောင်ကြည့်ပါ။
အဆင့်၁ ။ Start menu မှတဆင့် Control panel ကိုသွားပါ။အောက်ကပုံ အတိုင်းလေးပါဗျာ။
အဆင့်၂ ။ Control panel မှတဆင့် Mouse Setting ကိုဝင်လိုက်ပါ။အောက်ကပုံလေးအတိုင်းပါဗျာ။
အဆင့်၃ ။ Bottons Tab က Switch Primary and Secondary Buttons ဆိုတဲ့နေရာလေးမှာ အမှန်ခြစ်လေး ပေးလိုက်ပါ ။အဲဒါဆိုရင်တော့ အားလုံးအဆင်ပြေသွားပါပြီ...။ Mouse ကို ဘယ်နဲ့ကိုင်လို့ရသလို ညာဘက်မှာကိုင်အသုံးပြုတဲ့အတိုင်း အားလုံးက ပုံစံတူသွားပါပြီ...။
ညာဘက်လက်နဲ့ပဲ သုံးချင်ပါတယ်ဆိုရင်တော့ ခုန ကျွန်တော်ပြောတဲ့ နေရာအဆင့် 3 ကိုပြန်သွားပြီး Switch Primary and Secondary Buttons ဆိုတဲ့နေရာလေးက အမှန်ခြစ်လေးကို ပြန်ဖြုတ်ပေးလိုက်ပါ။ဒါဆို ညာဘက်လက်နဲ့ ပြန်လည်အသုံးပြုလို့ရမှာဖြစ်ပါတယ်ဗျာ။ အဆင်ပြေပါစေလို့မျှော်လင့်ပါတယ်။
ကြိုးစားလျက်.......!
(Yekyawphyo)

0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment