HJ Split ဖြင့်ဖိုင်ခွဲခြင်း ၊ ဖိုင်ဖြည်ခြင်း


ကျွန်တော်ဒီနေ့ HJ-Split ကိုအသုံးပြုပြီးတော့ File တွေကိုဘယ်လိုခွဲရမယ် ၊ ခွဲပြီးသား File တွေကိုဘယ်လို ပြန်ပြီး တော့ ဆက်ရမယ်ဆိုတာကို ကျွန်တော်ပြောပြပေးသွားပါ့မယ်ဗျာ။ အလွယ်တကူသုံးတက်သွားအောင် လဲရေးပေးသွားပါမယ်..အသုံးပြုနည်းကို မရေးပေးခင် အရင်ဆုံး ဘာကြောင့်ဖိုင်တွေကို ခွဲရတယ် ၊ ပြီးတော့ပြန်ဆက်ပေးရတယ်ဆိုတာကို နည်းနည်းပြောပြချင်ပါတယ် ကျွန်တော်က ဆိုဒ်မှာ Windows ခွေတစ်ခွေတင်ပါမယ်..အဲ့ဒီ Windows ခွေက 2 GB  လောက်ရှိပါတယ်..ကျွန်တော် တို့အသုံးပြုနေတဲ့ Ifile.it , Mediafire , Ziddu တို့ဆိုတာက Free အသုံးပြုနေတဲ့ Uploading ဆိုဒ်တွေပါ..အဲ့ဒီအတွက်သူတို့မှာ Limit ကန်သတ်ချက်ရှိပါတယ်..ကျွန်တော်တို့ ကဒီ 2 GB ဆိုတဲ့ ပမာဏကို အကုန်လုံးတင်မယ်ဆိုရင်ဒီ Uploading ဆိုဒ်တွေကလက်ခံမှာ မဟုတ်ပါဘူး ၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဖိုင်ခွဲပြီးတင်ပေးဖို့လိုအပ်ပါတယ်..ဒါမှသာ Uploading ဆိုဒ်တွေကကျွန်တော် တို့တင်ချင်တဲ့ ပမာဏကိုလက်ခံမှာဖြစ်ပါတယ်..

နောက်တစ်ချက်ကတော့ ဒေါင်းလော့ချတဲ့ သူတွေအတွက်ပါ..ဒေါင်းလော့ချတဲ့နေရာမှာ Connection ကောင်းတဲ့ နေရာတွေကသူတွေ အတွက်အကြောင်းမဟုတ်ပေမယ့် Connection မကောင်းတဲ့ သူတွေအတွက် ကျတော့ဒီလောက်ပမာဏကို ဒေါင်းလော့ချဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ဒါကြောင့်ကျွန်တော် တို့အနေနဲ့ဖိုင်တွေကိုခွဲပြီး တင်ပေးရတာဖြစ်ပါတယ်..
နောက်တစ်ချက်ကတော့ ဘာကြောင့် HJ-Split ကိုအသုံးပြုရတာလဲဆိုတာပါ..ကျွန်တော်တို့ ဖိုင်တွေကို Win RAR နဲ့ခွဲပြီးတင်ပေးတာများပါတယ်..Win RAR ကလည်းအများစု အသုံးပြုနေတာ ဖြစ်တဲ့အတွက်လည်း အဆင်ပြေလို့ပါ.. ဒါပေမယ့် ဖိုင်ဆိုဒ်အ၇မ်းကြီးတဲ့ ကောင်တွေကိုခွဲပြီး တင်ချင်တယ်ဆိုရင်တော့ HJ Split ကိုအသုံးပြုသင့်ပါတယ်..Win RAR ကိုခွဲပြီးတင်တဲ့အခါမှာ  ဥပမာ ။ ။ စောစောကပြောတဲ့ Windows ခွေကို Win RAR နဲ့ခွဲလိုက်တယ်..အပိုင်း 20 ရလာမယ်..အဲ့ဒီအပိုင်း 20 မှာ တစ်ပိုင်းပိုင်းက အကြောင်းတစ်ခုခုကြောင့် Error တစ်ခုခုတက်သွားမယ်ဆိုရင် ပြန်ဖြည်တဲ့ အခါမှာ Error တက်သွားတဲ့အပိုင်း ကစပြီးကျန်တဲ့ အပိုင်းတွေပါ ဖြည်လို့ရမှာ မဟုတ်တော့ပါဘူး..။ HJ Split ကျတော့ အဲ့လိုမဟုတ်ပါဘူး..အပိုင်းတွေကြိုက်သလောက်ခွဲပါ..ပြန်ပြီးတော့ ဖိုင်ပြန်ပေါင်းတော့မယ်ဆိုရင် အောက်မှာ ကျွန်တော်ရှင်းပြထားသလိုပဲ အပိုင်း ( ၁ ) လေးကိုရွေးပြီး လုပ်ပေးလိုက်ရင် ကျွန်တော်တို့ခွဲခဲ့တဲ့ ဖိုင်ကိုမူရင်း အတိုင်းဘာ Error မှမတက်ပဲ ပြန်သုံးလို့ ရမှာဖြစ်ပါတယ်..ဒီလောက်ဆိုရင်တော့ HJ Split ကိုဘာကြောင့် အသုံးပြုရတာဆိုတာ သဘောပေါက် သွားလောက်ပါပြီ..HJ Split ကိုဘယ်လို အသုံးပြုရမယ် ဆိုတာကိုတော့ ကျွန်တော် အောက်မှာပုံလေးတွေနဲ့ရှင်းပြ ပေးထားပါတယ်..
အရင်ဆုံး ဒေါင်းလော့ချထားတဲ့ ဖိုင်ထဲက HJ Split ( အမှန်ခြစ်ပုံလေး ) ကို Run လိုက်ပါ..ပြီးရင်တော့အောက် မှာဆက်လုပ်ရမယ့် အဆင့်တွေကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..
HJ Split ဖြင့်ဖိုင်ခွဲခြင်း
အောက်ကပုံအတိုင်း Split ကိုနှိပ်လိုက်ပါ
အောက်ကပုံ အတိုင်းပေါ် လာပြီဆိုရင် 1 ကနေကျွန်တော်တို့ ခွဲပေးချင်တဲ့ ဖိုင်ကိုရွေးပေး ရမှာဖြစ်ပါတယ်..အ၇င်ဆုံး ခွဲမဲ့ဖိုင်ကို WinRAR နဲ့ဖြစ်စေ WinZip နဲ့ဖြစ် အရင်ချုပ်ပေးထားဖို့လိုပါလိမ့်မယ်..2 ကတော့ ကျွန်တော်တို့ ဖိုင်ခွဲချင်တဲ့ ပမာဏကို ရွေးပေးရမှာဖြစ်ပါတယ်.. မိမိတို့စိတ်ကြိုက် File Size ကိုရွေး ပေးလို့ရပါတယ်.. ပြီးရင်တော့ Start ကိုနှိပ်လိုက်ယုံပါပဲ..


အပေါ်ကပုံ အတိုင်းပေါ်လာလို့ OK ပေးပြီးပြီဆိုရင်တော့ ဖိုင်ခွဲခြင်းပြီးသွားပါပြီ..
ခွဲပြီးသားဖိုင်များအား ပြန်ပေါင်းခြင်း
တကယ်လို့ ကျွန်တော်တို့က HJ Split နဲ့ခွဲထားတဲ့ ဖိုင်တွေကို ပြန်ပြီးတော့ ပေါင်းချင်တယ် ဆိုရင်တော့ အရင်ဆုံး HJ Split ကိုမိမိတို့ကွန်ပျူတာမှာ Run လိုက်ပါ..ပြီးရင်အောက်က ပုံမှာပြထားတဲ့အတိုင်း Join ကိုနှိပ်လိုက်ပါ..
 အောက်ကပုံအတိုင်း 1 ကနေ မိမိတို့ပြန်ဆက်ချင်တဲ့ HJ Split ဖိုင်ကိုရွေးပေးလိုက်ပါ..ပြီးရင် Start ကိုပေးလိုက်ပါ..
 
  
အပေါ်ကပုံအတိုင်း ပေါ်လာလို့ OK ပေးပြီးပြီဆိုရင်တော့ ကျွန်တော်တို့ HJ Split နဲ့ခွဲထားတဲ့ မူရင်းဖိုင်ကိုပြန် ရသွားပြီဖြစ်ပါတယ်..ဒီလောက်ဆိုရင်တော့ HJ Split ကိုအသုံးပြုတာနဲ့ပါတ်သတ်ပြီး အဆင်ပြေသွားပြီလို့ ထင်ပါတယ်..လိုအပ်တဲ့သူတွေကတော့ အောက်မှာအဆင်ပြေတဲ့ လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ..

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလော့ချသွားလိုက်ပါဗျာ။


                                                                                                         ကြိုးစားလျက်......!
                                                                                                           (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: