ဝါးတူအသုံးပြုခြင်းနှင့် ကျန်းမာရေးဆိုးကျိုးများ

01.jpg



02.jpg



03.jpg


04.jpg


05.jpg

06.jpg

07.jpg


09.jpg



12.jpg

13.jpg


14.jpg

15.jpg 

 

16.jpg 


ကိုယ်ပိုင် "တူ" ကို အသုံးပြုခြင်းက


 သင့် ကျန်းမာရေးအတွက် ကောင်းပါတယ်


 သစ်တောတွေ ပြုန်းတီးမှုကို လျော့နည်းစေပါတယ်

 သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းလည်း ဖြစ်ပါတယ်

Blog From Photo - www.mysuboo.com/index.php?option=com_blog&name=GreenPeace&t...

ကျွန်တော် တို.တွေဟာ လက်နဲ.စားတဲ့ အလေ့အထ၊ဇွန်း ခက်ရင်းနဲ.စားတဲ့ အလေ့အထနည်းတူ  (တူ)ကို အသုံးပြုပြီး စားလာကြတဲ့ အလေ့ အထပေါ်ပေါက်လာခဲ့တာလည်းအတော်လေး
ကို ကြာခဲ့ပါပြီ။လူနေမှု အဆင့်အတန်းလဲမြင့်စေခဲ့တာလဲ အမှန်ပါပဲ။ (တူ) ကိုအသုံးပြုတဲ့ အခါမှာလည်းတစ်ခါသုံးဝါးတူ အသုံးပြုမှုဟာ အများဆုံးပါပဲ။ ရှမ်းခေါက်ဆွဲဆိုင်၊ ကြေးအိုးဆိုင်တွေမှာ အသုံးပြုရာက စလို. အခုဆိုရင် ဇွန်းခက်ရင်း အသုံးပြုလေ. ပြုထရှိတဲ့ အသုပ်ဆိုင်လေး တွေမှာပါ တစ်ခါသုံးဝါးတူ ကို အသုံးပြုလာကြတာတွေ.ရပါတယ်။

ဝါးတူကို အသုံးပြုခြင်းရဲ. ဆိုးကျိုးတွေကတော့

(1) - ၀ါးပင်ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူမှုနှုန်းမှာ အခြားသော အပင်တွေထက်ပိုမိုစုပ်ယူအားကောင်းတဲ့ အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သမားတစ်ယောက်အနေနဲ.တူကို မသုံးဖြစ်တဲ့.အကြောင်း ပြောလာပါတယ်.။သူ.ရဲ.ဆရာသမားတစ်ဦး ပြောဆိုချက်အရ ရန်ကုန်မြို.နဲ. မန္တလေးမြို. နှစ်ခုပေါင်း တစ်ခါသုံး ၀ါးတူ သုံးစွဲမှုဟာ တစ်နေ.ကို အစုံပေါင်း 4 သိန်း နီးပါးကျော် ရှိတယ်လို.ပြောပြပါတယ်.။ကျွန်တော်တို. ဟာ ဇွန်းခက်ရင် အသုံးပြုလို.ရရဲ.သားနဲ. မလိုအပ်ဘဲတစ်ခါ သုံးဝါးတူတွေသုံးခဲ့ကြလို. ၀ါးအပင်ပေါင်း  ဘယ်လောက်များများကို ဖြုန်းခဲ့ကြပြီးပြီလဲ ဆိုတာပြန်တွေးကြည့်ပြီးလို. သူကပြောပါတယ်။

(2) - ကျန်းမာေ၇း အတွက်လို.ဆိုပါတယ်။လက်ရှိအသုံးပြုနေတဲ့ တစ်ခါသုံးဝါးတူတွေကို ပြည်တွင်းထုတ်နဲ. အိမ်နီးချင်းတရုတ်နိုင်ငံက ၀င်ရောက်လာတဲ့ ပစ္စည်းတွေကို အသုံးများတယ်လို. သိရပါတယ်။အဲဒီ ၀ါးတုတွေကို ထုတ်လုပ်တဲ့ အခါမှာ သန်.စင် ကြေးချွတ်ဖို.အတွက် ဓာတုဆေးရည်တစ်မျိုးကို သုံးတယ်။အဲဒီ ဆေးရည်နဲ. ကြေးချွတ်ပြီးတာနဲ. အခြောက်လှမ်းပြီး ပါကင်ပိတ်၊ဈေးကွက် ကိုတင်ပို.ကြပါတယ်။စုပ်ယူမှုအားကောင်းတဲ့ ၀ါးဟာ အဲဒီ ဆေးရည်တွေကို အလွယ်တကူပဲ တစ်ခါသုံးဝါးတူလေးတွေ အတွင်းမှာခိုအောင်းခွင့်ပြုလိုက်ပါတယ်။အခြောက် လှန်းပေမယ့်လည်း အဲဒီ ဓာတုဆေးရည်က  ပျောက်မသွားပါဘူး။ နောက်တစ်ချက်က ၀ါးတူ မှာပါလာတဲ့.မှိုကလည်း လူကို ဒုက္ခပေးစေပြန်ပါသေးတယ်။တစ်ခုခုစားတော့မယ် လုပ်တိုင်း အိတ်ထဲက ၀ါးတူကိုမဖောက်ရသေးခင်မှာ လက်ဝါးနှစ်ဖက်နဲ. နာနာပတ်ပြီး သုံးတာကလည်း နည်းလမ်းမမှန်ပါဘူးလို. သူကဆိုပါတယ်။ပွတ်တိုက်မှုအားကြောင့် အပြင်ဘက်မှာ ကပ်နေတဲ့ မှိုတွေထွက်ကျသွားပြီးရင် လူကိုဒုက္ခပေးမဲ့ မှိုတွေပဲကျန်ပါတော့တယ်လို.ဆိုတယ်။တူ ရဲ.ချိုးပြထားတဲ့ အတွင်းပိုင်မှာလဲ လူကို ဒုက္ခပေးနိုင်တဲ့ ပိုးမွှားများ ကျန်နေသေးတယ်ဆိုတာ အပေါ်က ဓာတ်ပုံမှာ ပြထားပြီးသားဖြစ်မှာပါ။အစားအသောက်နဲ.အပူဓာတ်နဲ. ထိတွေ.တဲ့အချိန်မှာ ခုနက ဓာတုဆေးရည် အကြွင်းအကျန်နဲ. လူကိုအန္တရာယ်ပြုမယ့် မှိုတွေဟာ အစားအသောက်ထဲ ၀င်သွားပြီး စားသုံးသူရဲ. ကျန်းမာရေးကိုဒုက္ခပေးပါတော့တယ်။ချက်ချင်း လက်ငင်းအနေနဲ.မူးဝေတာ၊အော့အန်တာတွေ ဖြစ်တက်ပြီးနောက်ပိုင်းမှာတော့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ဒုက္ခပေးပါလို.မယ်လို.ဆိုပါတယ်။
          ဒီအတွက် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပြီးကျန်းမာရေးအတွက်လည်း ဘယ်လိုမှ ကောင်းကျိုး မပြုနိုင်တဲ့ တစ်ခါသုံး ၀ါးတူကို အသုံးပြုမဲ့အစား ဇွန်းခက်ရင်ကို  အသုံးမပြုသင့်ဘူးလားဗျ။တကယ်တော့ အသုံးပြု သင့်တာပေါ့နော့.။တကယ်လို. တူနဲ.စားသုံးတာကိုပဲ နှစ်ခြိုက်ပါတယ်ဆိုရင်လည်း ကိုယ်ပိုင် စတီး တူလေးတွေ ဆောင်မထားသင့်ပါဘူးလား။လုံးဝ ဆောင်ထားသင့်တာပေါ့နော်။

      ကဲ.......ကျွန်တော်တို.တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေကို စုပ်ယူနိုင်စွမ်းအားကောင်းတဲ့ ၀ါးပင်ဘယ်လောက်များများကို သတ်ခဲ့ကြပြီးပြီလဲဗျာ.......................။

      ကျွန်တော် တို.တွေတူ အစုံဘယ်လောက်များများကို သုံးစွဲခဲ့ကြပြီးပြီလဲ ဆိုတာကိုပေါ့ဗျာ။

 ဒီ Blog လေးကိုကျွန်တော် ကိုယ်တိုင်စာပြန်စီထားပါတယ်။ဖတ်ရသူတွေ အဆင်ပြေအောင်လို.ပါ။ဓာတ်ပုံ တွေကိုတော့ တခြားဝက်ဆိုက်ကရထားတာပါ။ ၀က်ဆိုက်နာမည်လေး ပါရေးပေးထားပါတယ်ဗျာ။ဒီ Post လေးကို ကျွန်တော် ချောကလတ်မြို.တော်မှာ ကိုယ်ပိုင်နာမည်မူရင်းဖြင့်တင်ပေထားပါသေးတယ်။သူငယ်ချင်းတွေလဲ ကျန်းမာရေး ဗဟုသုတရေး ရအောင် ခုပြန်မျှဝေပေးလိုက်ပါတယ်ဗျာ။
                                                                                                                                      ကြိုးစားလျက်........!
(Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: