Software Application များနဲ့ Mobile Application များကို တစ်နေရာတည်းတွင် စုစုစည်းစည်း ဖော်ပြပေးထားတဲ့ Appexpo 2013 ပြပွဲကြီး ရန်ကုန်မြို့ MICT Part တွင် ကျင်းပမည်။

Fig ~ 1
Software Application များကို တစ်နေရာတည်းတွင် တွေ့ရှိနိုင်ရန်အတွက် AppeXpo 2013 ကိုကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ တာဝန်ရှိသူကပြောသည်။ လာမည့် ဇန်န၀ါရီလ ၈ ရက် နေ့မှ ၉ ရက်နေ့အထိ MICTDC ပင်မဆောင်တွင် ကျင်းပမည်ဖြစ်သည်။
Mobile ဆိုင်ရာ Application များ၊ PC/Laptop အတွက် Software Applicaiton များနှင့် လုံခြုံရေးဆိုင်ရာ Application များကို တင်သွင်းရောင်းချသူများ၊ ၎င်းတို့နှင့်ပတ်သက်သည့် သင်တန်းဖွင့်လှစ်သူများ၊ ဖန်တီးထုတ်လုပ်သူ (Developer) များကို တစ်နေရာတည်းတွင် စုဝေးမြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။ “ Application ဈေးကွက်က ရှေ့မှာ ပိုကောင်းလာမယ့် အနေအထားမှာရှိတယ်။ ပြည်တွင်း၊ ပြည်ပလုပ်ငန်း အသစ်အသစ်တွေ ပေါ်ပေါ်လာနေတဲ့အတွက် သူတို့လိုအပ်နေတဲ့ ဈေးကွက်ပိုင်းဆိုင်ရာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တာပါ။” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ ပြပွဲရက်များအတွင်း နေ့စဉ်မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်သည်။ ကျောင်းသားလူငယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များအတွက် အဓိကရည်ရွယ်ပြီး ပြခန်းစုစုပေါင်း ၃၁ ခန်းပါဝင်မည်ဟု သိရသည်။ “ မိမိရဲ့ Application နဲ့ပတ်သတ်ပြီး စင်ပေါ်မှာ သရုပ်ပြရှင်းလင်းနိုင်မယ့် အစီအစဉ်ကိုလည်း ထည့်သွင်းထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ပြပွဲနှင့်ပတ်သက်၍ www.facebook.com/yangonheartz တွင် အသေးစိတ်ကြည့်ရှုနိုင်ကြောင်း လက်ရှိပြည်တွင်း၌ ထုတ်လုပ်ရောင်းချနေသော Software ကုမ္ပဏီများ၊ နိုင်ငံတကာမှ Software များအား တင်သွင်းရောင်းချသူများနှင့် သီးခြားပါဝင်လိုသော Mobile ၊ Software Developer များပါဝင်ပြသနိုင်ကြောင်း သိရသည်။

Appexpo 2013 ပြပွဲနေရာ နဲ့ အချိန်

နေ့ရက် (Date) ~ 8.1.2013 - 9.1.2013
အချိန် (Start Time) ~ 9:00 AM - 5:00 PM
ပြပွဲကျင်းပမည့်နေရာ ~ ရန်ကုန်မြို့ ၊ လှိုင်မြို့နယ် သံလမ်း ဘတ်စ်ကား မှတ်တိုင် အနီး MICT Part ၀င်းအတွင်း MICTDC ခန်းမ ဆောင်တွင် ကျင်းပမည် ဖြစ်ပါသည်။

By ~ (Internet Journal)
ကဲ.....ရန်ကုန်မှာ ရှိနေတဲ့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေလဲ အသုံးပြုစရာ Software လိုလို့ ဖြစ်စေ ဗဟုသုတ အနေနဲ့ လေ့လာလို၍ ဖြစ်စေ အဲ့ဒီ ပြပွဲလေးကို သွားဖြစ်အောင် သွားပြီး ဗဟုသုတလေးတွေ ရယူကြပါလို့ တိုက်တွန်းလိုက်ပါစေဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: