Internet Cafe ဆိုင် သမားတွေအတွက်အလွန်အသုံးဝင်တဲ့ Handy Cafe Software လေးပါ။

ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ Facebook က ကျွန်တော့ Group မှာ အစ်မ Yi Lwin Htwe မေးမြန်းထားတဲ့ မိမိ စက်ကနေ အခြား စက်တစ်လုံးကို ဘာတွေ လုပ်နေလဲ ဘာတွေ ကြည့်နေလဲ ဆိုတာ လှမ်းကြည့်လို့ရတဲ့ Internet Cafe ဆိုင်အများအပြား အသုံးပြုလေ့ရှိတဲ့ Software လေးပေါ့ဗျာ။ဒီ Software လေးက Cafezee ထက်ကောင်းပါတယ်ပြီးတော့ စက်တွေ ကို လှမ်းပြီး  ထိန်းချုပ်ရာမှာလဲ လွယ်ကူလျှင်မြန်လှပါတယ်။ဒီ Software လေးက Server အနေနဲ့ကော Client အနေနဲ့ပါ အသုံးပြုလို့ ရပါတယ်။တစ်ခု သတိပေးချင်တာကတော့ မိမိ အသုံးပြုလိုတဲ့ စက်တွေကို တစ်လုံးနဲ့ တစ်လုံး Network ချိန်ဆက်ထားရမှာ ဖြစ်ပါတယ်။အင်တာနက် ရှိလဲ အဆင်ပြေသလို အင်တာနက် မရှိပဲ Local Network အနေနဲ့လဲ အသုံးပြုလို့ရပါတယ်သေးတယ်။သူရဲ့ System Requirements တွေကတော့

Windows XP / Vista / 7 (32bit & 64bit)
50 MB HDD Space (200 MB Recommended)
256 MB RAM (1GB or more Recommended) တွေပါပဲ။ဒီ Software လေးကို Download စတင်လုပ်ပြီး Install လုပ်မယ်ဆိုရင်ဖြင့် မိမိ ကိုယ်တိုင်က Sever အနေနဲ့ အသုံးပြုချင်တယ်ဆိုပါက Handy Cafe Server ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ကျွန်တော် အောက်မှာ ပုံနဲ့ တကွ ရှင်းပြထားပါတယ်ဗျာ။
Fig ~ 1

 ပြီးရင်တော့ အဲ့ဒီ Server ကို ဖွင့်ဖို့အတွက် User Name နဲ့ Password ကို Install လုပ်လို့ ပြီးခါနီး Finish နှိပ်ခိုင်းတဲ့ စာမျက်နှာပေးထားပါတယ်။Language ဆိုတဲ့နေရာမှာတော့ English ကို ရွေးပေးလိုက်ပြီး Ok ပေါ့။Register(R) အကြီးအနီရောင်လေးနေရာမှာတော့ သူရဲ့ Serial Number ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။အဲ့ဒီ အတွက် Serial Number ကို ကျွန်တော်ထည့်ပေးထားပါတယ်ဗျာ။Register ဖြည့်ရမဲ့ နေရာမသိရင် အောက်က ပုံလေးကို ကြည့်လိုက်ပါနော်။
Fig ~ 2
အဲ့ဒီမှာ ကိုယ်နဲ့ Network ချိတ်ဆက်ထားတဲ့ စက်တွေ အားလုံး အဲ့ဒီ Serial Number ဖြည့်ပြီးတာနဲ့ Handy Cafe Server မှာ ပေါ်နေမှာ ဖြစ်ပါတယ်။မိမိ Server ကနေ Client စက်တွေ ဘာတွေ လုပ်နေတယ် ဆိုတာကြည့်ချင်တယ်ဆိုရင်တော့ Handy Server က နေ မိမိ ကြည့်ချင်တဲ့ စက်ရဲ့ နံပါတ် ဒါမှ မဟုတ် PC Name တစ်ခုခုကို Right Click ထောက်လိုက်ပါ။အဲ့ဒီ မှာ Advanced ကိုသွားလိုက်ပါ။ပြီးရင် Remote Management ဆိုတဲ့ စာတန်းလေးကို တွေ့ရင် Click လိုက်ပါ။ဒါဆိုရင် Server ကနေ အဲ့ဒီ စက်ကို လှမ်းကြည့်လို့ ရသွားပါပြီ။ဒီ တစ်ခါတော့ Client အနေနဲ့ ထားရှိမဲ့ စက်ကို Install လုပ်ရမဲ့ နည်းလမ်းလေးပါ။ခုနကလိုပဲ ကျွန်တော်တို့ Install လုပ်တဲ့ အခါ အသုံးပြုသူအနေနဲ့ ထားရှိမှာ ဖြစ်တဲ့ အတွက် Handy Cafe Server ဆိုတဲ့နေရာမှာ ကျွန်တော်တို့က Handy Cafe Client ဆိုတာလေးကို ရွေးပြီး Install လုပ်ပေးလိုက်ရုံပါပဲ။ကျွန်တော် အောက်မှာ အနက်ရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ ပုံလေး အတိုင်းပေါ့ဗျာ။
Fig ~ 3
Install လုပ်လို့ ပြီးဆုံးသွားပါက Handy Cafe Screen Saver ကြီး ပေါ်လာပါလိမ့်မယ်။အဲ့ဒီ အခါ Right Click ထောက်လိုက်ပါ။User Name နဲ့ Password တောင်းနေရင် User Name နေရာမှာ ADMIN ဆိုပြီး အကြီး စာလုံးနဲ့ ရိုက်ရမှာဖြစ်ပြီး Password ဆိုတဲ့နေရာမှာတော့ PASSWORD ဆိုပြီး စာလုံးအကြီးနဲ့ ရိုက်ရမှာဖြစ်ပါတယ်။အဲ့လို မရိုက်ချင်လဲ Server မှာ Open လုပ်ပေးမှ မိမိ အသုံးပြုစေချင်တဲ့ PC ဟာ အသုံးပြုလို့ ရသွားမှာ ဖြစ်ပါတယ်ဗျာ။ဒီ Software အကြောင်းကိုတော့ ဒီလောက်ပဲ ရှင်းပြပါရစေဗျာ။ထက်ပြီး ရှင်းပြနေရင် Post ဟာ အရှည်ကြီး ဖြစ်သွားမှာ စိုးလို့ပါ။ဒီ Software လေးမှာ ပါတဲ့ ကျန်နေသေးတဲ့ တခြား အသုံးပြုစရာလေးတွေကိုတော့ ကိုယ့်ဘာသာ ကလိကြည့်ကြပေါ့နော် ဟုတ်ပြီလား။ဒီ Handy Cafe Software လေးကို စမ်းပြီးကလိချင်တယ် ဆိုရင်တော့ ကျွန်တော် အောက်မှာ Download Link လေး 2 ခု ပေးထားပါတယ်ဗျာ။မိမိ စိတ်ကြိုက် Link ကနေသာ ယူသွားပေတော့ပေါ့နော်။

Mediafire Download Page(1)
Minus Download Page(2)

ကဲ......ဒီလောက်ဆိုရင်တော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။အဆင်မပြေတာရှိရင် ပြန်ပြောပါနော်။အသုံးပြုရတာ အဆင်ပြေတယ်ဆိုရင်တော့ ကျွန်တော့ ဆိုဒ်လေးကို တခြား သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပါဦးနော်။
                                                                                                                                        ကြိုးစားလျက်......!
                                                                                                                                         (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

2 ဦးမှတ်ချက်ပေးသွားပါတယ်။း:

Anonymous said...

အစ်ကို banner မှာထည့်ထားတဲ့ Flash လေးကို ဘယ် Software နဲ့ ရေးတယ်ဆို တာသိချင်ပါတယ်။ ကျွန်တော်လည်း အစ်ကို့လို Flash လေး ရေးချင်လို့ပါ။ theinsuu@gmail.com ကပါ။ ကျေးဇူးတင်ပါတယ်။

Arakanlay said...

ကော်ပီယူသွားလိုက်ပါတယ် .......
အားလပ်တော့ချိန်မှ သေချာ လေ့လာ မယ် လို့ ပါ ...
ကျေးဇူးအထူးတင်လျှက်