ဝက်ခြံ ကြောင့် ရုပ်ဆိုးသွားမှာ စိုးလို့ စိတ်ညစ်နေတဲ့ သူတွေအတွက်ပါ။



ဝက်ခြံဆိုတဲ့အရာပာာ လူမျိုးမရွေး၊ အသက်အရွယ်မရွေးမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့်တော့ ဆယ်ကျော်သက်လူငယ်လူရွယ်တွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူကြီးနဲ့ကလေးတွေမှာလည်း ၀က်ခြံပာာ ဖြစ်ပေါ်တတ်ပါတယ်။ ယောက်ျားလေးတွေမှာ ပိုပြီးဖြစ်တတ်ပြီး ပိုပြီးလည်းဆိုးတတ်ပါတယ်။ အနောက်နိုင်ငံသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။ပြီးတော့ ပူတဲ့ နိုင်ငံ တော်တော်များများမှာလဲ အဖြစ်များတက်ပါတယ်။ အလုပ်အကိုင်တွေအနေနဲ့လည်း ဆီကိုင်ရတဲ့အလုပ်တွေ လုပ်ရတဲ့သူတွေမှာ ပိုပြီးဖြစ်ပါတယ်။ ဆေးတွေအနေနဲ့ Lithium, Hydantoin, Topical and Systemic Glucocorticoids, Oral Contraceptives, Androgens ဆေးတွေပာာ ၀က်ခြံပာာ ပိုဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ၀က်ခြံပာာ မျိုးရိုးလိုက်တတ်ပါတယ်။ မိဘတွေမှာ ပြင်းထန်တဲ့ ၀က်ခြံတွေဖြစ်တတ်ရင် သားသမီးတွေမှာလည်းဖြစ်တတ်ပါတယ်။

ဝက်ခြံအဓိကဖြစ်စေတဲ့အကြောင်းအချက် 5 ခုရှိပါတယ်။
၁။ အဆီထွက်များခြင်း
၂။ အဆီထွက် ဂလင်း၏ လမ်းကြောင်းများ ပိတ်ဆို့ခြင်း
၃။ ရောဂါပိုးများ ၀င်ရောက်ခြင်း
၎။ ရောင်ရမ်းစေတဲ့ ဓါတ်များထုတ်လွှတ်ခြင်း
၅။ခန္ဓာကိုယ်တွင် အပူများခြင်း
အဲဒီအချက်အလက်တွေပာာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးဖြစ်တက်ပါတယ်။

ပထမ လူပျို၊ အပျိုဖော်ဝင်စမှာ ပောာ်မုန်းအပြောင်းအလဲကြောင့် အဆီဂလင်းတွေကနေပြီး အဆီတွေပိုထွက်လာပါတယ်။ အဲလိုအဆီတွေပိုထွက်တဲ့ အတွက်ကြောင့် အဆီထွက်ဂလင်းတွေရဲ့လမ်းကြောင်းတွေမှာ အဆီတွေစုပုံပြီး အဆီတွေနဲ့ပိတ်သွားပါတယ်။ အဲဒီအတွက်ကြောင့် အဲဒီနေရာပာာ ဖောင်းလာပါတယ်။ အဲဒီနောက်အဲဒီလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုးတွေ ၀င်ရောက်လာပါတယ်။ အဲဒီ ဘက်တီးရီးယားပိုးတွေကို တိုက်ဖျက်ဖို့အတွက် ခန္ဒာကိုယ်ကနေပြီး ရောင်ရမ်းစေတဲ့ဓါတ်တွေ ထုတ်လွှတ်လိုက်ပါတယ်။ အဲဒီအကြောင်းတွေကြောင့် ၀က်ခြံဖောင်းနေရာကနေ ပြည်တည်လာပါတယ်။ ရောင်ရမ်းလာပါတယ်။
အဲဒီအချက်လေးချက်ကနေပြီးတော့ ၀က်ခြံပာာ ဖြစ်ပေါ်လာပါတယ်။ တခြားအချက်အနေနဲ့ ၀က်ခြံပာာ စိတ်လှုပ်ရှားရင်၊ စိတ်ဖိစီးမှုများရင်လည်း ဖြစ်တတ်ပါတယ်။
အထင်မှားနေတဲ့အချက်တစ်ချက်ကတော့ ၀က်ခြံပာာ အစားအသောက်တွေ အထူးသဖြင့် အဆီများတဲ့အစာတွေ၊ ချောကလက်တွေကြောင့်ဖြစ်တတ်တယ်လို့ ထင်နေတာဖြစ်ပါတယ်။ အဲဒီအယူအဆပာာ လုံးဝမှားပါတယ်။ ၀က်ခြံပာာ အစားအသောက်တွေနဲ့လုံးဝ မဆိုင်ပါဘူး။ အစားအသောက်ကြောင့် ၀က်ခြံမဖြစ်ပါဘူး။

အောက်ပါဝက်ခြံပေါက်ခြင်းတွေကို ထူးခြားတဲ့ကိစ္စတွေအနေနဲ့သက်မှတ်ပါတယ်။ အဲဒါတွေကတော့
အရွယ်ရောက်ပြီး အမျိုးသမီးများတွင် ၀က်ခြံပေါက်ခြင်း။ ။ အရွယ်ရောက်ပြီး အမျိုးသမီးဆိုတာ အသက် ၃၀ကျော်အမျိုးသမီးတွေကို ဆိုလိုပါတယ်။ ပုံမှန်ဆိုရင်တော့ အဲဒီအသက်အရွယ်မှာ အမျိုးသမီးတွေမှာ ၀က်ခြံပေါက်တာ မရှိသလောက်ဖြစ်သွားပါပြီ။ ဒါပေမယ့် အဲဒီအသက်အရွယ်မှာ ၀က်ခြံလည်းပေါက်မယ်၊ အမွှေးတွေလည်းထူလာမယ်။ ရာသီလည်းမမှန်ဖြစ်နေမယ်ဆိုရင်တော့ Adrenal gland ကပိုပြီး အလုပ်လုပ်နေတာ ဒါမှမပာုတ် Ovary (သားဥပြွန်) ကနေ Androgen ထွက်နေတာတွေကို စစ်ဆေးသင့်ပါတယ်။
Acne Conglobata။  ။မျက်နှာမှာမပာုတ်ဘဲ ခန္ဒာကိုယ်ပေါ်မှာ အသီးသီးများဖြစ်နေအောင် ၀က်ခြံဖြစ်ခြင်း
Acne fulminans။  ။မိန်းကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။ ရုတ်တရက်ဖြစ်ပါတယ်။အထူးသဖြင့်တော့ မိန်းကလေးငယ်လေးတွေဟာ သူအရွယ်သူ လှချင်ကြပါတယ်။MakeUp များသုံးစွဲခြင်းကို လျှော့သင့်ပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ တစ်ချို့ Makeup တော်တော်များများဟာ မိမိရဲ့ မျက်နှာပြင်နုနုလေးတွေကို ပူလောင်စေပါတယ်။ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကလဲ ပူတဲ့ နိုင်ငံဆိုတော့ တစ်ချို့မိန်းကလေးတွေ အသုံးပြုတဲ့ MakeUp များဟာ မျက်နှာကို ပူလောင်စေပြီး ချွေးများထည့်ပြီး မျက်နှာပေါ်မှာ ရှိတဲ့ ၀က်ခြံတွေကို ပိုမိုများပြားစေတက်ပါတယ်။ ပြည်တည်ပြီး အမြဲလို အနာဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် မစားချင်မသောက်ချင်ဖြစ်ခြင်း၊ နုံးချိနေခြင်း၊ အဖျားတက်ခြင်း၊ အရိုးအဆစ်များကိုက်ခဲနေခြင်း၊ Leukocytosis and elevated ESR တို့ပါဖြစ်တတ်ပါတယ်။

ကုသမှုအနေနဲ့ အဓိကရည်ရွယ်ချက်ကတော့ ပိတ်နေတာတွေကို ရှင်းပစ်ဖို့နဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပစ်ဖို့တို့ဖြစ်ပါတယ်။
သိပ်မဆိုးဘူး(မရောင်နေဘူး)ဆိုရင် လိမ်းဆေးနဲ့တင်လုံလောက်ပါတယ်။
နဲနဲဆိုးရင်(ရောင်ပါတယ်၊ ပြည်နည်းနည်းတည်ပါတယ်) လိမ်းဆေးကို အရင်စမ်းသပ်ပြီး မသက်သာဘူးဆိုရင်တော့ သောက်ဆေးကိုသုံးပါတယ်။
အရမ်းဆိုးရင် (အနာတွေဖြစ်ပါတယ်၊ ပြည်တည်ပါတယ်) ဒီအမျိုးအစားမှာတော့ လိမ်းဆေးရော၊ သောက်ဆေးပါ တွဲပြီး ပေးပါတယ်။

ဝက်ခြံပာာ ဖြစ်ပေါ်တဲ့နေရာမှာ အကြောင်းရင်း ၄ချက်ရှိသလို ကုသတဲ့နေရာမှာလည်း အဲဒီ အချက်တွေကို အဓိထားပြီး ကုသရပါတယ်။
၁။ အဆီပိတ်ဆို့မှုများကို Benzoin peroxide, Tretinoin, Retinoic acid အဲဒါတစ်မျိုးမျိုးနဲ့လိမ်းပြီးဖယ်ရှားရပါမယ်။
၂။ ဘက်တီးရီးယားပိုးတွေ ၀င်ရောက်ခြင်းကို လိမ်းဆေး Clindamycin, E-mycin gel ကိုလိမ်းရပါတယ်။ သောက်ဆေးပိုးသတ်ဆေး Tetracycline 500mg, E-mycin 500mg ကိုတစ်နေ့၂ကြိမ်သောက်ရပါတယ်။ ဒါ့အပြင် Doxycycline, Menocycline, Trimethroprim တို့ကိုလည်းသုံးနိုင်ပါတယ်။
၃။ အဆီထွက်တာလျော့ကျအောင် Ethinyl oestradiol 35micro gm, Isotretinoin တို့ကိုသောက်သုံးနိုင်ပါတယ်။ Oestradiol ကိုယောက်ျားလေးတွေမှာသောက်သုံးမယ်ဆိုရင် သေသေချာချာတိုင်ပင်သင့်ပါတယ်။ သူက မိန်းမပောာ်မုန်းဖြစ်တဲ့အတွက် ယောက်ျားလေးတွေမှာ မလိုလားအပ်တဲ့အခြားဆိုးကျိုးတွေဖြစ်ပေါ်နိုင်လို့ပါ။
၎။  ရောင်ရမ်းခြင်းကို သက်သာစေဖို့အတွက် အထက်မှာဖော်ပြထားတဲ့ Antibiotics နဲ့ Isotretinoin တို့ကပဲပြုလုပ်ပေးပါတယ်။
Antibiotics လိမ်းဆေးနဲ့ Benzoyl peroxide gel တို့ကို နေ့အချိန်မှာလိမ်းပေးရပါတယ်။ Retinoids လိမ်းဆေးတွေကိုတော့ ညပိုင်းမှာလိမ်းပေးရပါတယ်။
ဒါ့အပြင် မျက်နှာကို တစ်နေ့သုံးခါလောက်ပုံမှန်သစ်ပါ။မိမိမျက်နှာကို တွေ့ကရာ ဆေးများလိမ်းခြင်းမှ ရှောင်ကြဉ်ပါ။ ၀က်ခြံကိုလက်ဖြင့် ကုတ်ဖဲ့ခြင်း၊ ညှစ်ခြင်းကို ရှောင်ပါ။ဘာဖြစ်လို့လဲ ဆိုတော့ လက်မှာရှိတဲ့ လက်သည်းလေးတွေ ကြားထဲမှာ ကျွန်တော်တို့ မမြင်နိုင်ရင် ဘက်တီးရီးယားပိုးမွှားလေးတွေ ရှိနေလို့ပါ။အဓိက ကျွန်တော်ပြောချင်တာကတော့ မျက်နှာကို သန့်ရှင်းစွာထားပါ။

ဝက်ခြံရဲ့ဆိုးကျိုးတွေအနေနဲ့
ဖြစ်တဲ့ အရေပြားမှာ အရောင်ဖျော့သွားခြင်း၊ အရောင်ရင့်လာခြင်း၊ အနာတွေဖြစ်ခြင်း၊ အမာရွတ်တွေဖြစ်ပေါ်ခြင်းနဲ့ အရမ်းဆိုးရင် keloid scar လို့ခေါ်တဲ့ မို့မောက်နေတဲ့ အမာရွတ်တွေဖြစ်ပေါ်ခြင်း၊တို့ဖြစ်ပေါ်တတ်ပါတယ်။

ဝက်ခြံဖြစ်ပေါ်ခြင်းနဲ့ ၀က်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို အောက်ပါနည်းလမ်းများနဲ့လည်း ကုသနိုင်ပါတယ်။


•Intra lesional steroids
•Cryotherapy
•Laser therapy
•Dermabrasion
•Chemical skin peeling
•Fillers
ဒါတွေကတော့ Health Care Center တွေမှာသာ သွားရောက်ကုသနိုင်ပါတယ်။
 ကဲ......သူငယ်ချင်းတွေရဲ့ မျက်နှာလေးမှာ ၀က်ခြံလေးတွေ ရှင်းပြီး လှပချောမောတဲ့ မျက်နှာပိုင်ရှင်လေးတွေ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးကို လာလည်ရင်း IT ဗဟုသုတလေးတွေ အပြင် ကျန်းမာရေး ဗဟုသုတလေးတွေ ပါရနိုင်ကြပါစေဗျာ။ကျွန်တော့ IT Bank Site လေးကိုလဲ အားရင် တခြားသူငယ်ချင်းတွေကိုလဲ ဖိတ်ခေါ်ဆွေးနွေးပေးကြပါလို့ တောင်းဆိုပါရစေဗျာ။
From - (လူတိုင်းသိသင့်သော ဆေးပညာ)
                                                                                                                                                                                                                                                                      ကြိုးစားလျက်.......!
                                                                                                                                         (Yekyawphyo) 
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: