Windows 7 သမားများအတွက် မြန်မာ ပြက္ခဒိန် (Destop Gadgets) လေးပါ။

ဒီ တစ်ခါတော့ ကျွန်တော်တို့ Windows 7 သုံးတဲ့ သူတွေ အတွက် မိမိရဲ့ Computer Destop Gadgets လေးမှာ မြန်မာပြက္ခဒိန်လေး အသုံးပြုချင်သောသူတွေ အတွက် ကျွန်တော့ ရဲ့ လက်ဆောင်လေးပါဗျာ။အပေါ်ကပုံလေး အတိုင်း မိမိ Destop လေးမှာရှိနေမှာပါ။ကဲ သူငယ်ချင်းတွေ သဘောကျသွားပြီ မဟုတ်လား။လိုချင်ရင်တော့ ကျွန်တော်က ပေးဖို့ အဆင်သင့်ပါပဲဗျာ။ဒါပေမဲ့ ဒီ ပြက္ခဒိန်လေးရဲ့ အားနည်းချက်လေးကတော့ ကျွန်တော်တို့ Windows 7 သီးသန့်ပဲ သုံးလို့ရမှာ ဖြစ်ပါတယ်ဗျာ။Windows XP / Vista တွေမှာတော့ အလုပ်မလုပ်ပါဘူးဗျ။အဲ့ဒီ အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်ဗျာ။ဒီဟာလေးလေးကို မိမိ စက်မှာ ထည့်သွင်း အသုံးပြုလိုချင် အောက်မှာ ကျွန်တော် Download Link လေးပေးထားပါတယ်ဗျာ။

(ဒီ နေရာလေးမှာ Download ယူသွားလိုက်ပါနော်။)

Download ဆွဲပြီးပါက Rar ဖိုင်ကို ဖြေလိုက်ပါ။အဲ့ဒီ ထဲက ကျွန်တော်ပေးထားတဲ့ Myanmar Calendar.Gadget ဆိုတဲ့ ဖိုင်လေးကို အပြင်ကို ထုတ်လိုက်ပါ။ပြီးပါက အဲ့ဒီ ဖိုင်လေးကို Copy ကူးလိုက်ပါ။နောက်တစ်ဆင့်က Windows+E (သို့) My Computer ကို Click နှိပ်လိုက်ပါ။
1.C:/Program Files/Windows Sidebar/Gadgets ကိုထောက်ပြီး ခုန ကျွန်တော်တို့ Copy ကူးထားတဲ့ ဖိုင်လေးကို Gadgets ဖိုင်လေးမှာ Paste လုပ်လိုက်ပါ။ဒါဆိုပြီးပါ ပြီ။အယ် ပြီးသေးဘူးဗျ။နည်းနည်း ကျန်သေးတယ်။မိမိ Computer Destop ကို Right Click ထောက်လိုက်ပါ။အောက်ကပုံလေး အတိုင်းလေးပါ။
ပြီးရင် Gadgets ဆိုတဲ့ စာတန်းလေးကို Click နှိပ်လိုက်ပါ။Windows 7 မှာ အလှဆင်ထားတဲ့ Gadgets စာမျက်နှာ တစ်ခု တွေ့ရမှာဖြစ်ပါတယ်ဗျာ။အောက်ကပုံလေး အတိုင်းလေးပေါ့ဗျာ။

အဲ့ဒီ မှာ ကျွန်တော်တို့ ခုန က လုပ်ထားတဲ့ မြန်မာပြက္ခဒိန် Gadgets လေးဟာ ရောက်ရှိနေမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒါ လေးကို Click တစ်ချက်နှိပ်လိုက်ပါက ကျွန်တော် ဟိုးအပေါ်ဆုံးက ပုံလေး အတိုင်း မိမိ Computer Destop လေးမှာ မြင်တွေ ရမှာ ဖြစ်ပါတယ်ဗျာ။သိပြီးသား သူတွေများ ရှိနေသေးရင်လဲ တောင်းပန်ပါတယ်ဗျာ။မသိသေးတဲ့ သူတွေ အတွက် ကတော့ ကျွန်တော် စာလေးနဲ့ကော ပုံလေး နဲ့ကော ရှင်းပြပေးထားတဲ့ အတွက် ဘာမှ အခက်အခဲမရှိပဲ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ သုံးရတာ အဆင်ပြေရင် ကျွန်တော် အချိန်ကုန်ခံ ပြီး ရှင်းပြရကျိုးနပ်ပါတယ်ဗျာ။အဆင်ပြေရင် သူငယ်ချင်းတွေ ကိုလဲ လက်တို့လိုက်ဦးနော်။
                                                                                                                                     ကြိုးစားလျက်........!
 (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: