Massage (1)
လွမ်းဆွတ်ခြင်းဆိုတာ ရေရာတဲ့ အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို မျက်ရည်ကျစေအောင် ပေးနိုင်စွမ်းတဲ့ အင်အားတွေဖြစ်တယ်။ "ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံးချစ်နေတာပါပဲ"
Massage (2)
နေကောင်းလားလို့ မေးတိုင်း ဖြေရအောင် ငါက နာတာရှည်ရောဂါသည် မဟုတ်ဘူး။
စားပြီးပြီလားမေးရအောင် အီသီယိုပီးယားမှာ နေတယ်မှတ်နေလား။
နာမည်မေးတိုင်း ဖြေရအောင် နင်က လူဝင်မှု ကြီးကြပ်ရေးကလား။
Massage (3)
ကျောင်းမှန်မှန်တက် ဦးနှောက်ပျက်။
ကျောင်းမှန်မှန်ပြေး ဦးနှောက်အေး။
မှန်မှန်ရေးပါ ရည်းစားစာ။
မိဘစကား ဘေးမှာထား။
ဆရာစကား ဘေးချိတ်ထား။
ချစ်သူစကား တန်ဖိုးထား။
Massage (4)
Life is short!
Break the rules!
Forgive quickly!
Kiss slowly!
Love truly!
Laugh uncontrollably!
And never regret anything that made you smile.
Massage (5)
ကိုယ်ချစ်တဲ့သူကို မမြင်နိုင်တဲ့
အနာတရနဲ့ ဒဏ်ရာတွေ မပေးမိပါစေနဲ့။
Massage (6)
အလှူတကာ အလှူတို့တွင် ရည်းစားအလှူသည် အမြတ်ဆုံး။
ကိုယ့်ရည်းစားကို သူများက ကြားဖြတ်လုဖို့ ကြိုးစားနေတယ်ဆိုရင် ပေးလှူလိုက်ပြီး အမျှအတန်းပေးဝေပါ။
ကိုယ် အသည်းကွဲခံစားရတာများလေ ကုသိုလ်ရလေလေပဲ။
Massage (7)
ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ
ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို
စိတ်ပျက်အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ
အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။
Massage (8)
လူတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့အတွက် စကားလုံးတွေ အများကြီးလိုအပ်နိုင်ပါတယ်။
ဒါပေမယ့် လူတစ်ယောက်ရဲ့ ဘ၀ကိုတော့ စကားတစ်ခွန်းတည်းနဲ့ ပျက်စီးစေနိုင်တယ်။
ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။
Massage (9)
သတိရခြင်းဆိုတာ….
လွတ်လပ်တယ်…၊ တိကျသေချာတယ်…၊ သိုဝှက်ဟန်ဆောင်မှု ကင်းတယ်…၊ ကျယ်ဝန်းတယ်…၊ နက်ရှိုင်းတယ်…၊ အနှောင့်အယှက် ကင်းတယ်…၊ လုံခြုံတယ်…၊ အချက်အလက် ပြည့်စုံတယ်…။
ဒါပေမယ့်…. အထီးကျန်ဆန်တယ်…၊ ၀မ်းနည်းစရာကောင်းတယ်…၊ မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်…။
အဆိုးဆုံးကတော့… တစ်ဖက်သတ်ဆန်တယ်။
Massage (10)
၅၀ % က နင့်ကိုမယုံတာ၊
၃၀ % က ငါ့ကိုယ်ငါမယုံတာ၊
၂၀ % က ငါ့စိတ်နဲ့ နှိုင်းနေတာ...။
ကဲ သူငယ်ချင်းတွေ သဘောကျရင် နောက်ထပ် POst လေးကို ဆက်လက်ဖတ်ရှုအားပေးကြပါလို့ တောင်းဆိုပါရစေဗျာ။သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်........!
(Yekyawphyo)

0 ဦးမှတ်ချက်ပေးသွားပါတယ်။း:
Post a Comment